Is Love Real?? (part14)

Start from the beginning
                                    

ယွန်း - အော် ဘာမှမဖြစ်ပါဘူးဆို ယွန်းပြောတယ်လေ ပြီးတော့ ဒါ သင်း သဝန်တိုတာ ပထမဆုံးသိလား ချစ်စရာလေး ...

သင်း -ညက စိတိလွတ်သွားသလိုဖြစ်သွားတာ ဘာမှမဟုတ်တော့ပါဘူး စိတ်ထဲ မထားနဲ့တော့

ယွန်း - ဟုတ်"

သင်းကရှက်နေသလိုလိုဖြစ် နေတာကြောင့် ယွန်းလည်း ဆက်မပြောဘဲ ထားလိုက်တော့တယ်

-------------------------------------------

ယွန်း - ငါဝမ်းနည်းတာရော ပျော်တာရော ဖြစ်နေတယ်သိလား

ကြယ်စင် - ဘာဖြစ်လို့လဲ

ယွန်းလည်း ဖြစ်ကြောင်းကို အကုန်ရှင်းပြလိုက်တယ်

ယွန်း - ငါကိုယ်က တုံးတာ သတိမထားမိဘူး ပြီးတော့ သင်းကိုလည်း သဝန်တိုတတ်လိမ့်မယ်လို့ လုံးဝမထင်ထားတာ

ကြယ်စင် - အေးပါ နင်မသိလို့ဖြစ်သွားတာဘဲ တမင်မှမဟုတ်တာ နောက်ဆင်ခြင်ပေါ့ ပြီးတော့ လူတိုင်းက ကိုယ်အရမ်းချစ်တဲ့သူပေါ်ဆို သဝန်တိုတတ်ကြတယ် နင့်ကိုယ်နင်ပြန်ကြည့်လေ နင်သင်းအပေါ် အရမ်းသဝန်မတိုဘူးလား

ယွန်း - အေးတိုတယ်

ကြယ်စင် - အဲ့လိုဘဲ သင်းလည်း သဝန်တိုတာပေါ့

ယွန်း - အာ့ဆို သင်းက ငါ့ကို အရမ်းချစ်တယ်ပေါ့ ပျော်လိုက်တာ ဟီး" အခုလို သင်း သဝန်တိုတာ ခံရတာ ပထမဆုံးသိလား
တစ်ခြားသူတွေ မနာလိုပြီး သဝန်တိုတာအများကြီးခံရပေမယ့် အခုလိုမျိုး ချစ်လို့ သဝန်တိုခံရတာ ပထမဆုံးဘဲ

ကြယ်စင် - အယ်မယ် ငှဲ""" တကယ်??

ယွန်း - တကယ်ဟ အရမ်းသဘောကျတာဘဲ ပျော်မိတယ် ပြီးတော့ ငါ့အမေကိုယ်တိုင်ကလည်း ပြောဖူးတယ် ကိုယ့်ကို ချစ်တယ်ဆိုပြီး အလွယ်ပြောပြီး အလွယ်လေးလုပ်သွားတဲ့သူတွေ အများကြီးရှိတယ် ပြီးတာချစ်တာတောင် အမျိုးမျိုးရှိတယ် ကိုယ့်ကို supporting ပေးတဲ့သူ ကိုယ့်ဘေးနားမှာအမြဲရှိနေပေးတဲ့သူ ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူက ချစ်တာနဲ့ ချစ်တယ်ဆိုပြီးပြောပြီး အဲ့လိုတစ်ခုမှမလုပ်ပေးတဲ့သူ နဲ့ အများကြီးကွာတယ်တဲ့
အဲ့ဒါကြောင့် ငါအဲ့တာကို ကြားတဲ့ချိန်မှာ ပထမဆုံးတန်းမြင်မိတာ သင်းဘဲ ငါမပြောဘဲနဲ့ ငါလိုအပ်နေတဲ့ ဘယ်အချိန်မဆို အမြဲ supporting ပေးခဲ့တာ အဲ့ဒါကြောင့် ငါသင်းကို အရမ်းချစ်တယ် သူ့ကို ငါ့မိန်းမအဖြစ်တောင်သတ်မှတ်ထားတာ ဟီး"

Is Love Real ??Where stories live. Discover now