Chapter (37-1)_ ဝမ်ဖေးနှင့် ဝမ်ရယ်ကို ရန်တိုက်ပေးတဲ့ နန်ရှီး

14.8K 2.5K 55
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးႀကပါ)


Chapter (37-1)_ ဝမ်ဖေးနှင့် ဝမ်ရယ်ကို ရန်တိုက်ပေးတဲ့ နန်ရှီး



"ဝမ်ဖေးက ဘာပြောလိုက်တာတဲ့လဲ။ မလာဘူးလို့ တိုက်ရိုက် ပြောခဲ့တာလား။"

နန်ရှီးသည် အိပ်ရာထက်တွင် အားနွဲ့စွာ လဲလျောင်းနေရင်း ပြန်လာသည့် အစေခံမလေးကို မေးလိုက်သည်။  သူမရဲ့ကိုယ်မှာ ဘယ်မှာ ဒဏ်ရာရပြီး ဘယ်လို နေလို့မကောင်းသည်ကို ပြောလို့ခက်ပေမယ့် သူမရဲ့မျက်နှာလေးက ဖြူဖျော့လို့နေသည်။

 "မမလေး ဝမ်ဖေးက သူ့ခြံထဲမှာ လုပ်စရာလေးရှိလို့ပဲပြောခဲ့ပါတယ်။ အချိန်ရရင် မမလေးကို လာကြည့်ပါဦးမယ်တဲ့။ ဒါပေမယ့်  ကျွန်တော်မျိုးမအမြင်တော့ ဝမ်ဖေးက တကယ်တမ်း လုပ်စရာမရှိလောက်ပါဘူး။ မမလေးကို တမင်လာမတွေ့ချင်လို့ သက်သက်ဆင်ခြေပေးတာလို့ ထင်ပါတယ်။ ဝမ်ရယ်က မမလေးကို ဂရုစိုက်ပြီး မျက်နှာသာပေးလို့ ဝမ်ဖေးက သဝန်တိုနေလို့ လာမတွေ့နိုင်တာ ဖြစ်ရမယ်..."

အစေခံမလေးက သူမ ခစားနေရသည့် နန်ရှီးမိန်းကလေးရဲ့မျက်နှာထားကို ကြည့်ကာ သာသာထိုးထိုးလေး ပြောလိုက်သည်။
ဝမ်ဖေးက ဒီအိမ်တော်ကြီးရဲ့ အရှင်သခင် နှစ်ပါးထဲက တစ်ပါးဆိုတာ သိပေမယ့် သူမအတွက် သူမရှေ့က နန်ရှီးမိန်းကလေးသာလျှင် သူမရဲ့ သခင်မ အစစ်ဖြစ်သည်။

ထိုအစေခံမလေးက နန်ရှီးမမလေးက စိတ်ဆိုးသည့် အမူယာမတွေ့တော့ ရဲတင်းလာပြီး ထပ်မံလျှောက်ထားလိုက်သည်။
 
" မမလေးက အခုမှ ရှန်ဝမ်အိမ်တော်ကို ရောက်လာလို့ မသိသေးတာပါ။ ဝမ်ရယ့်က လက်ထပ်ထားတဲ့ တရားဝင် ဇနီးနဲ့ ကိုယ်လုပ်တော် စီ့ဖေးနှစ်ပါးရှိပေမယ့် တကယ်တော့ ဘယ်သူမှ ဝမ်ရယ်ရဲ့ စိတ်နှလုံးကို မဖမ်းဆုပ်နိုင်ကြသေးပါဘူး။ နန်းတော်က ပို့ထားတဲ့သီးသန့်သုံး အစေခံနှစ်ယောက်လည်း ရောက်တာကြာနေပေမယ့် အခုထိ ဝမ်ရယ်ကို အိပ်ယာထဲမှာ မခစားရသေးဘူး။ လတ်တလော လက်ထပ်ထားတဲ့ စီ့ဖေးတွေလည်း ဝမ်ရယ်နဲ့ မင်္ဂလာခန်းကို မဝင်ရသေးဘူး။ ဝမ်ရယ်က ဝမ်ဖေးရဲ့ အဆောင်မှာ ညအိပ်တယ်ဆိုပေတယ့် အိပ်ရုံသက်သက်ပဲတဲ့။ ဝမ်ရယ်နဲ့ ဝမ်ဖေးကြားထဲ ဘာမှ ပတ်သတ်မှု မရှိဘူးလို့ ကျွန်တော်မျိုးမ ကြားသိခဲ့တယ်။   "

 
ရှန်ဝမ်အိမ်တော်ရှိ အစေခံတိုင်းက အနောက်ဆောင်မှ အမျိုးသမီးများအပေါ် ဝမ်ရယ်က အေးစက်စွာ ဆက်ဆံသည်ကို ကျင့်သားရနေဟန်တူသည်။ အခု မမလေး နန်ရှီးရောက်လာပြီးမှ ဝမ်ရယ်က သည်းသည်းလှုပ် အရိပ်တကြည့်ကြည့်လုပ်နေသည်ကိုတွေ့တော့ ဒီမမလေးနန်ရှီးက ဝမ်ရယ်၏ အသည်းနှလုံးကို ဆုပ်ယူသွားနိုင်ပြီဟု ထင်နေကြသည်။ မမလေးနန်ရှီးရဲ့နောက်ခံကို အစေခံအများစုက သံသယဝင်ကြပေမယ့်  သူမအပေါ်တွင် သေချာ ဂရုစိုက်ကာ ခစားပြုစုသွားရန် လက်ရှိ နန်ရှီးကိုပေးထားသည့် အစေခံမလေးက ဆုံးဖြတ်ထားသည်။  

"ဒီကောင်မလေးတွေနဲ့တော့ ခက်တာပါပဲ... မမလေးက အနောက်ဆောင် အတွင်းရေးတွေကို မမေးပါဘူးကွယ်။ ဘာလို့ လျှောက်ပြောနေရတာလဲ။ မမလေးက နေမကောင်းသလိုဖြစ်လို့ သမားတော်ကို ဘယ်က ပင့်ရမလဲလို့ ဝမ်ဖေးကို မေးချင်လို့ပါကွယ်။ အခုတော့ ဝမ်ဖေးမလာတော့ သမားတော်ပင့်ဖို့ အိမ်တော်ထဲက ဘယ်သူ့ကို အကြောင်းကြားရတော့မလဲကွယ်..."  

နန်ရှီး၏ မျက်နှာအရောင်က ဖျော့တော့ပေမယ့် သူမက အခုလို လေသံငြိမ်ငြိမ်နှင့် စကားတွေကို ပြောလာတော့ နေမကောင်းသည့် လူမမာ ပုံမပေါက်ပေ။
 
အစေခံမလေးက သူမရဲ့ သခင်မ အသစ်ရှေ့တွင် သူမ လုပ်နိုင်စွမ်းကို ပြသဖို့ ချောင်းနေသူပီပီ သခင်မလေး အခုလို အရိပ်အခြည်ပြကာ  ပြောတော့ သူမအတွက် အခွင့်ကောင်းပေါ်ပြီဟု ယူဆလိုက်သည်။ သူက နန်းရှီးမမလေးကို ခဏစောင့်ပေးရန်၊ စိတ်မပူရန် မှာကြားခဲ့ပြီး ထိုခြံဝင်းထဲကနေ အပြင်ကို အမြန်ပြေးထွက်လာခဲ့သည်။

 ရှောင်ချင်းယန့်က သူ ဒဏ်ရာရထားသည်ကို အကြောင်းပြပြီး မနက်ခင်း ညီလာခံမတက်ပဲ အိမ်တော်မှာပဲ နေနေသည်။ စာဖတ်ခန်းထဲမှာရှိနေစဉ် အပြင်ဘက်မှ ဆူညံသံကြားလို့ သူ၏အရှေ့ရှိ ပစ္စည်းများကို သိမ်းဆည်းလိုက်ကာ  ေစောင့်နေသော လက်စွဲတော် အစေခံ ကျူးချွမ်ကို ဘာဖြစ်နေသလဲဆိုတာ ကြည့်ခိုင်းလိုက်သည်။

