Is Love Real?? (part 6)

174 12 0
                                    

သင်း - ဟိုလေ ယွန်းကို bff mood နဲ့မေးချင်တာရှိတယ်

ယွန်း - ရတာပေါ့ မေးလေ

သင်း - ဟို အရင်တစ်ယောက်နဲ့က ခံစားချက်က ဘာမှန်းမသိတော့ ကိုယ့်ဘာသာကိုယ် သေချာသိအောင် ဖြတ်လိုက်ကြတာပေါ့ သူငယ်ချင်း ခံစားချက်လား ဘာမှန်းသေချာသိအောင်လို့

ယွန်း - ဟမ် အာ့ဆို ခဏ ဖြတ်ထားတဲ့ သဘောလား

သင်း - ဟုတ်တယ် အဲ့သဘောမျိုး

ယွန်း - အာ့ဆိုလေ သူ့ကို ဦးစားပေးလိုက်ပါ သူနဲ့ အရင်တိုင်ပင် ဆွေးနွေးလိုက် ကိုယ့်အခုခံစားချက်ကလည်း ဘယ်လိုဖြစ်နေတာလဲ ကအစ သေချာသိအောင်လုပ်

သင်း - အခုစိတ်က ညီမလေးစီဘဲ ရောက်နေတာ hehe

ယွန်း - haha သူ့ကို မစဉ်းစားနဲ့ ပထမလူကို ဦးစားပေး သူနဲ့ အဆင်ပြေပြီး သေချာပြီ ပြတ်ပြီ ဆိုမှ သင်းရဲ့ စိတ်ထဲမှာရှိနေတဲ့သူကို ဦးစားပေး

သင်း - ဟုတ် မနက်ဖြန် သူနဲ့ဆွေးနွေးလိုက်ပါမယ်

ယွန်း - အင်း

ယွန်း ရင်နာ"နဲ့ ပထမလူကို ဦးစားပေးပါလို့ ပြောလိုက်တယ် သူတို့သာ မပြတ်ခဲ့ရင် ယွန်းကတတိယလူဖြစ်မှာလေ ယွန်း ကြောက်တယ် သင်းကတော့ ညီမလေးကိုဘဲ စိတ်ရှိနေတယ်ပြောပေမယ့် ယွန်းကြောက်တုန်းဘဲ ယွန်းစိတ်တွေ လေးလံလာတယ် -------

နဒီ - ဟဲ့ အဆင်ပြေလား

ယွန်းလည်း ရှင်းပြလိုက်တယ်

ယွန်း - အဲ့လိုပေါ့ဟာ စိတ်တော့ခုနေတာပေါ့ ကြောက်လည်း ကြောက်တယ်

နဒီ - အရမ်းစိတ်ထဲ မထားပါနဲ့ဟာ သူနင့်ကို သေချာပေါက်ချစ်ပါတယ်ဟာ

ယွန်း - omm ပါ

ဒီလိုနဲ့နောက်နေ့ June 18 ရက်နေ့ သို့ရောက်လာခဲ့တယ် ယွန်း ထုံးစံအတိုင်း အတန်းတက်ပြီး nf ပွတ်နေလိုက်တယ် သင်းကိုတော့ စကားသွားစမပြောခဲ့ဘူး တော်ကြာ သင်းကို ဖိအားပေးသလို ဖြစ်သွားမှာ စိုးရိမ်တာကြောင့်ပါ ----

ညနေ ၃ နာရီခန့်လောက်မှာ

သင်း - ဟိုလေ ဟိုတစ်ယောက်နဲ့က ပြီးသွားပြီ

Is Love Real ??Where stories live. Discover now