Is Love Real ?? (part 16)

Start from the beginning
                                    

ယွန်း အပြင်ထွက်ဆော့ဖြစ်ရင်လည်း  အားလုံးထဲမှာ အငယ်ဆုံးမလို့ ယွန်းထက် နည်း"ကြီးတဲ့သူတွေက bully လုပ်တာခံရပါတယ် ဒါပေမယ့်လည်း ယွန်း သူငယ်ချင်းလိုချင်တာကြောင့် ဘာမှ မမှုခဲ့ပါဘူး

ယွန်း သူငယ်တန်းစတက် ကျောင်းကြီးကိုရောက်တဲ့ချိန်မှာလည်း ယွန်းကို ဘယ်သူမှ အဖက်မလုပ်ဘူး အပယ်ခံရတယ် သူငယ်ချင်းမရှိဘူး အဲ့ဒါကြောင့် ဘယ်တော့မှ ကျောင်းတက်ရတာ မပျော်ခဲ့ဘူး ဒါပေမယ့်လည်း ယွန်းမှာ ကြယ်စင်ဆိုတဲ့ သူငယ်ချင်းတော့ရှိခဲ့ပါတယ် အရင်ကဆို အိမ်ပါနီးတော့ အရမ်းရင်းနှီးကြပေမယ့် ကျောင်းပျက်လို့ စာကူးဖို့ဆိုမှသာ ကြယ်စင့်အိမ်ကို လည်ခွင့်ရတာပါ ပုံမှန်ဆို သွားလေ့မရှိဘူး ဒါပေမယ့်နောက် ယွန်းတို့ အိမ်ပြောင်းတော့ ကျောင်းကလွဲရင် မတွေ့ဖြစ်ကြတော့ပေမယ့်လည်း အခုထိတိုင် 11 years friendship ရှိနေပြီလေ....ကျေးဇူးပါ...

တစ်နှစ်ထက် တစ်နှစ် အတန်းတွေ တက်လာပေမယ့် ယွန်းကို ဘယ်သူမှ မခင်ကြဘူး သူတို့က ယွန်းကို အပေါ်ယံနဲ့ လိုသုံးသာ ဆက်ဆံကြတယိ အချို့ကြ ဟားတိုက်တယ် အချို့က bully လုပ်တယ် အထူးသဖြင့် ၂တန်းလောက်ကပေါ့ အဲ့တုန်းကဆို ခဏခဏငိုခဲ့ရတယ် ဒါပေမယ့် အမှတ်မရှိဘူးပြောရမလား ယွန်းစိတ်ထဲ မထားခဲ့ဘူး သူတို့ လိုတိုင်း အသုံးခံသာ ဖြစ်ခဲ့တယ်

ယွန်း ငယ်"က အသားညိုတဲ့ထဲ ပါတယ် အဲ့ဒါကိုလည်း bully တာပေါ့ မှတ်မိသေးတယ် ဆရာမအချစ်တော် ကျောင်းသူတစ်ဖွဲ့ပေါ့ သူတို့ကြိုက်တဲ့ တစ်ယောက်က သူ့ကို မကြိုက်ဘဲ ယွန်းကို ကြိုက်နေလို့တဲ့ ယွန်းကို အသားမည်းတဲ့ ကျွဲမ ဆိုပြီး ဝိုင်းဟားခဲ့တာ

သူတို့ ဖားတာတစ်ချိန်ဘဲရှိတယိ စာမေးပွဲတွေပြီး ယွန်း အဆင့် တစ် ရတဲ့အချိန် သူတို့ ယွန်းရဲ့ အဆင့်နောက်မှာရှိတဲ့အချိန် ယွန်းကို လိုက်ဖားကြတော့တာ အဲ့တစ်ချိန်ဘဲရှိတာပါ......သူတို့ယွန်းအပေါ်ကောင်းတာ.....

ယွန်းရဲ့ ငယ်ကျောင်းဘဝက ဘယ်လိုတောင်ဆိုးလဲဆိုတာ ယွန်းရဲ့ ဂျူနီယာ အတန်းက ကလေးကပါ အကြီးတွေနဲ့ရောပြီး စသလိုလိုနဲ့ ဟားတာပေါ့

Is Love Real ??Where stories live. Discover now