ကျူးချွမ် အပြင်ထွက်လာတာကိုမြင်သည်နှင့် ဘာမှမပြောရသေးခင် အစေခံမလေးတစ်ယောက်က ကယ်တင်ရှင်ကိုတွေ့သလို  ချက်ချင်း ကျူးချွမ်၏ရှေ့တွင် ဒူးထောက်ကာ ကျယ်လောင်စွာ တောင်းဆိုလိုက်သည်။
   
"အိမ်တော်ထိန်း ကျူး...ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို  ဝမ်ရယ်နဲ့တွေ့ခွင့်ပေးပါ။ မမလေး နန်ရှီး  ရုတ်တရက် နေမကောင်းဖြစ်လာလို့ ဝမ်ဖေးကို သွားရှာပေမယ့် ဝမ်ဖေးနဲ့တွေ့ခွင့် မရခဲ့ပါဘူး။ အခု မမလေး အရမ်းကို နာကျင်ခံစားနေရလို့ မြန်မြန်လေး သွားကြည့်ပေးပါလို့ ဝမ်ရယ့်ကို တောင်းပန်ပါတယ်"  

ထိုအစေခံမလေး ဒူးထောက်လိုက်ချိန်က သူမ၏မျက်နှာက ပုံမှန်ဖြစ်ပေမယ့် စကားပြောပြီး ခေါင်းမော့လိုက်စဉ် မျက်နှာတစ်ခုလုံး မျက်ရည်တွေ ရွဲလို့နေသည်။

ပထမက ကျူးချွမ်က ကူညီပေးရန်ပြင်ပေမယ့် အစေခံမလေး၏ မူယာမာယာများသည့် ပုံစံကိုတွေ့လိုက်ရစဉ်  သူ့အဖေ ပြောပြသည့် အပြောင်းလဲမြန်ပြီး မာယာများသည့် လူအကြောင်းကို သတိရကာ ကူညီချင်စိတ်ပျောက်သွားခဲ့သည်။ မာယာများသည့်လူတွေက မျက်နှာနှစ်မျိုးရှိကာ အပြောတမျိုး အလုပ်တမျိုးနှင့် ကောက်ကျစ်ဉာဏ်များသူများဖြစ်သည်၊ ဒီလူတွေနဲ့ ဆက်ဆံရင် သတိထားရမည်ဟု သူ့အဖေက သတိပေးခဲ့သည်။
 "ရပြီ..တော်ပြီ။ မင်းက ဘာကြောင့် လာငိုနေရတာလဲ။ ဒီအိမ်တော်မှာ  ဝမ်ရယ်နဲ့ ဝမ်ဖေးအရှင်နှစ်ပါးရှိတယ်။ အရှင်နှစ်ပါးလုံးက နေကောင်းကျန်းမာနေပါလျက် မင်းက ဘယ်သူ့အတွက် ငိုနေရတာလဲ..."  

ကျူးချွမ်၏မျက်နှာထက်တွင် စိတ်မရှည်ရိပ်တွေ ပေါ်လာခဲ့ပေမယ့် စိတ်ထဲတွင်တော့ နည်းနည်းစိုးရိမ်နေမိသည်။ ဝမ်ရယ်က နန်ရှီးမိန်းကလေးကို အတော် ဂရုစိုက်သဖြင့် ဒီနေ့   ဒီကိစ္စနှင့်ပတ်သက်ပြီး ဝမ်ဖေးအပေါ်မှာ ဒေါသထွက်ကာ အပြစ်တင်ရင် ဝမ်ဖေး ဘယ်လိုမှ ပြန်မဖြေရှင်းနိုင်မည်ကို စိုးရိမ်နေမိသည်။

"နန်ရှီးမိန်းကလေး   နေမကောင်းဘူးဆိုရင်လ မင်းက  ဘာကြောင့် သမားတော် သွားမပင့်ပဲ ဝမ်ရယ့်ဆီ ပြေးလာပြောရတာလဲ။ ဝမ်ရယ်က   အရေးကြီးတဲ့ကိစ္စတွေ လုပ်နေရတာကို မင်း နားမလည်ဘူးလား။ မင်းကြောင့် ဝမ်ရယ်ရဲ့အရေးကြီးကိစ္စတွေ နှောင့်နှေးကုန်ရင် ဘယ်သူက တာဝန်ယူမှာလဲ။ ဒီလိုဖြစ်ရင် ဘယ်သူမှ တာဝန်မယူနိုင် ဘူးဆိုတာ သိရဲ့လား။ မင်း အခုပြန်ပြီး နန်ရှီးမိန်းကလေးကို သွားဂရုစိုက်ပေးလိုက်။ ငါ အခု လူလွှတ်ပြီး သမားတော်ပင့်ပြီး လာကြည့် ခိုင်းလိုက်မယ်။ "
 
ကျူးချွမ်သည် ရှောင်ချင်းယန့်၏မယ်တော်၏ အိမ်တော်ဘက်က ပို့ထားသည့် အိမ်တော်ထိန်းကျူး၏ တဦးတည်းသောသား ဖြစ်ရုံသာမက   ရှောင်ချင်းယန့်၏နောက်သို့ တောက်လျှောက် လိုက်ပါခစားနေရသည့် လက်စွဲတော် သီးသန့် လူယုံတော် အစေခံလည်းဖြစ်သည်။ ဒါကြောင့် လူတို်င်းက ကျူးချွမ်ကို ချည်းကပ်ကာ မျက်နှာလုပ်နေရသည်။

 ကျုးချွမ်ကတော့ ဘယ်သူ့ကိုမှ မျက်နှာချိုသွေးရန်မလိုပဲ လွတ်လပ်စွာနေနိုင်သူဖြစ်သည်။ သူ့သခင်က နန်ရှီးကို ပုံမှန်ထက် ထူးထူးခြားခြားမျက်နှာသာပေး ဆက်ဆံနေပေမယ့် ဘာကြောင့်မှန်းမသိ ကျူးချွမ်က နန်ရှီးပေါ်ပေါက်လာပုံကို လုံးဝ မင်္သကာပေ။ သူ့ပင်ကိုယ်သိစိတ်ထဲတွင် ဒီမိန်းကလေးက မရိုးဖြောင့်ပဲ အကြံစည်တခုခုရှိသည်ဟု ခံစားနေရသည်။ တောထဲမှာ ဝမ်ရယ်နှင့် တွေ့ခဲ့သည်ဆိုသည့် အချက်ကပင် သံသယဖြစ်ဖို့ကောင်းနေသည်။

ဒါ့အပြင် နန်ရှီးက အိမ်တော်ထဲကိုရောက်လာပေမယ့် တောင်ပေါ်က လိမ့်ကျသည့် သာမန်ပွန်းပဲ့ဒဏ်ရာက ဘာမှ အရေးမကြီးတာပါဘူးဟု သမားတော်ပြောခဲ့ပါလျက် ရက်အတော်ကြာတဲ့အထိ မသက်သာပဲ ဝေဒနာခံစားနေရသလို ဟန်ဆောင်နေသည်က အဆိုးဆုံးဖြစ်သည်။ ပြီးတော့ ရက်ကြာနေမှာ ဒဏ်ရာက မသက်သာ၊ နာကျင်နေရပါသည်လို့ ဘာကြောင့် ထပြောနေရတာလဲ။ ဒါကိုကြည့်ရင် သူမက တမင်သက်သက်   ပြဿနာရှာကာ ဝမ်ရယ် သူမဆီကို မလာလာအောင် လုပ်နေတယ်ဆိုတာ ရှင်းနေတာလဲ..

ဝမ်ရယ်ကိုယ်တိုင် အရိပ်တကြည့်ကြည့်နေသည့် မမလေး နန်ရှီးနဲ့ပတ်သတ်ပြီး ပြောခဲ့ပေမယ့် ကျူးချွမ်က ခုလို ပြောခဲ့မည်ဟု အစေခံမလေးက လုံးလုံးမထင်ထားမိပေ။ သူက အံ့အားသင့်စွာဖြင့် ကျူးချွမ်ကို စိုက်ကြည့်လိုက်သည်။

  ဒီကျူးချွမ် ကျားသစ်အသည်းတွေ စားထားလို့ ဒီလောက် သတ္တိကောင်းနေတာလား...။ သူမ မမလေးကို ဂရုမစိုက်တဲ့အပြင် မမလေးရဲ့ အစေခံ ဖြစ်တဲ့ သူမကို ဒီလို ဆက်ဆံရဲတယ်တဲ့လား.. တွေ့ကြသေးတာပေါ့...

