Is Love Real ?? (part 5)

173 13 0
                                    

ဒီလိုနဲ့ ၃/၄ ရက်ခန့်ကြာသောအခါ သင်းရဲ့ ဂရုစိုက်မှုတွေကြား ယွန်းဟာ သက်သာလာခဲ့ပါပြီ

သင်း - ဒီနေ့လည်းဆေးသောက်ရင် ဓာတ်ပုံရိုက်ဖို့မမေ့နဲ့နော်

ယွန်း - ဒီနေ့ကမလိုတော့ဘူး ဆေးကရက်ပြည့်သွားပြီ

သင်း - အော်ဟုတ်လား အဲ့တော့ဂရုမစိုက်ရတော့ဘူးပေါ့ သက်သာရဲ့လား

ယွန်း - သက်သာပါတယ် အားနည်းကျန်ခဲ့တာကလွဲလို့ပေါ့

သင်း - အစားများ"စား အဲ့ဒါမှ ဖောင်းနေတဲ့ပါးလေး မကျသွားမှာ

ယွန်း - haha ဟုတ်ပါပြီ

သင်းက ယွန်းရဲ့ ပါးဖောင်းတာကို အရမ်းကြိုက်ပုံရတယ် ယွန်းပုံမြင်တိုင်း ပါးဖောင်းတာကအစ အရင်မြင်ပြီး ပြောတတ်တာ ယွန်းအမှန်ဆို ပါးဖောင်းတာကို မကြိုက်ပါဘူး ဘာဆိုဘာမှ မကြိုက်ခဲ့တာပါ သင်းနဲ့ကြမှ  ယွန်းရဲ့ ပါးဖောင်းတာလေးကို နှစ်သက်တတ်လာခဲ့တယ် ယွန်းကို အလွန်ဆွဲဆောင်နိုင်သူဖြစ်တဲ့ ကောင်မလေးပါလား.........

နဒီ - ဟဲ့ နေကောင်းသွားပြီလား

ယွန်း - အေး covid မဟုတ်လို့ စိတ်မပူပါနဲ့

နဒီ - အေး ဒါနဲ့ နင်နဲ့ ဟိုတစ်ယောက်ကော ဘယ်လိုလဲ

ယွန်း သင်းရဲ့ ဂရုစိုက်မှုတွေ နဲ့ သင်းကပြတ်သွားပြီဖြစ်ကြောင်း ကိုပြောပြလိုက်တယ်

နဒီ - အာ့ဆို နင်ရှေ့ဆက်လို့ရတယ်လေ နင့်မှာ မျှော်လင့်ချက်ရှိတယ်လေ

ယွန်း - ဒါပေမယ့် ငါတို့က သူငယ်ချင်းလေဟာ

နဒီ - ဟဲ့ သူငယ်ချင်းဆိုပေမယ့် သူက နင့်ကို ဒီလောက်ဂရုစိုက်တာ သူနင့်အပေါ် ခံစားချက်မရှိတာ မဖြစ်နိုင်ဘူးဟဲ့

ယွန်း - just bestie ဘဲဆိုရင်ကော ငါရင်နာရမှာ

နဒီ - နင်ရယ် စွန့်စားကြည့်လိုက်ပါ သူနင့်ကို စိတ်ဝင်စားမှုရှိတာ ငါသေချာပေါက်ပြောရဲတယ်

ယွန်း - ဒါပေမယ့် သူကပြတ်တာလည်း မကြာသေးဘူးလေ တော်ကြာ ငါကစနှိုက်ကြော်တယ် လည်း ဖြစ်မှာ စိုးရိမ်သေးတယ် (ယွန်းဟာ over thinking အရမ်းလုပ်တဲ့သူ တစ်ယောက်ပါ အဲ့အတိုင်း ဘဲ အရမ်း ot ဖြစ်ပြီးကြောက်တတ်ပါတယ်)

Is Love Real ??Where stories live. Discover now