Is Love Real ??(part 9)

Start from the beginning
                                    

သင်းက ယွန်းရဲ့ သူငယ်ချင်းတွေနဲ့ friend မဖြစ်ထားတော့ ဒါတွေကိုတော့ သင်းမမြင်ဖူးပေါ့ အဲ့ဒါကြောင့်သင်းကို ယွန်းခေါ်ချင်တဲ့ပုံစံလေးနဲ့ မရှက်ဘဲကြိုက်သလိုခေါ်ပြီး ကြိုက်သလိုပြောနိုင်တာပေါ့ ဥပမာ ငါ့အပိုင်တို့ ငါ့မမတို့ ငါ့ချစ်သူလေး ငါ့ကောင်မလေး ငါ့ခလေးဆိုးလေးတို့ ဘာညာ အကုန်ပြောဖြစ်ပါတယ် အဲ့လိုတွေပြောဖြစ်ပေမယ့် သင်းအရှေ့မှာတော့ တစ်ခါမှ မခေါ်ဖူးဘူး ရှက်လို့ပါ သင်းက ရည်းစားဦးလေးဆိုတော့လည်း ခေါ်ဖို့က အသစ်အဆန်းဖြစ်နေပြီး အရမ်းရှက်မိတာပေါ့

ဒီလိုနဲ့ တစ်နေ့ ယွန်း သင်း acc ကို တစ်ခုလုပ်လိုက်ပါတယ်--

See first ဖြစ်တဲ့ favorite ဆိုတဲ့အရာလေးပေါ့ ယွန်းက see first လုပ်တယ်ဆိုတာ တအားရှားပါးတယ် idol တွေရဲ့သာမာန် acc တောင် see first မလုပ်ပါဘူး ကိုယ်ကြိုက်တဲ့ page တွေကိုသာ see first လုပ်လေ့ရှိတာပါ သင်းကတော့ ချွင်းချွက်အနေနဲ့ page မဟုတ်ဘဲ သာမာန် acc လေးဖြစ်ရက်နဲ့ ယွန်းရဲ့ favorite see first list ထဲပါနေခဲ့တာပေါ့---

အဲ့ see first ကြောင့် သင်း က translator friend တွေထဲ မန့်ဝင်ရေးတာတို့ သင်းကို ဘယ်သူတွေ post tag တာတို့ ဘာ post share တာတို့က အစ noti တက်ပြီး အမြဲထိပ်ဆုံးမှာမြင်ရတာပေါ့

သင်းကလည်း translator friends တွေနဲ့ post တော်"များ"မှာ မန့်တာတို့တွေ့နေရတာပေါ့ ယွန်းနဲ့ပက်သက်ပြီး ment တာတွေလည်းရှိတယ် ဘယ်လောက်ချစ်တယ် ဘာညာတို့ စရင်းနဲ့ မန့်ကြတာပေါ့ အဲ့တာတွေအကုန် အသေးစိတိကအစ ယွန်းသိနေခဲ့ပါတယ် ဘယ်သူ့ဆီမှာ ဘယ်လိုမန့် ဘယ်နှစ်ခုမန့်တယ်ဆိုတာက အစပေါ့ အဲ့လိုမန့်လေးတွေမြင်ရင် ယွန်း ss ယူပြီးသိမ်းထားမိတယ် တစ်ခါတစ်လေကြ ကြယ်စင်ဆီလာပြီး ဘယ်လောက်ပျော်ရကြောင်း ရင်ဖွင့်မိတယ်

ယွန်းကဒီလိုတွေလုပ် ဒီလိုတွေသိတယ်ဆိုတာကိုတော့ သင်းသိမယ်မထင်ပါ ဘာလို့ဆို ယွန်း သင်းကိုမပြောဖစ်ခဲ့ဘူး ရှက်လို့ပါ translator တွေနဲ့လည်းမရင်းနှီးတော့ ဝင်မပြောရဲခဲ့ဘူးပေါ့ မသိသလိုဘဲ ဟန်ဆောင်ကာ နေ"မိတာပေါ့ ပြောရရင် ဟန်ဆောင်ကောင်းတာပေါ့

ဒါပေမယ့် တစ်ခုက "သင်းကဘယ်လိုဘဲလုပ်"ဘာဘဲဖြစ်နေ" ပါးစပ်ကနေဖွင့်ပြီး မပြောတတ်အောင်အရမ်းချစ်တယ်ဆိုတာပါဘဲ"

Is Love Real ??Where stories live. Discover now