 ထိုအစေခံမိန်းကလေးက ကျူးချွမ်ကို ဂရုမစိုက်တော့ပဲ စာကြည့်ဆောင်ထဲထိကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ဟစ် တောင်းပန်လိုက်သည်။

" ဝမ်ရယ်...မမလေးနန်ရှီးကို မြန်မြန်သွားကြည့်ပေးဖို့ ကျွန်တော်မျိုးမ တောင်းပန်ပါတယ်။ ဝမ်ရယ်..ဝမ်ရယ် အမြန်ထွက်လာပေးပါ.. ကျွန်တော်မျိုးမ တောင်းပန်ပါတယ် မမလေး နန်ရှီးက အတော်လေး နေမကောင်းဖြစ်နေလို့ပါ"

"ဘာတွေဖြစ်နေကြတာလဲ..."

ရှောင်ချင်းယန့်သည် စိတ်မရှည်သောမျက်နှာဖြင့် အပြင်ထွက်လာကာ မေးတော့ ကျုးချွမ်က သူ့ကို ဂရုမစိုက်ပဲ ဇွတ်တင်း ဝမ်ရယ်ထွက်လာအောင် အော်ခေါ်ရဲသည့် အစေခံမလေးကို ဒေါသဖြင့် စူးရဲစွာကြည့်လိုက်ကာ ဝမ်ရယ်ကို အမြန်ရှင်းပြလိုက်သည်။

"ဝမ်ရယ်...ဒီအစေခံမလေးက နန်ရှီးမိန်းကလေး နေမကောင်းဖြစ်နေတယ်လို့ လာပြောပါတယ်။ ဒါကြောင့် ကျွန်တော်မျိုး သူ့ကို  နန်ရှီးမိန်းကလေးဆီ အရင်ပြန်ပြီး စောင့်ရှောက်ခိုင်းထားပါတယ်။ ကျွန်တော်မျိုးက သမားတော်ပင့်ပြီး လာကြည့်ခိုင်းဖို့ လုပ်နေပါလျက် ဒီအစေခံမလေးက စကားနားမထောင်ပဲ အတင်း အော်ဟစ်နေတာပါ...  "

ဝမ်ရယ်က ဒီလို စည်းကမ်းမလိုက်နာပဲ ထင်ရာစိုင်းတတ်သည့် အစေခံမျိုးကို ဘယ်တော့မှ သဘောမကျပေ။ ကျူးချွမ်လည်း စည်းကမ်းမရှိသည့် အစေခံကို အလိုမရှိပေ။ ဒါပေမယ့် နန်ရှီးမိန်းကလေးရဲ့ အဆင့်မရှိသည့် အစေခံမအတွက် ဝမ်ရယ်က သူ့ကို ဆူပူဦးမှာလား...

 "နန်ရှီး နေမကောင်းဘူး ဟုတ်လား။ ဘာကြောင့် ငါ့ကို စောစောကတည်းက လာ မပြောတာလဲ။ ဘာကြောင့် ဒူးထောက်နေတာလဲ။ ငါ့ကို အမြန် နန်ရှီးဆီကို ခေါ်သွားကြစမ်း  "

" ဟုတ်ကဲ့..ဟုတ်ကဲ့ပါ.ဝမ်ရယ် ။ ကျွန်တော်မျိုးမ ဝမ်ရယ်ကို အမြန် ခေါ်သွားပါ့မယ် ..."

မမလေးနန်ရှီးက ဝမ်ရယ်ရဲ့ရင်ထဲက အလေးထားရသည့် သူဆိုတာ ရှင်းနေတာပဲ။

  အစေခံမလေးက သူ့တွက်ကိန်းမှန်လို့ ပီတိဖြစ်ကာ ခြေထောက်နှင့် မြေကြီး မထိတော့သလို ခံစားနေရသည်။ နောက်ပို်င်း မမလေးနန်ရှီးက ချစ်မြတ်နိုးခံရပြီးနေရာရတော့မည်။ ဒါဆိုရင် သူမတို့ အဆင့်တန်းက ရှန်ဝမ်အိမ်တော်ထဲမှာ မြင့်မားလာတော့မှာ သေချာသည်။

 ကျူးချွမ်သည် ဝမ်ရယ်က သူ့ကို လှည့်ပင်မကြည့်ပဲ ထိုအစေခံမလေးနောက် လိုက်သွားမည်ဟု မထင်ခဲ့မိပေ။ အစောက အစေခံမလေးပြောခဲ့သည့် စကားကို သတိရလိုက်ပြီး ဝမ်ဖေးရှိရာကို အမြန် သုတ်ခြေတင်တော့သည်။

ရှောင်ချင်းယနက နန်ရှီး၏ အဆောင်ကို အပြေးလာခဲ့စဉ် နန်ရှီးက အိပ်ရာထက်မှ ထရန်ပြင်နေသည်ကို  ပက်ပင်းတွေ့လိုက်ရသည်။ ရှောင်ချင်းယန့်က လေအလျင်ဖြင့် သူမဘေးကို အမြန်သွားကာ နန်ရှီးကို အိပ်ယာထက် လှဲလျောင်းနိုင်ရန် ကူညီဖေးမပေးလိုက်သည်။

  ရှောင်ချင်းယန့်၏ မျက်နှာ အမူယာက မသာယာပေမယ့် နန်ရှီးကို စကားပြောစဉ် သူ၏လေသံက နူးညံ့ကာ ဒေါသအရိပ်ယောင် လုံးဝမပေါ်ပေ။

"နေမကောင်းဘူးဆို လုပ်ချင်တာမှန်သမျှ အစေခံတွေကိုပဲ ခိုင်းလိုက်လေ။ဘာကြောင့် ကိုယ်တိုင် ထလုပ်နေရတာလဲကွယ် "

" ကျွန်မ အိပ်ရာထဲမှာ လှဲနေရတာ အတော်ကြာနေပါပြီ ဝမ်ရယ်။ အမြဲတမ်း ဒီလိုနေရင် လူက ပိုပျော့ပြီး ချူချာသွားမှာပေါ့ရှင်။ ဒါကြောင့် အထိုင်အထလေး လုပ်ရုံလောက်ပါ။ ပြီးတော့  ကျွန်မက အစကတည်းက  တောတောင်ထဲမှာပဲ နေလာခဲ့သူပါ။ ကျွန်မရဲ့ခန္ဓာကိုယ်က အဲ့လောက် နုနွဲ့နေဖို့ မထိုက်တန်ပါဘူး.ဝမ်ရယ်"
 
"ကောင်းပြီ။ မင်းခြံထဲက အစေခံမလေးပြောတော့ မင်း နေမကောင်းဘူးတဲ့။ ဘယ်နုားက နေလို့ မကောင်းတာလဲ..."

