အပိုင်း - (၅)

Start from the beginning
                                    

နေးလက်ျာဆီက အဖြေစကား ကြားလိုက်ရတော့ လျှန့်အသိစိတ်တွေ တုန်လှုပ်သွားသလို တစ်ဆက်တည်းမှာပဲ လျှန့်ရဲ့ dark side အချို့လည်း ပြန်လည်နိုးထလာခဲ့သည်။ လျှန်က နတ်ဆိုးတစ်ကောင်လိုပဲ နှုတ်ခမ်းတစ်ဖက်တွန့်ရုံသာ ပြုံးလိုက်ရင်း နေးလက်ျာနဲ့ အနီးဆုံး အနေအထားရောက်အောင် တိုးသွားလိုက်သည်။

" ခင်ဗျား ဒါ ဘာလုပ်တာလဲ "

" ဆိုင်သူဟာ ပိုင်သူမဖြစ်သရွေ့ ကိုယ် မင်းကို ကြိုးစားခွင့်ရှိတယ် "

" ခင်ဗျား ရူးသွားတာလား "

" အဟင်း!! ကိုယ် ရူးခဲ့ရင်တောင် မင်းကိုချစ်မိသွားလို့ ရူးတဲ့အချစ်ရူးပဲ ဖြစ်လိမ့်မယ်ထင်တယ် "

" ခင်ဗျားနဲ့ စကားဆက်ပြောနေစရာ ဘာအကြောင်းမှမရှိတော့ဘူး ကျွန်တော့်ကို ခွင့်ပြုပါဦး "

နေးရဲ့သည်းခံစိတ်တို့က နောက်ဆုံးအဆင့်ကို ရောက်လို့သွားပြီမို့ မျက်စိရှေ့ကလူကို တွန်းဖယ်လိုက်ပြီး လေးလေးတို့ဝိုင်းကို ထွက်သွားဖို့ပြင်လိုက်သည်။

" မင်း အခုလို ရှောင်ထွက်သွားလည်း ကိုယ် လက်လျှော့မှာမဟုတ်ဘူး.. see you coming soon "

လျှန်နဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ထွက်သွားဖို့ပြင်နေတဲ့ ကောင်ငယ်လေးကို လျှန် ခေါင်းငဲ့စောင်းပြီး ပြောလိုက်တော့ မျက်ခုံးတန်းနှစ်သွယ်ကို စုဆုံလုမတတ် ချိုးလို့ထားပြီး အံတင်းတင်းကြိတ်ကာ လျှန့်ကို ပြန်မော့ကြည့်လာသည်။ လျှန့်ကလည်း နှုတ်ခမ်းတစ်ဖက်ကို ကွေးညွှတ်သွားအောင် ပြုံးလိုက်ရင်း မျက်စိတစ်ဖက်မှိတ်ပြကာ ထိုနေရာကနေ အရင်ဆုံး လှည့်ထွက်လာခဲ့သည်။

လျှန် ထွက်သွားတော့ ရိုး နဲ့ ဝေယံလည်း အနောက်ကနေ အမြန်လိုက်ဆင်းလာခဲ့ရသည်။ ရိုးကတော့ ဦးနော်ကို လက်ပြပြီးသာ သွားပြီဆိုတဲ့သဘောနဲ့ နှုတ်ဆက်ခဲ့ရသည်။ ဦးနော်ကလည်း အခြေအနေကို အကြမ်းဖျင်းလောက် နားလည်သဘောပေါက်သည်မို့ ရိုးတို့ကို ခေါင်းညိတ်ပြီး အသိအမှတ်ပြုလာသည်။

" ဘုံလျှန် မင်း အဆင်ပြေရဲ့လား "

လမ်းမကြီးထက်မှာ ကားကဦးတည်ရာမဲ့ ပြေးလွှာလို့နေသည်။ အလာတုန်းက အခြေအနေနဲ့ ဆန့်ကျင်စွာပင် လျှန် က ငြိမ်ချက်သား ကောင်းနေသည်ကြောင့် ရိုး ကားမောင်းနေရင်းနဲ့ လှည့်မေးလာသည်။ ဝေယံသော်ကလည်း အနောက်ခုံမှာထိုင်ရင်း ရိုးကို မျက်နှာရိပ် မျက်နှာကဲပြကာ အခြေအနေကို ထောက်လှမ်းလို့နေသည်။

My Beautiful SPOUSEWhere stories live. Discover now