Chapter (66-3)_ မင်းကြီးရဲ့ရည်ရွယ်ချက် အမှန်....

13.8K 2.2K 22
                                    


Chapter (66-3)_ မင်းကြီးရဲ့ရည်ရွယ်ချက် အမှန်....

"ကျွန်တော် ဖတ်ပြီးပါပြီ"

ရွှီချန်အန်းက  တအုပ်လုံး ကုန်အောင်ဖတ်ပြီးနောက် သူ့စာအုပ်ကို ရှောင်ချင်းယန့်ကို ကမ်းပေးကာ သူ့ကိုစတင်စမ်းသပ်ဖို့ စောင့်နေတယ်။ သူ မျှော်လင့်ထားသည့်အတိုင်း ရှောင်ချင်းယန့် သည်  စာမျက်နှာများကို လှန်ကာ သူ အလိုရှိရာ ဖွင့်ကာ မေးခွန်းမျိုးစုံ မေးလာသည်။

ဥပမာအားဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ရောဂါလက္ခဏာအမျိုးမျိုးအတွက် ဘယ်လိုကုသမှုမျိုးလိုအပ်သလဲ၊ အဲဒါတွေက ရောဂါဖြစ်စေတဲ့ အကြောင်းရင်း အများစုကိုဖော်ပြထားတာဖြစ်သည်။ အဲ့ဒါတွေက ရိုးရိုးနှင့်သာမန်ရောဂါများသာ ဖြစ်သော်လည်း ရွှီချန်အန်း သည်ဆေးပညာကို မလေ့လာဖူးသူဖြစ်သည်။ သူက  စာအုပ်ပါအကြောင်းအရာများကို မမှတ်မိလျှင် သေချာပေါက်မဖြေနိုင်ပေ။

တစ်ယောက်ကမေးတယ်၊ တစ်ယောက်ကဖြေတယ်။

ရှောင်ချင်းယန့်က စိတ်တိုင်းကျမေးပြီးနောက် စာအုပ်ကိုပိတ်လိုက်သည်။ သူက ကျေနပ်စွာပြုံးကာ ပြောလိုက် သည်။

" အစပိုင်းမှာ မင်းရဲ့ဒီလို အတီးအတ ပုံစံနဲ့ မင်း အောင်မြင်ခဲ့တဲ့ စာမေးပွဲ အရည်ချင်းကို ငါ ဘယ်လိုမှ ယှဉ်တွဲမမြင်ခဲ့ဘူး။  ဒါပေမယ့် အခုတော့ ငါ အဲဒါကို တကယ်နားလည်နိုင်သွားပြီ။ တာ့ရှောင်ပြည်ရဲ့ သုံးနှစ်တကြိမ်ကျင်းပတဲ့ တော်ဝင် နန်းတွင်း ပညာရှိ စာမေးပွဲက အကြောင်းရာပေါင်းစုံကို ကောက်နူတ်ပြီး ဘာကြောင့်ေ မးရတယ်ဆိုတာ ငါ ကောင်းကောင်းသိသွားပြီ။   မင်းရဲ့ တခါမြင်တာနဲ့ မမေ့နိုင်တဲ့စွမ်းရည်နဲ့ မင်းက စာမေးပွဲမှာ ပထမ အဆင့်နဲ့ နှစ်ကြိမ်တိတိ အောင်မြင်ခဲ့တာ သဘာဝကျပါတယ်။ "

 ဒါပေမယ့် သူ စာပေကို ပြန်လေ့လာနိုင်ရင်တောင် သူက ငတုံးလေး ဖြစ်နေတုန်းဘဲ! ဒီလိုမှမဟုတ်ရင် သူက ခုလို ဆိုးဝါးစွာအနိုင်ကျင့်ခံရပါ့မလဲ။

ရွှီချန်အန်း က ရှောင်ချင်းယန့်ရဲ့ စိတ်ထဲမှာ ဘာတွေးနေတယ်ဆိုတာ မသိခဲ့ပေမဲ့ အခုတော့ တော်တော်ဂုဏ်ယူနေမိပြီ။ သူက ဂုဏ်ယူတဲ့မျက်နှာနဲ့ပြောလိုက်သည်။
"အခု ကျွန်တော့်ကို ယုံပြီလား။ ကျွန်တော် အမှားမလုပ်နိုင်ပါဘူးလို့ ပြောပါတယ်  "

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now