တမင် ရည်ရွယ်သလား မတော်တဆလား မသိပေမယ့် ရှောင်ချင်းယန့်က နန်ရှီးကို ဖေးမကာ အိပ်ယာထက်ကို လှဲလျောင်းနိုင်အောင် ကူညီပေးနေစဉ် ရှောင်ချင်းယန့်က နန်ရှီး၏ လက်ကို ဆုပ်ကိုင်ကာ အသာယာဖျစ်ညစ်ထား လို်က်သည်။

 နန်ရှီးမှ ပြန်ဖြေရန် ဟန်ပြင်နေစဉ် အစေခံမလေးက အမြန်ဝင်ဖြေလိုက်သည်။

 "ဝမ်ရယ်ကို လျှောက်တင်ပါရစေ..။ အစောကတည်းက မမလေး နေမကောင်းဖြစ်နေလို့ ကျွန်တော်မျိုးမလည်း ဝမ်ရယ်အိမ်တော်မှာ ရှိနေတာလည်း မသိခဲ့ပါဘူး။ မမလေးလည်း သူမကြောင့် ဝမ်ရယ် အနှောက်ယှက်ဖြစ်မှာကို စိုးရိမ်ပြီး ဘာမှမပြောပဲ ကြိတ်မှိတ်ခံပါသေးတယ်။ နောက် မခံနိုင်လာလို့ မမလေးက ကျွန်တော်မျိုးမကို ဝမ်ဖေးဆီကို စေလွှတ်ခဲ့ပါတယ်။ ဝမ်ဖေးကို ဒီကိုလာကြည့်ုခိုင်းပြီး သမားတော် ပင့်ပေးပါလို့ အကူအညီတောင်းချင်လို့ပါ။ ဒါပေမယ့် ဝမ်ဖေးက သူ့ခြံဝန်းထဲမှာ လုပ်စရာရှိသေးတယ်ဆိုပြီး လုံးဝကို လာမကြည့်ဘဲ ထွက်သွားခဲ့ပါတယ်။ ဒါ့အပြင် လူလွှတ်ပြီး မမလေးရဲ့ အခြေနေကို တချက်လေးတောင် လာမမေးပါဘူး "  

"နင် ဘာတွေပြောနေတာလဲ။ ကျွန်မက ဝမ်ဖေးကို ဒီအတိုင်းပဲ ခဏလာဖို့ ဖိတ်ခေါ်ခိုင်းချင်ခဲ့ရုံပါ ဝမ်ရယ်။ ဝမ်ဖေးကို ရှင်းပြစရာကိစ္စလေးလည်း ရှိနေလို့ပါ။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ကျွန်မရဲ့လုပ်ရပ်က မသင့်တော်ဘူးဆိုတာ သလိုက်ရပါတယ်။ ဘယ်လိုလုပ်ပြီး ဝမ်ဖေးလို လူကို ကျွန်မဆီကို  ကိုယ်တိုင် ခေါ်ခိုင်းလို့ မဖြစ်ဘူးဆိုတာ သိလိုက်ပါတယ်။ တကယ်တော့ ကျွန်မလိုလူကသာ ဝမ်ဖေးဆီကို အခစားဝင်ပြီး အရိသေပေးရမှာ မဟုတ်လား။  ဒီအစေခံမလေး... နင် ဘာမှမသိရင်  စကားတွေ လျှောက်မပြောနဲ့..."

နန်ရှီးက ရှောင်ချင်းယန့်ကို အကျိုးအကြောင်းရှင်းပြချင်ဇောဖြင့် အလျင်စလိုဖြစ်နေပေမယ့် သူမရဲ့စကားကို နားထောင်ပြီး ရှောင်ချင်းယန့်၏မျက်နှာပိုမည်းလာခဲ့သည်။

"ဘာကို ရှင်းပြမှာလဲ။ မင်း သူ့ကို ဘာမှကို ရှင်းပြနေစရာမလိုဘူး။ သူက ဝမ်ဖေးပေမယ့် ဒီအိမ်တော်ကြီးက ငါကိုယ်တော်ရဲ့ အိမ်တော်ပဲ။ ငါကိုယ်တော်ရှိနေသမျှ ကာလပတ်လုံး ဒီအိမ်တော်မှာ ဝမ်ဖေးက  ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ မင်း စိတ်အေးအေးထားပြီးသေချာနားပါ။ နောင်ကို သူ့ဆီကို အရိုသေပေး ဂါရဝပြုစရာမလိုဘူး။ အိမ်တော်သခင်အနေနဲ့မင်းကို အရိုသေသွားပေမယ့် ကိစ္စတွေကို ကင်းလွတ်ခွင့်ပေးတယ်..."  

  ရှောင်ချင်းယန့်က နန်ရှီးဘေးမှ ထရပ်ကာ  အခန်းပတ်လည်ကို တချက်ဝေ့ကြည့်လိုက်ကာ ဘေးက အစေခံမလေးကို တချက်ကြည့်ပြီး ဆက်ပြောခဲ့သည်။
 
"ဒီမှာ ခိုင်းစရာ အစေခံ အရမ်းနည်းနေပါလား။ ခဏနေရင် ငါကိုယ်တော် အစေခံတွေကို ရွေးပြီး မင်းဆီကို ပို့လိုက်မယ်။ မင်း လိုအပ်သမျှ အကုန် အမိန့်ပေးလို့ရတယ်။ ပြီးရင် မင်းနားကို အနီးကပ် ခိုင်းဖို့ အစေခံကို ရွေးပြီး တစ်ယောက်ထားလိုက်"

"ကျေးဇူးတင်ပါတယ် ဝမ်ရယ်။ အစေခံအများကြီးလည်း မလိုအပ်ပါဘူးရှင်။ ကျွန်မက  ဝမ်ရယ်ကို ဒုက္ခပေးလို့ မဖြစ်ပါဘူးရှင်"

နန်ရှီး ငြင်းဆန်ပေမယ့် ရှောင်ချင်းယန့်ကို ပိုတိုးလာစေခဲ့သည်။ သူက နန်ရှီးဘေးက အစေခံမလေးကို အမိန့်ပေးလိုက်သည်။
 
"မင်းက ရှန်ဝမ်အိမ်တော်မှာ အလုပ်လုပ်နေတာ ကြာပြီမဟုတ်လား။ မင်း သခင်မ နေကောင်းသွားရင် ပိုပြီး ကျန်းမာလာအောင် သူ့ကိုအဖော်ပြုပြီး လမ်းလျှောက်ထွက်ပေးလိုက် "

"ဟုတ်ကဲ့ပါ ဝမ်ရယ်။ ကျွန်တော်မျိုးမ နားလည်ပါပြီရှင်"

  အစေခံမလေး၏စိတ်ထဲတွင် သူမ အထင်မှန်သွားလို့ အပျော်တို့ ဖုံးမရအောင် မျက်နှာထက်တွင် ပေါ်လာခဲ့သည်။

 "မင်း သေချာလေး အနားယူလိုက်ပါဦး။ ငါကိုယ်တော် ဝမ်ဖေးဆီကို သွားလိုက်ဦးမယ်..."

"ဂရုစိုက်ပြီးသွားပါ ဝမ်ရယ်..."

သူမတို့နှစ်ဦးစလုံး က  ရှောင်ချင်းယန့် က ဝမ်ဖေးဆီသို့ သွားတာက ကောင်းတဲ့ရည်ရွယ်ချက်ကြောင့် မဟုတ်ဘူးဆိုတာ သေချာပေါက် သိလိုက်ပြီး ရင်ထဲကနေ ကြိတ်ကာ ပီတိဖြစ်သွားကြသည်။

ဒါက သူမတို့လိုချင်သည့် အတိုင်း ကွက်တိပဲ မဟုတ်လား။


***-***











Chapter (37-1)_ ဝမ္ေဖးႏွင့္ ဝမ္ရယ္ကို ရန္တိုက္ေပးတဲ့ နန္ရွီး


"ဝမ္ေဖးက ဘာေျပာလိုက္တာတဲ့လဲ။ မလာဘူးလို႔ တိုက္႐ိုက္ ေျပာခဲ့တာလား။"

နန္ရွီးသည္ အိပ္ရာထက္တြင္ အားႏြဲ႕စြာ လဲေလ်ာင္းေနရင္း ျပန္လာသည့္ အေစခံမေလးကို ေမးလိုက္သည္။  သူမရဲ႕ကိုယ္မွာ ဘယ္မွာ ဒဏ္ရာရၿပီး ဘယ္လို ေနလို႔မေကာင္းသည္ကို ေျပာလို႔ခက္ေပမယ့္ သူမရဲ႕မ်က္ႏွာေလးက ျဖဴေဖ်ာ့လို႔ေနသည္။

 "မမေလး ဝမ္ေဖးက သူ႔ၿခံထဲမွာ လုပ္စရာေလးရွိလို႔ပဲေျပာခဲ့ပါတယ္။ အခ်ိန္ရရင္ မမေလးကို လာၾကည့္ပါဦးမယ္တဲ့။ ဒါေပမယ့္  ကြၽန္ေတာ္မ်ိဳးမအျမင္ေတာ့ ဝမ္ေဖးက တကယ္တမ္း လုပ္စရာမရွိေလာက္ပါဘူး။ မမေလးကို တမင္လာမေတြ႕ခ်င္လို႔ သက္သက္ဆင္ေျခေပးတာလို႔ ထင္ပါတယ္။ ဝမ္ရယ္က မမေလးကို ဂ႐ုစိုက္ၿပီး မ်က္ႏွာသာေပးလို႔ ဝမ္ေဖးက သဝန္တိုေနလို႔ လာမေတြ႕ႏိုင္တာ ျဖစ္ရမယ္..."

