အပိုင်း - (၄)

Start from the beginning
                                    

တကယ်တော့ နေး အခုနေနေတဲ့ အိမ်နဲ့ခြံက မေမေနဲ့လေးလေးတို့နှစ်ယောက်ပိုင်တဲ့ အမွေဆိုင်ခြံကြီးဖြစ်သည်။ လေးလေးကလည်း တစ်ယောက်တည်းသမားဖြစ်တဲ့အပြင် မေမေတို့ကလည်း မရှိတော့တာကြောင့် နောက်ဆုံးတော့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တဲ့ သူ့ဆီကို ရောက်လာခဲ့ခြင်းဖြစ်သည်။

နေး အသက်နှစ်ဆယ်ပြည့်တဲ့နေ့မှာပဲ လေးလေးက ဒီခြံကို နေး လက်ထဲထည့်ပေးခဲ့ပြီး သူကတော့ သူ ငယ်ငယ်လေးကတည်းက ရည်ရွယ်ထားတဲ့ အရာတစ်ခုကို အကောင်အထည်ဖော်နေပြီဖြစ်သည်။

" ဖုန်းကိုင်ပြီး ဘာဖြစ်သွားတာလဲ "

လေးလေးအကြောင်း စဉ်းစားမိပြီး နေးအတွေးလွန်သွားတော့ ဂရင်းက နေးမျက်နှာရှေ့ကို လက်ဝှေ့ရမ်းပြီး စကားစ,လာသည်။ နေး ခေါင်းအသာရမ်းပြလိုက်ပြီး ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်သည်။ ဂရင်းကတော့ ' ဘာဖြစ်သွားတာလဲ ' ဆိုတဲ့ သဘောမျိုးနဲ့ မေးဆတ်ပြသည်။

" လေးလေးက ဘာကိစ္စရှိလို့ ဘားကိုခေါ်တာလဲ... ပြောစရာရှိရင် အိမ်လာခဲ့လည်း ရတာပဲကို "

" လက်ျာလေးကို ကောင်လေးတစ်ယောက်နဲ့ တွေ့ခိုင်းစရာရှိလို့တဲ့ "

" ပေါက်ကရတွေ ပြောမနေနဲ့... ဂရင်း "

" အလိုလေး... ပေါက်ကရတွေပဲ ဖြစ်ရသေးတယ်... ဦးနော်က အဲ့လိုပြောခိုင်းလိုက်တာပါနော်... နေးနေးနဲ့အတူ ည ရှစ်နာရီလောက်ကျရင် ဘားကိုလာခဲ့တဲ့... ကောင်လေးတစ်ယောက်နဲ့ တွေ့ပေးစရာရှိလို့တဲ့...

အပိုအလိုတစ်လုံးမှ မပါဘူး... မှာတဲ့အတိုင်းပဲ ပြောပြတာ ... သွားတာ မသွားတာကတော့ ရှင်လေးရဲ့သဘော... ဂရင်းကတော့ ဦးနော်ကို ကြောက်လို့သွားမှာ "

လေးလေးကိုကြောက်တာနည်းနည်း ဘားကိုသွားချင်တာများများ ဖြစ်နေတဲ့ဂရင်းကြောင့် နေး မျက်မှောင်ကြုံ့ပြီးသာ ဂရင်းကိုကြည့်နေမိသည်။ ဂရင်းကတော့ နေးကိုဂရုမစိုက်ပဲ ' ဘားသွားရင်ဝတ်ဖို့ အင်္ကျီသွားရွေးလိုက်ဦးမယ် ' ဆိုကာ အောက်ထပ်ကို ပြန်ဆင်းသွားတော့သည်။

>>>>>>>>>>

အမိုးဖွင့်ထားတဲ့ Mercedes car အနက်ရောင်တစ်စီးက လမ်းမကျယ်ကြီးထက်မှာ အရှိန်နှုန်းတစ်ခုနဲ့ မောင်းနှင်နေသည်။ ကားမောင်းသူနေရာမှာ ရှိနေတဲ့အမျိုးသားက အောက်ခံတီရှပ်အညိုရောင်ကို အပေါ်က leather jacket အနက်ရောင် ထပ်ဝတ်ထားပြီး jean black pant နဲ့ တွဲဝတ်ထားသည်။

My Beautiful SPOUSEWhere stories live. Discover now