Is Love Real ??(part 15)

Start from the beginning
                                    

ယွန်း - အဲ့လိုသေတာကြီးကို မပြောနဲ့ ယွန်းမကြိုက်ဘူး

ပြီးတော့ သင်းလည်း သူ့အရင်တုန်းက အကြောင်းတွေကို ပြန်ပြောကာ သူ ၉တန်းက ဘယ်လိုဖြစ်ခဲ့တာတွေ ကအစပြောပြခဲ့တယ် ယွန်းကလည်း သင်းကို အဲ့လိုတွေဖြစ်လည်း
ဝမ်းမနည်းအောင် ယုံကြည်ချက်တွေရှိလာအောင် အားပေးခဲ့တယ်

သင်း - အခု ပြတ်ဖို့က ခေါင်းထဲမှာတောင်မရှိပါ...

နှစ်ယောက်လုံး ကိုယ်စီအကြောင်း"နဲ့ long conversation ကြီးဖြစ်ခဲ့ပေမယ့် စကားပြောတာ အဆင်မပြေခဲ့ကြဘူး စကားလုံးတွေက အရင်လိုချိုသာပြီး လှနေတာမျိုးမဟုတိခဲ့ဘူးပေါ့

ယွန်းစိတ်ထဲမှာလည်း ပျော်တာနဲ့ ဝမ်းနည်းတာတွေရောပြီး အသိစိတ်လွတ်မလိုနဲ့ ခံစာချက်တွေရောနေချိန်ပေါ့ အဲ့လိုဖြစ်လည်း ယွန်း အဲ့ခံစားချက်တွေကို ကိုယ့်ဘာသာမြိုသိပ်ပြီး ဟန်ဆောင်နေတာပေါ့.......

ယွန်းကြယ်စင်ဆီသွားပြီး ဖြစ်တာလေးတွေကို ပြောပြလိုက်တယ်...

ယွန်း - ငါမေးလိုက်တယ် သူပြောတဲ့ အဖြေက ငါခန့်မှန်းထားသလို မဟုတ်ပေမယ့် သူ့ Dark side ကို ငါမြင်လိုက်ရတယ် ငါသူ့ Dark side ကို ပါချစ်မိသွားပြီ

ကြယ်စင် - ဟမ် Dark side...ကိုပါ ချစ်တယ်?? နင် လွတ်သွားပြီလား

ယွန်း - မလွတ်ပါဘူးဟ တကယ်ပြောနေတာ သူ့ Dark side က အစ ချစ်သွားတဲ့ အကြောင်းအရင်းက ငါ့ dark side ကလည်း သူ့ပုံစံမလို့ ငါ့ကိုယ်ငါ ပြန်မြင်နေရသလိုမျိုးလေး

ကြယ်စင် - အော် ငါသိပြီ .........

ယွန်း - သူအဲ့လိုဖြစ်လေ ငါ့ကိုယ်ငါ မြင်ယောင်ပြီး သင်းအတွက် အကောင်းဆုံးဖြစ်စေချက်တဲ့ စိတ်က ပေါ်လာတယ် အဲ့ဒါကြောင့် အဲ့လိုချိန်တွေမှာ သူ့ဘေးနားကနေ အမြဲ နေပြီး အားပေးချင်တယ်

ကြယ်စင် - နင် တကယ် ချစ်မိနေပြီဘဲ အဲ့လောက်ချစ်တာတောင် ဟို ရှာပေးရမယ်ဆိုတဲ့ စကားကို ပြောထွက်တယ်နော်

ယွန်း - haha နင်ကလည်း ငါ့သူ့ကို ဒီလောက်အရမ်းချစ်တာ အဲ့တာကို ငါတကယ်ပြောလိုက်တယ်ထင်လို့လား ရှက်ရမ်း"နဲ့ ရှောက်ပြောချလိုက်တာ..... သင်းလို ကောင်မလေးမျိုးကို ငါဘယ်တော့မှ ထပ်ရှာမတွေ့နိုင်တော့ဘူး သင်းက ငါ့အတွက် ဘာနဲ့မှ အစားထိုးလို့မရတဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုဘဲ......

Is Love Real ??Where stories live. Discover now