အေစခံမေလးက သူမ ခစားေနရသည့္ နန္ရွီးမိန္းကေလးရဲ႕မ်က္ႏွာထားကို ၾကည့္ကာ သာသာထိုးထိုးေလး ေျပာလိုက္သည္။
ဝမ္ေဖးက ဒီအိမ္ေတာ္ႀကီးရဲ႕ အရွင္သခင္ ႏွစ္ပါးထဲက တစ္ပါးဆိုတာ သိေပမယ့္ သူမအတြက္ သူမေရွ႕က နန္ရွီးမိန္းကေလးသာလွ်င္ သူမရဲ႕ သခင္မ အစစ္ျဖစ္သည္။

ထိုအေစခံမေလးက နန္ရွီးမမေလးက စိတ္ဆိုးသည့္ အမူယာမေတြ႕ေတာ့ ရဲတင္းလာၿပီး ထပ္မံေလွ်ာက္ထားလိုက္သည္။
 
" မမေလးက အခုမွ ရွန္ဝမ္အိမ္ေတာ္ကို ေရာက္လာလို႔ မသိေသးတာပါ။ ဝမ္ရယ့္က လက္ထပ္ထားတဲ့ တရားဝင္ ဇနီးနဲ႔ ကိုယ္လုပ္ေတာ္ စီ့ေဖးႏွစ္ပါးရွိေပမယ့္ တကယ္ေတာ့ ဘယ္သူမွ ဝမ္ရယ္ရဲ႕ စိတ္ႏွလုံးကို မဖမ္းဆုပ္ႏိုင္ၾကေသးပါဘူး။ နန္းေတာ္က ပို႔ထားတဲ့သီးသန႔္သုံး အေစခံႏွစ္ေယာက္လည္း ေရာက္တာၾကာေနေပမယ့္ အခုထိ ဝမ္ရယ္ကို အိပ္ယာထဲမွာ မခစားရေသးဘူး။ လတ္တေလာ လက္ထပ္ထားတဲ့ စီ့ေဖးေတြလည္း ဝမ္ရယ္နဲ႔ မဂၤလာခန္းကို မဝင္ရေသးဘူး။ ဝမ္ရယ္က ဝမ္ေဖးရဲ႕ အေဆာင္မွာ ညအိပ္တယ္ဆိုေပတယ့္ အိပ္႐ုံသက္သက္ပဲတဲ့။ ဝမ္ရယ္နဲ႔ ဝမ္ေဖးၾကားထဲ ဘာမွ ပတ္သတ္မႈ မရွိဘူးလို႔ ကြၽန္ေတာ္မ်ိဳးမ ၾကားသိခဲ့တယ္။   "

 
ရွန္ဝမ္အိမ္ေတာ္ရွိ အေစခံတိုင္းက အေနာက္ေဆာင္မွ အမ်ိဳးသမီးမ်ားအေပၚ ဝမ္ရယ္က ေအးစက္စြာ ဆက္ဆံသည္ကို က်င့္သားရေနဟန္တူသည္။ အခု မမေလး နန္ရွီးေရာက္လာၿပီးမွ ဝမ္ရယ္က သည္းသည္းလႈပ္ အရိပ္တၾကည့္ၾကည့္လုပ္ေနသည္ကိုေတြ႕ေတာ့ ဒီမမေလးနန္ရွီးက ဝမ္ရယ္၏ အသည္းႏွလုံးကို ဆုပ္ယူသြားႏိုင္ၿပီဟု ထင္ေနၾကသည္။ မမေလးနန္ရွီးရဲ႕ေနာက္ခံကို အေစခံအမ်ားစုက သံသယဝင္ၾကေပမယ့္  သူမအေပၚတြင္ ေသခ်ာ ဂ႐ုစိုက္ကာ ခစားျပဳစုသြားရန္ လက္ရွိ နန္ရွီးကိုေပးထားသည့္ အေစခံမေလးက ဆုံးျဖတ္ထားသည္။  

"ဒီေကာင္မေလးေတြနဲ႔ေတာ့ ခက္တာပါပဲ... မမေလးက အေနာက္ေဆာင္ အတြင္းေရးေတြကို မေမးပါဘူးကြယ္။ ဘာလို႔ ေလွ်ာက္ေျပာေနရတာလဲ။ မမေလးက ေနမေကာင္းသလိုျဖစ္လို႔ သမားေတာ္ကို ဘယ္က ပင့္ရမလဲလို႔ ဝမ္ေဖးကို ေမးခ်င္လို႔ပါကြယ္။ အခုေတာ့ ဝမ္ေဖးမလာေတာ့ သမားေတာ္ပင့္ဖို႔ အိမ္ေတာ္ထဲက ဘယ္သူ႔ကို အေၾကာင္းၾကားရေတာ့မလဲကြယ္..."  

နန္ရွီး၏ မ်က္ႏွာအေရာင္က ေဖ်ာ့ေတာ့ေပမယ့္ သူမက အခုလို ေလသံၿငိမ္ၿငိမ္ႏွင့္ စကားေတြကို ေျပာလာေတာ့ ေနမေကာင္းသည့္ လူမမာ ပုံမေပါက္ေပ။
 
အေစခံမေလးက သူမရဲ႕ သခင္မ အသစ္ေရွ႕တြင္ သူမ လုပ္ႏိုင္စြမ္းကို ျပသဖို႔ ေခ်ာင္းေနသူပီပီ သခင္မေလး အခုလို အရိပ္အျခည္ျပကာ  ေျပာေတာ့ သူမအတြက္ အခြင့္ေကာင္းေပၚၿပီဟု ယူဆလိုက္သည္။ သူက နန္းရွီးမမေလးကို ခဏေစာင့္ေပးရန္၊ စိတ္မပူရန္ မွာၾကားခဲ့ၿပီး ထိုၿခံဝင္းထဲကေန အျပင္ကို အျမန္ေျပးထြက္လာခဲ့သည္။

 ေရွာင္ခ်င္းယန႔္က သူ ဒဏ္ရာရထားသည္ကို အေၾကာင္းျပၿပီး မနက္ခင္း ညီလာခံမတက္ပဲ အိမ္ေတာ္မွာပဲ ေနေနသည္။ စာဖတ္ခန္းထဲမွာရွိေနစဥ္ အျပင္ဘက္မွ ဆူညံသံၾကားလို႔ သူ၏အေရွ႕ရွိ ပစၥည္းမ်ားကို သိမ္းဆည္းလိုက္ကာ  ေေစာင့္ေနေသာ လက္စြဲေတာ္ အေစခံ က်ဴးခြၽမ္ကို ဘာျဖစ္ေနသလဲဆိုတာ ၾကည့္ခိုင္းလိုက္သည္။

က်ဴးခြၽမ္ အျပင္ထြက္လာတာကိုျမင္သည္ႏွင့္ ဘာမွမေျပာရေသးခင္ အေစခံမေလးတစ္ေယာက္က ကယ္တင္ရွင္ကိုေတြ႕သလို  ခ်က္ခ်င္း က်ဴးခြၽမ္၏ေရွ႕တြင္ ဒူးေထာက္ကာ က်ယ္ေလာင္စြာ ေတာင္းဆိုလိုက္သည္။
   
"အိမ္ေတာ္ထိန္း က်ဴး...ေက်းဇူးျပဳၿပီး ကြၽန္ေတာ္မ်ိဳးမကို  ဝမ္ရယ္နဲ႔ေတြ႕ခြင့္ေပးပါ။ မမေလး နန္ရွီး  ႐ုတ္တရက္ ေနမေကာင္းျဖစ္လာလို႔ ဝမ္ေဖးကို သြားရွာေပမယ့္ ဝမ္ေဖးနဲ႔ေတြ႕ခြင့္ မရခဲ့ပါဘူး။ အခု မမေလး အရမ္းကို နာက်င္ခံစားေနရလို႔ ျမန္ျမန္ေလး သြားၾကည့္ေပးပါလို႔ ဝမ္ရယ့္ကို ေတာင္းပန္ပါတယ္"  

