Is Love Real ?? (part 16)

80 13 2
                                    

ယွန်းရဲ့ Dark side ကို ဖြစ်ပေါ်စေတဲ့ ပြသာနာတွေ ......

ယွန်းသင်းနဲ့ တွေ့ပြီး အများကြီးပြောင်းလဲသွားပါတယ် အဲ့လို မပြောင်းလဲ ခင်က ယွန်းနဲ့
အတိတ်က ယွန်း.......

ယွန်းက သာမာန် မိန်းကလေး တစ်ယောက်ပါဘဲ ငယ်"တုန်းကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေး မလို့ ဆို့ပြီး ဘိုးလေး ဘွားလေးက အစ အကုန် ချစ်ကြပါတယ် ယွန်းက ငယ်ဘဝကို
အဘိုးအဘွားတို့ လက်ထဲမှာ ကြီးပြင်းလာပါတယ် ဖေဖေက အလုပ်ကိစ္စတွေကြောင့် ရန်ကုန်မှာ မရှိဘူး အမြဲ တစ်ခြားမြို့မှာ နေဖြစ်ပြီး ခွင့်ရရင် ပြန်လာပါတယ် ယွန်း ၅ နှစ်လောက်တည်းက ဖေဖေနဲ့ အတူတူမရှိတော့တာပါ ဖေဖေက ပထမဆုံး ရန်ကုန်ကနေ မန္တလေးမှာ တာဝန်ကျတာပေါ့
ငယ်ငယ်ကတော့ ဖေဖေ့ချစ်ဆုံး သမီးလည်း ဟုတ်သလို ယွန်းလည်း ဖေဖေ့ကို မေမေ့ထက်ပိုချစ်ပါတယ် ဒါပေမယ့် အခုတော့ အရာအားလုံးပြောင်းလဲသွားပြီ.......

ပြီးတော့ ယွန်း မေမေ က ဘဏ်ရဲ့ အကြီးပိုင်း ရာထူးနဲ့ ဘဏ်ကိုစီမံရသူပါ အဲ့ဒါကြောင့် မေမေလည်း မအားခဲ့ပါဘူး အဲ့တော့ ယွန်းက ဘိုးဘိုး ဘွားဘွားတို့နဲ့ပေါ့....

ယွန်းမှာ ၅ နှစ်ငယ်တဲ့ ညီမလေးရှိပါတယ်
ညီမလေး မွေးလာထဲက ယွန်းကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး ယွန်းလည်း ကလေးဘဲရှိသေးတာပါ ဂရုစိုက်တာခံချင်သေးတာပေါ့ ယွန်း ၅နှစ်နဲ့ ယွန်းညီမ မွေးလာတဲ့ချိန်ကစပြီး ယွန်းကို ဘယ်မိသားစုဝင်မှ ယွန်းကို ပွေ့ဖက်နမ်းရှုံ့တာမရှိတော့ပါဘူး  အဲ့ဒါကြောင့် တစ်ခါတစ်လေ သူ့ကို စိတ်တိုမိပါတယ်  ငယ်"က ကလေးအတွေးပေါ့ ကလေးအတွေးဆိုပေမယ့် အဲ့တစ်ချိန်တုန်းက စိတ်ဒဏ်ရာရခဲ့တာပေါ့..အဲ့လိုတွေပေမယ့်လည်း ယွန်းညီမကို ချစ်တယ် မိသားစုထဲမှာ အချစ်ရဆုံး တစ်ယောက်တည်းသူလေး...

ယွန်းရဲ့ ငယ်ဘဝကတော့ သာမာန်ပါဘဲ ယွန်း သူငယ်ချင်းတွေ အရမ်းလိုချင်တယ် သူငယ်ချင်းတွေနဲ့ဆော့ချင်တယ် သူငယ်ချင်းတွေဆီ အိမ်လည်ချင်တယ် အဖော်မက်ခဲ့တာပေါ့
ဒါပေမယ့်လည်း အမေက အဲ့လိုလုပ်တာတွေ မကြိုက်ဘူး ကိုယ့်ဘာသာဘဲ နေခိုင်းတယ် အဲ့တော့ ယွန်းက အပေါင်းအသင်း ကောင်း"မရှိခဲ့ဘူး ရှားပါတယ်

Is Love Real ??Where stories live. Discover now