Is Love Real ??(part 15)

Start from the beginning
                                    

ကြယ်စင် - အမလေးဟဲ့ ဒီမှာ လာချစ်နေပါတယ်ဗျို့

ယွန်း - haha နင်ကလည်း...

ယွန်း စိတ်ရင်းအမှန်က စကားတွေကို ကြယ်စင်ဆီမှာ သွားပြောနေမိတယ်.....သင်းနဲ့ ယွန်းရဲ့ တူညီတဲ့ အချက်တွေအများကြီးကြောင့် ယွန်းတစ်ယောက် သင်းအပေါ် တစ်နေ့ထက် တစ်နေ့ ပိုချစ်လာတာက Dark side ကိုပါချစ်တဲ့အထိ ဆိုတာ အမှန်ပါဘဲ သင်းကို ဘယ်လိုနည်းနဲ့မှ လက်မလွှတိချင်ဘူး ယွန်းရဲ့ တန်းဖိုးအရှိဆုံး ပျော်ရွှင်မှု အစစ်ကို သင်းဆီကဘဲ ရတာမလို့ပေါ့....

" ဟူး ......ငါ စိတ်ကို relax လုပ်ပြီး အိပ်တော့မယ် မနက်ကျ အဆင်ပြေမှာပါ.....စိတ်လျော့ မဟုတ်ရင် နင်ခံစားချက်တွေရောပြီး ဘာမှန်းမသိဘဲ အသိစိတိလွတိသွားလိမ့်မယ် မဖြစ်ဘူး" ဆိုကာ ယွန်းရဲ့ ဖုံးကွယ်ထားတဲ့ ဘက်က ဖြစ်တဲ့ ပြသာနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ Dark side ကို အတင်း ဖုံးကွယ်ကာ အနားယူလိုက်တာပေါ့....

ဒါပေမယ့် အဲ့ Dark side က အရမ်း ဖိအားများလာရင် ဘယ်လောက်ဘဲ ဖုံးကွယ်ထားပါစေ ပေါက်ကွဲလာတတ်တာဘဲ မဟုတ်ဘူးလား........

နောက်တစ်နေ့ သင်းနဲ့ ယွန်းတို့ ပုံမှန်ပြန်ဖြစ် ပုံမှန်ကားပြောဖြစ်ကြတယ် ဒါပေမယ့် အဲ့နေ့မှာလည်း ယွန်း ပြသာနာ တစ်ခုကြောင့် ထပ် စိတ်ညစ်နေရတာပေါ့ ဘယ်လို ပြသာနာဘဲရှိနေ" သင်းနဲ့ရှိနေရင် စိတ်ညစ်တာ အကုန် ​ပျောက်သွားလို့ သင်းနဲ့ဘဲ စကားပြောကာ အာရုံလွှဲထားတာပေါ့....

"ဟယ် ငါဘယ်လိုလူမျိုးလဲ test ဖြေတာ gay ပါနေပါလား အမလေး" ရှက်တာဟယ်... နေပါအုံး ရှက်စရာမှ မဟုတ်တာ Gay နေလို့လည်း သင်းကိုဘဲ မျက်လုံးထဲမြင်ပြီး ဘယ် boy မှ မျက်လုံးထဲ မမြင်တော့ဘူးလေ......ဟုတ်သားဘဲ ငါသင်းကိုလည်း ဒါလုပ်ခိုင်းကြည့်အုံးမှ".....

ယွန်း - သင်းရေ ဒါလေး ဖြေကြည့်ပါလား ပြီးရင် ရတဲ့ အဖြေကိုပြကြည့်

သင်း - အရင်ကဖြေသေးတယ် မေးခွန်းတွေမသိတော့ လျှောက်ဖြေထားတာ

ယွန်း - အာ့ဆို အခု သေချာ ဖြေကြည့်လေ မသိရင်မေး ပြောပြမယ်

သင်း - omm

ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ သင်းက အဖြေလေးကို ပို့လာတယ်

Is Love Real ??Where stories live. Discover now