ထိုအေစခံမေလး ဒူးေထာက္လိုက္ခ်ိန္က သူမ၏မ်က္ႏွာက ပုံမွန္ျဖစ္ေပမယ့္ စကားေျပာၿပီး ေခါင္းေမာ့လိုက္စဥ္ မ်က္ႏွာတစ္ခုလုံး မ်က္ရည္ေတြ ႐ြဲလို႔ေနသည္။

ပထမက က်ဴးခြၽမ္က ကူညီေပးရန္ျပင္ေပမယ့္ အေစခံမေလး၏ မူယာမာယာမ်ားသည့္ ပုံစံကိုေတြ႕လိုက္ရစဥ္  သူ႔အေဖ ေျပာျပသည့္ အေျပာင္းလဲျမန္ၿပီး မာယာမ်ားသည့္ လူအေၾကာင္းကို သတိရကာ ကူညီခ်င္စိတ္ေပ်ာက္သြားခဲ့သည္။ မာယာမ်ားသည့္လူေတြက မ်က္ႏွာႏွစ္မ်ိဳးရွိကာ အေျပာတမ်ိဳး အလုပ္တမ်ိဳးႏွင့္ ေကာက္က်စ္ဉာဏ္မ်ားသူမ်ားျဖစ္သည္၊ ဒီလူေတြနဲ႔ ဆက္ဆံရင္ သတိထားရမည္ဟု သူ႔အေဖက သတိေပးခဲ့သည္။
 "ရၿပီ..ေတာ္ၿပီ။ မင္းက ဘာေၾကာင့္ လာငိုေနရတာလဲ။ ဒီအိမ္ေတာ္မွာ  ဝမ္ရယ္နဲ႔ ဝမ္ေဖးအရွင္ႏွစ္ပါးရွိတယ္။ အရွင္ႏွစ္ပါးလုံးက ေနေကာင္းက်န္းမာေနပါလ်က္ မင္းက ဘယ္သူ႔အတြက္ ငိုေနရတာလဲ..."  

က်ဴးခြၽမ္၏မ်က္ႏွာထက္တြင္ စိတ္မရွည္ရိပ္ေတြ ေပၚလာခဲ့ေပမယ့္ စိတ္ထဲတြင္ေတာ့ နည္းနည္းစိုးရိမ္ေနမိသည္။ ဝမ္ရယ္က နန္ရွီးမိန္းကေလးကို အေတာ္ ဂ႐ုစိုက္သျဖင့္ ဒီေန႔   ဒီကိစၥႏွင့္ပတ္သက္ၿပီး ဝမ္ေဖးအေပၚမွာ ေဒါသထြက္ကာ အျပစ္တင္ရင္ ဝမ္ေဖး ဘယ္လိုမွ ျပန္မေျဖရွင္းႏိုင္မည္ကို စိုးရိမ္ေနမိသည္။

"နန္ရွီးမိန္းကေလး   ေနမေကာင္းဘူးဆိုရင္လ မင္းက  ဘာေၾကာင့္ သမားေတာ္ သြားမပင့္ပဲ ဝမ္ရယ့္ဆီ ေျပးလာေျပာရတာလဲ။ ဝမ္ရယ္က   အေရးႀကီးတဲ့ကိစၥေတြ လုပ္ေနရတာကို မင္း နားမလည္ဘူးလား။ မင္းေၾကာင့္ ဝမ္ရယ္ရဲ႕အေရးႀကီးကိစၥေတြ ေႏွာင့္ေႏွးကုန္ရင္ ဘယ္သူက တာဝန္ယူမွာလဲ။ ဒီလိုျဖစ္ရင္ ဘယ္သူမွ တာဝန္မယူႏိုင္ ဘူးဆိုတာ သိရဲ႕လား။ မင္း အခုျပန္ၿပီး နန္ရွီးမိန္းကေလးကို သြားဂ႐ုစိုက္ေပးလိုက္။ ငါ အခု လူလႊတ္ၿပီး သမားေတာ္ပင့္ၿပီး လာၾကည့္ ခိုင္းလိုက္မယ္။ "
 
က်ဴးခြၽမ္သည္ ေရွာင္ခ်င္းယန႔္၏မယ္ေတာ္၏ အိမ္ေတာ္ဘက္က ပို႔ထားသည့္ အိမ္ေတာ္ထိန္းက်ဴး၏ တဦးတည္းေသာသား ျဖစ္႐ုံသာမက   ေရွာင္ခ်င္းယန႔္၏ေနာက္သို႔ ေတာက္ေလွ်ာက္ လိုက္ပါခစားေနရသည့္ လက္စြဲေတာ္ သီးသန႔္ လူယုံေတာ္ အေစခံလည္းျဖစ္သည္။ ဒါေၾကာင့္ လူတို္င္းက က်ဴးခြၽမ္ကို ခ်ည္းကပ္ကာ မ်က္ႏွာလုပ္ေနရသည္။

 က်ဳးခြၽမ္ကေတာ့ ဘယ္သူ႔ကိုမွ မ်က္ႏွာခ်ိဳေသြးရန္မလိုပဲ လြတ္လပ္စြာေနႏိုင္သူျဖစ္သည္။ သူ႔သခင္က နန္ရွီးကို ပုံမွန္ထက္ ထူးထူးျခားျခားမ်က္ႏွာသာေပး ဆက္ဆံေနေပမယ့္ ဘာေၾကာင့္မွန္းမသိ က်ဴးခြၽမ္က နန္ရွီးေပၚေပါက္လာပုံကို လုံးဝ မသၤကာေပ။ သူ႔ပင္ကိုယ္သိစိတ္ထဲတြင္ ဒီမိန္းကေလးက မ႐ိုးေျဖာင့္ပဲ အႀကံစည္တခုခုရွိသည္ဟု ခံစားေနရသည္။ ေတာထဲမွာ ဝမ္ရယ္ႏွင့္ ေတြ႕ခဲ့သည္ဆိုသည့္ အခ်က္ကပင္ သံသယျဖစ္ဖို႔ေကာင္းေနသည္။

ဒါ့အျပင္ နန္ရွီးက အိမ္ေတာ္ထဲကိုေရာက္လာေပမယ့္ ေတာင္ေပၚက လိမ့္က်သည့္ သာမန္ပြန္းပဲ့ဒဏ္ရာက ဘာမွ အေရးမႀကီးတာပါဘူးဟု သမားေတာ္ေျပာခဲ့ပါလ်က္ ရက္အေတာ္ၾကာတဲ့အထိ မသက္သာပဲ ေဝဒနာခံစားေနရသလို ဟန္ေဆာင္ေနသည္က အဆိုးဆုံးျဖစ္သည္။ ၿပီးေတာ့ ရက္ၾကာေနမွာ ဒဏ္ရာက မသက္သာ၊ နာက်င္ေနရပါသည္လို႔ ဘာေၾကာင့္ ထေျပာေနရတာလဲ။ ဒါကိုၾကည့္ရင္ သူမက တမင္သက္သက္   ျပႆနာရွာကာ ဝမ္ရယ္ သူမဆီကို မလာလာေအာင္ လုပ္ေနတယ္ဆိုတာ ရွင္းေနတာလဲ..

ဝမ္ရယ္ကိုယ္တိုင္ အရိပ္တၾကည့္ၾကည့္ေနသည့္ မမေလး နန္ရွီးနဲ႔ပတ္သတ္ၿပီး ေျပာခဲ့ေပမယ့္ က်ဴးခြၽမ္က ခုလို ေျပာခဲ့မည္ဟု အေစခံမေလးက လုံးလုံးမထင္ထားမိေပ။ သူက အံ့အားသင့္စြာျဖင့္ က်ဴးခြၽမ္ကို စိုက္ၾကည့္လိုက္သည္။

  ဒီက်ဴးခြၽမ္ က်ားသစ္အသည္းေတြ စားထားလို႔ ဒီေလာက္ သတၱိေကာင္းေနတာလား...။ သူမ မမေလးကို ဂ႐ုမစိုက္တဲ့အျပင္ မမေလးရဲ႕ အေစခံ ျဖစ္တဲ့ သူမကို ဒီလို ဆက္ဆံရဲတယ္တဲ့လား.. ေတြ႕ၾကေသးတာေပါ့...

 ထိုအေစခံမိန္းကေလးက က်ဴးခြၽမ္ကို ဂ႐ုမစိုက္ေတာ့ပဲ စာၾကည့္ေဆာင္ထဲထိၾကားေအာင္ အသံက်ယ္က်ယ္ျဖင့္ ေအာ္ဟစ္ ေတာင္းပန္လိုက္သည္။

" ဝမ္ရယ္...မမေလးနန္ရွီးကို ျမန္ျမန္သြားၾကည့္ေပးဖို႔ ကြၽန္ေတာ္မ်ိဳးမ ေတာင္းပန္ပါတယ္။ ဝမ္ရယ္..ဝမ္ရယ္ အျမန္ထြက္လာေပးပါ.. ကြၽန္ေတာ္မ်ိဳးမ ေတာင္းပန္ပါတယ္ မမေလး နန္ရွီးက အေတာ္ေလး ေနမေကာင္းျဖစ္ေနလို႔ပါ"

"ဘာေတြျဖစ္ေနၾကတာလဲ..."

ေရွာင္ခ်င္းယန႔္သည္ စိတ္မရွည္ေသာမ်က္ႏွာျဖင့္ အျပင္ထြက္လာကာ ေမးေတာ့ က်ဳးခြၽမ္က သူ႔ကို ဂ႐ုမစိုက္ပဲ ဇြတ္တင္း ဝမ္ရယ္ထြက္လာေအာင္ ေအာ္ေခၚရဲသည့္ အေစခံမေလးကို ေဒါသျဖင့္ စူးရဲစြာၾကည့္လိုက္ကာ ဝမ္ရယ္ကို အျမန္ရွင္းျပလိုက္သည္။

"ဝမ္ရယ္...ဒီအေစခံမေလးက နန္ရွီးမိန္းကေလး ေနမေကာင္းျဖစ္ေနတယ္လို႔ လာေျပာပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳး သူ႔ကို  နန္ရွီးမိန္းကေလးဆီ အရင္ျပန္ၿပီး ေစာင့္ေရွာက္ခိုင္းထားပါတယ္။ ကြၽန္ေတာ္မ်ိဳးက သမားေတာ္ပင့္ၿပီး လာၾကည့္ခိုင္းဖို႔ လုပ္ေနပါလ်က္ ဒီအေစခံမေလးက စကားနားမေထာင္ပဲ အတင္း ေအာ္ဟစ္ေနတာပါ...  "

ဝမ္ရယ္က ဒီလို စည္းကမ္းမလိုက္နာပဲ ထင္ရာစိုင္းတတ္သည့္ အေစခံမ်ိဳးကို ဘယ္ေတာ့မွ သေဘာမက်ေပ။ က်ဴးခြၽမ္လည္း စည္းကမ္းမရွိသည့္ အေစခံကို အလိုမရွိေပ။ ဒါေပမယ့္ နန္ရွီးမိန္းကေလးရဲ႕ အဆင့္မရွိသည့္ အေစခံမအတြက္ ဝမ္ရယ္က သူ႔ကို ဆူပူဦးမွာလား...

 "နန္ရွီး ေနမေကာင္းဘူး ဟုတ္လား။ ဘာေၾကာင့္ ငါ့ကို ေစာေစာကတည္းက လာ မေျပာတာလဲ။ ဘာေၾကာင့္ ဒူးေထာက္ေနတာလဲ။ ငါ့ကို အျမန္ နန္ရွီးဆီကို ေခၚသြားၾကစမ္း  "

" ဟုတ္ကဲ့..ဟုတ္ကဲ့ပါ.ဝမ္ရယ္ ။ ကြၽန္ေတာ္မ်ိဳးမ ဝမ္ရယ္ကို အျမန္ ေခၚသြားပါ့မယ္ ..."

မမေလးနန္ရွီးက ဝမ္ရယ္ရဲ႕ရင္ထဲက အေလးထားရသည့္ သူဆိုတာ ရွင္းေနတာပဲ။

  အေစခံမေလးက သူ႔တြက္ကိန္းမွန္လို႔ ပီတိျဖစ္ကာ ေျခေထာက္ႏွင့္ ေျမႀကီး မထိေတာ့သလို ခံစားေနရသည္။ ေနာက္ပို္င္း မမေလးနန္ရွီးက ခ်စ္ျမတ္ႏိုးခံရၿပီးေနရာရေတာ့မည္။ ဒါဆိုရင္ သူမတို႔ အဆင့္တန္းက ရွန္ဝမ္အိမ္ေတာ္ထဲမွာ ျမင့္မားလာေတာ့မွာ ေသခ်ာသည္။

 က်ဴးခြၽမ္သည္ ဝမ္ရယ္က သူ႔ကို လွည့္ပင္မၾကည့္ပဲ ထိုအေစခံမေလးေနာက္ လိုက္သြားမည္ဟု မထင္ခဲ့မိေပ။ အေစာက အေစခံမေလးေျပာခဲ့သည့္ စကားကို သတိရလိုက္ၿပီး ဝမ္ေဖးရွိရာကို အျမန္ သုတ္ေျခတင္ေတာ့သည္။

ေရွာင္ခ်င္းယနက နန္ရွီး၏ အေဆာင္ကို အေျပးလာခဲ့စဥ္ နန္ရွီးက အိပ္ရာထက္မွ ထရန္ျပင္ေနသည္ကို  ပက္ပင္းေတြ႕လိုက္ရသည္။ ေရွာင္ခ်င္းယန႔္က ေလအလ်င္ျဖင့္ သူမေဘးကို အျမန္သြားကာ နန္ရွီးကို အိပ္ယာထက္ လွဲေလ်ာင္းႏိုင္ရန္ ကူညီေဖးမေပးလိုက္သည္။

  ေရွာင္ခ်င္းယန႔္၏ မ်က္ႏွာ အမူယာက မသာယာေပမယ့္ နန္ရွီးကို စကားေျပာစဥ္ သူ၏ေလသံက ႏူးညံ့ကာ ေဒါသအရိပ္ေယာင္ လုံးဝမေပၚေပ။

"ေနမေကာင္းဘူးဆို လုပ္ခ်င္တာမွန္သမွ် အေစခံေတြကိုပဲ ခိုင္းလိုက္ေလ။ဘာေၾကာင့္ ကိုယ္တိုင္ ထလုပ္ေနရတာလဲကြယ္ "

" ကြၽန္မ အိပ္ရာထဲမွာ လွဲေနရတာ အေတာ္ၾကာေနပါၿပီ ဝမ္ရယ္။ အၿမဲတမ္း ဒီလိုေနရင္ လူက ပိုေပ်ာ့ၿပီး ခ်ဴခ်ာသြားမွာေပါ့ရွင္။ ဒါေၾကာင့္ အထိုင္အထေလး လုပ္႐ုံေလာက္ပါ။ ၿပီးေတာ့  ကြၽန္မက အစကတည္းက  ေတာေတာင္ထဲမွာပဲ ေနလာခဲ့သူပါ။ ကြၽန္မရဲ႕ခႏၶာကိုယ္က အဲ့ေလာက္ ႏုႏြဲ႕ေနဖို႔ မထိုက္တန္ပါဘူး.ဝမ္ရယ္"
 
"ေကာင္းၿပီ။ မင္းၿခံထဲက အေစခံမေလးေျပာေတာ့ မင္း ေနမေကာင္းဘူးတဲ့။ ဘယ္ႏုားက ေနလို႔ မေကာင္းတာလဲ..."

တမင္ ရည္႐ြယ္သလား မေတာ္တဆလား မသိေပမယ့္ ေရွာင္ခ်င္းယန႔္က နန္ရွီးကို ေဖးမကာ အိပ္ယာထက္ကို လွဲေလ်ာင္းႏိုင္ေအာင္ ကူညီေပးေနစဥ္ ေရွာင္ခ်င္းယန႔္က နန္ရွီး၏ လက္ကို ဆုပ္ကိုင္ကာ အသာယာဖ်စ္ညစ္ထား လို္က္သည္။

 နန္ရွီးမွ ျပန္ေျဖရန္ ဟန္ျပင္ေနစဥ္ အေစခံမေလးက အျမန္ဝင္ေျဖလိုက္သည္။

 "ဝမ္ရယ္ကို ေလွ်ာက္တင္ပါရေစ..။ အေစာကတည္းက မမေလး ေနမေကာင္းျဖစ္ေနလို႔ ကြၽန္ေတာ္မ်ိဳးမလည္း ဝမ္ရယ္အိမ္ေတာ္မွာ ရွိေနတာလည္း မသိခဲ့ပါဘူး။ မမေလးလည္း သူမေၾကာင့္ ဝမ္ရယ္ အေႏွာက္ယွက္ျဖစ္မွာကို စိုးရိမ္ၿပီး ဘာမွမေျပာပဲ ႀကိတ္မွိတ္ခံပါေသးတယ္။ ေနာက္ မခံႏိုင္လာလို႔ မမေလးက ကြၽန္ေတာ္မ်ိဳးမကို ဝမ္ေဖးဆီကို ေစလႊတ္ခဲ့ပါတယ္။ ဝမ္ေဖးကို ဒီကိုလာၾကည့္ုခိုင္းၿပီး သမားေတာ္ ပင့္ေပးပါလို႔ အကူအညီေတာင္းခ်င္လို႔ပါ။ ဒါေပမယ့္ ဝမ္ေဖးက သူ႔ၿခံဝန္းထဲမွာ လုပ္စရာရွိေသးတယ္ဆိုၿပီး လုံးဝကို လာမၾကည့္ဘဲ ထြက္သြားခဲ့ပါတယ္။ ဒါ့အျပင္ လူလႊတ္ၿပီး မမေလးရဲ႕ အေျခေနကို တခ်က္ေလးေတာင္ လာမေမးပါဘူး "  

"နင္ ဘာေတြေျပာေနတာလဲ။ ကြၽန္မက ဝမ္ေဖးကို ဒီအတိုင္းပဲ ခဏလာဖို႔ ဖိတ္ေခၚခိုင္းခ်င္ခဲ့႐ုံပါ ဝမ္ရယ္။ ဝမ္ေဖးကို ရွင္းျပစရာကိစၥေလးလည္း ရွိေနလို႔ပါ။ ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္ေတာ့ ကြၽန္မရဲ႕လုပ္ရပ္က မသင့္ေတာ္ဘူးဆိုတာ သလိုက္ရပါတယ္။ ဘယ္လိုလုပ္ၿပီး ဝမ္ေဖးလို လူကို ကြၽန္မဆီကို  ကိုယ္တိုင္ ေခၚခိုင္းလို႔ မျဖစ္ဘူးဆိုတာ သိလိုက္ပါတယ္။ တကယ္ေတာ့ ကြၽန္မလိုလူကသာ ဝမ္ေဖးဆီကို အခစားဝင္ၿပီး အရိေသေပးရမွာ မဟုတ္လား။  ဒီအေစခံမေလး... နင္ ဘာမွမသိရင္  စကားေတြ ေလွ်ာက္မေျပာနဲ႔..."

နန္ရွီးက ေရွာင္ခ်င္းယန႔္ကို အက်ိဳးအေၾကာင္းရွင္းျပခ်င္ေဇာျဖင့္ အလ်င္စလိုျဖစ္ေနေပမယ့္ သူမရဲ႕စကားကို နားေထာင္ၿပီး ေရွာင္ခ်င္းယန႔္၏မ်က္ႏွာပိုမည္းလာခဲ့သည္။

"ဘာကို ရွင္းျပမွာလဲ။ မင္း သူ႔ကို ဘာမွကို ရွင္းျပေနစရာမလိုဘူး။ သူက ဝမ္ေဖးေပမယ့္ ဒီအိမ္ေတာ္ႀကီးက ငါကိုယ္ေတာ္ရဲ႕ အိမ္ေတာ္ပဲ။ ငါကိုယ္ေတာ္ရွိေနသမွ် ကာလပတ္လုံး ဒီအိမ္ေတာ္မွာ ဝမ္ေဖးက  ဘာမွ ဆုံးျဖတ္ပိုင္ခြင့္မရွိဘူး။ မင္း စိတ္ေအးေအးထားၿပီးေသခ်ာနားပါ။ ေနာင္ကို သူ႔ဆီကို အ႐ိုေသေပး ဂါရဝျပဳစရာမလိုဘူး။ အိမ္ေတာ္သခင္အေနနဲ႔မင္းကို အ႐ိုေသသြားေပမယ့္ ကိစၥေတြကို ကင္းလြတ္ခြင့္ေပးတယ္..."  

  ေရွာင္ခ်င္းယန႔္က နန္ရွီးေဘးမွ ထရပ္ကာ  အခန္းပတ္လည္ကို တခ်က္ေဝ့ၾကည့္လိုက္ကာ ေဘးက အေစခံမေလးကို တခ်က္ၾကည့္ၿပီး ဆက္ေျပာခဲ့သည္။
 
"ဒီမွာ ခိုင္းစရာ အေစခံ အရမ္းနည္းေနပါလား။ ခဏေနရင္ ငါကိုယ္ေတာ္ အေစခံေတြကို ေ႐ြးၿပီး မင္းဆီကို ပို႔လိုက္မယ္။ မင္း လိုအပ္သမွ် အကုန္ အမိန႔္ေပးလို႔ရတယ္။ ၿပီးရင္ မင္းနားကို အနီးကပ္ ခိုင္းဖို႔ အေစခံကို ေ႐ြးၿပီး တစ္ေယာက္ထားလိုက္"

"ေက်းဇူးတင္ပါတယ္ ဝမ္ရယ္။ အေစခံအမ်ားႀကီးလည္း မလိုအပ္ပါဘူးရွင္။ ကြၽန္မက  ဝမ္ရယ္ကို ဒုကၡေပးလို႔ မျဖစ္ပါဘူးရွင္"

နန္ရွီး ျငင္းဆန္ေပမယ့္ ေရွာင္ခ်င္းယန႔္ကို ပိုတိုးလာေစခဲ့သည္။ သူက နန္ရွီးေဘးက အေစခံမေလးကို အမိန႔္ေပးလိုက္သည္။
 
"မင္းက ရွန္ဝမ္အိမ္ေတာ္မွာ အလုပ္လုပ္ေနတာ ၾကာၿပီမဟုတ္လား။ မင္း သခင္မ ေနေကာင္းသြားရင္ ပိုၿပီး က်န္းမာလာေအာင္ သူ႔ကိုအေဖာ္ျပဳၿပီး လမ္းေလွ်ာက္ထြက္ေပးလိုက္ "

"ဟုတ္ကဲ့ပါ ဝမ္ရယ္။ ကြၽန္ေတာ္မ်ိဳးမ နားလည္ပါၿပီရွင္"

  အေစခံမေလး၏စိတ္ထဲတြင္ သူမ အထင္မွန္သြားလို႔ အေပ်ာ္တို႔ ဖုံးမရေအာင္ မ်က္ႏွာထက္တြင္ ေပၚလာခဲ့သည္။

 "မင္း ေသခ်ာေလး အနားယူလိုက္ပါဦး။ ငါကိုယ္ေတာ္ ဝမ္ေဖးဆီကို သြားလိုက္ဦးမယ္..."

"ဂ႐ုစိုက္ၿပီးသြားပါ ဝမ္ရယ္..."

သူမတို႔ႏွစ္ဦးစလုံး က  ေရွာင္ခ်င္းယန႔္ က ဝမ္ေဖးဆီသို႔ သြားတာက ေကာင္းတဲ့ရည္႐ြယ္ခ်က္ေၾကာင့္ မဟုတ္ဘူးဆိုတာ ေသခ်ာေပါက္ သိလိုက္ၿပီး ရင္ထဲကေန ႀကိတ္ကာ ပီတိျဖစ္သြားၾကသည္။

ဒါက သူမတို႔လိုခ်င္သည့္ အတိုင္း ကြက္တိပဲ မဟုတ္လား။


***-***
















တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now