Chapter (66-2)_ ဝမ်ဖေးလေးရဲ့ အံ့မခန်း မှတ်ဉာဏ်

14K 2.2K 16
                                    

Chapter (66-2)_ ဝမ်ဖေးလေးရဲ့ အံ့မခန်း မှတ်ဉာဏ်



ဖုန်းပြည်နယ်၏ မြို့တော်သည် ဆယ်စုနှစ်များစွာ ရာသီဥတုကောင်းမွန်ခဲ့ကာ လူနေထိုင်မှုလည်း များပြားလာခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သမားတော်ဒါဇင်ပေါင်းများစွာ စုစည်းကာ ကူးစက်ရောဂါသည်များကို ကုသရန် အစည်းဝေး ထိုင်ခဲ့ကြသည်။ သမားတော်တိုင်းက ကိုယ်ထင်သည့် ဆေးကုသနည်းကို အာပေါင်အာရင်းသန်သန် ငြင်းခုန်ခဲ့ကြပေမယ့် တိကျသော ဆေးကုသနည်းထွက်မလာခဲ့ပေ။
 


" အရှင်မင်းသား... ကပ်ရောဂါရဲ့ကြောက်စရာအကောင်းဆုံးအစိတ်အပိုင်းက လျင်လျင်မြန်မြန် ပြန့်ပွားစေခြင်းဖြစ်တယ်။  ယခုအရေးအကြီးဆုံးအရာမက ရောဂါကူးစက်မှု အရင်းအမြစ်ကို မသိရသေးခင် ရောဂါသည်တွေကို သီးခြားခွဲထားဖို့ ဖြစ်တယ်။ မိသားစုထဲမှာ ကူးစက်ရောဂါလက္ခဏာရှိသူ ဘယ်သူ မဆို ဒေသအာဏာပိုင်ထံဆီကို သတင်းပို့ရမယ်လို့ တစ်မြို့လုံးကို ကြေငြာချက် ထုတ်ရမယ်။ ကျွန်တော်တို့က မြို့ပြင်မှာ ယာယီအိမ်တွေဆောက်ထားပြီး    လူတစ် ဦး ချင်းစီရဲ့ ရောဂါအတိမ်အနက်ပေါ် မူတည်ပြီး  နယ်မြေခွဲရမယ်။  ပြင်းထန်တဲ့ လူနာကို သမားတော်ကလွဲပြီး ဘယ်သူ့ကိုမှ ထိခွင့် မပြုအောင် တားမြစ်ရမယ့်အပြင် သက်သာလာတဲ့လူနာကို ချက်ချင်း ပြန်မလွှတ်ပဲ သေချာအောင် စောင့်ကြည့်ဖို့ အချိန်တစ်ခု ဆက်လက်ထားရှိရမယ်။"  



လူအများစုက ရွှီချန်အန်၏အဆိုပြုချက်ကို နားလည်သော်လည်း လက်ရှိအခြေအနေမှာ အရမ်း ပြင်းထန်နေလို့  ရောဂါကူးစက်ခံရကြောင်း အတည်ပြုခံရသူကို မည်သူကမှ ဂရုစိုက်ရန်ဆန္ဒမရှိကြပေ။



" ကမ္ဘာပေါ်မှာရှိရှိသမျှအရာအားလုံးက အပြန်အလှန်အားဖြည့်ပေးပြီး တစ်ယောက်နဲ့တစ်ယောက်ကို မှီခိုနေရတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒီလို ရောဂါရှိနေတာကြောင့် ဒါကို ကုသနိုင်မယ့် ကုထုံးဆိုတာ ရှိကို ရှိရမယ်။  အခု ကုသနိုင်တဲ့ ဆေးညွှန်း မရှိသေးရင်လည်း သမားတော်တွေ စုပေါင်းပြိး တဖြည်းဖြည်းချင်း စဉ်းစားပြီး တီထွင်နိုင်တယ်။   အကြိမ်ကြိမ် ကြိုးစားပြီးရင် နောက်ဆုံး ကူးစက်ရောဂါကို ထိန်းချုပ်နိုင်တဲ့ ဆေးစာကို ခင်ဗျားတို့ ရှာနိုင်မှာပဲ မဟုတ်လား  ။ "



"ဝမ်ဖေး ရဲ့ စကားတွေက ကျိုးကြောင်းဆီလျောပ်ပါတယ်။ ကျွန်တော်မျိုးတို့ အရပ်သားပြည်သူတွေက အိမ်ကိုပြန်ပြီး ကူးစက်ရောဂါကို ကုသနိုင်ဖို့ သုတေသနာပြုပါ့မယ်။ ဝမ်ရယ်နှင့် ဝမ်ဖေး တို့၏စိုးရိမ်ပူပန်မှုတွေနဲ့ အခက်ခဲတွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်ဖို့ ကျွန်တော်မျိုးတို့ မျှော်လင့်ပါတယ်   "



ဒီလိုလျှောက်တင်ပြီး တစ်ယောက်ပြီးတစ်ယောက် အိမ်ကို ပြန်ကာ ဆေးဝါးသုတေသနလုပ်ကြလို့ နောက်ဆုံး ရွှီချန်အန်းတို့ နားမှာ လူတစ်ယောက်မှ မရှိတော့ပေ။



လူသူကင်းမဲ့နေသည့် အခန်းလွတ်ကိုကြည့်ပြီး ရှောင်ချင်းယန့်ရဲ့မျက်နှာက ဒေါသကြောင့်မည်းသွားခဲ့သည်။ သမားတော်တွေ လုပ်နေပြီး လောဘကြီးက သေခြင်းတရားကို ကြောက်လှချည်လား။



 " အရှင်မင်းသား... အခု အဲ့ဒါတွေ ပြောနေလည်း အလကားပဲ။ ကျွန်တော်တို့ ကူးစက်ခံရတဲ့သူတွေကို  သွားကြည့်ရအောင်။ သူတို့အားလုံးမှာ တူညီတဲ့ ရောဂါလက္ခဏာတွေရှိတယ်။ "



ရွှီချန်အန်းက ဝမ်အိမ်တော်က စာကြည့်တိုက်ထဲကနေ  ဆေးစာအုပ်တစ်အုပ်ကိုလှန်လှောကြည့်လိုက်ရာ ထိုထဲတွင် ရောဂါနဲ့ပတ်သတ်သည့် အကြောင်းအရာများစွာပါ ၀ င်သည်။ စာအုပ်တွင်စကားလုံးများနှင့်ရုပ်ပုံများလည်း ပါဝင်ခဲ့သည်။  ထိုအချိန်တွင် သူသည်အစာရေစာငတ်မွတ်ခေါင်းပါးမှုဖြင့် သေဆုံးခဲ့သည့်မြေပေါ်တွင် ပြည့်နေသောအသေကောင်များကို ရေးဆွဲထားသည့် ပုံကြောင့် ကြောက်လန့်တကြားဖြင့်ပင် ထခုန်ခဲ့မိသည်။



 " မဖြစ်ဘူး"



"အရှင်မင်းသား....?"



" ငါ တစ်ယောက်တည်းသွားနိုင်တယ်။ မင်းရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းသေးဘူး၊ ကူးစက်ဖို့လည်း လွယ်တယ်။ "



ရှောင်ချင်းယန့်သည် ငယ်စဉ်ကတည်းက မည်သည့်ပြင်းထန်သောရောဂါကိုမှ မခံစားခဲ့ရသောကြောင့် ကူးစက်ခံရမည်ကို မကြောက်ပေ။ ချမ်းအေးသောဆောင်းရာသီ၌ပင် သူသည်အအေးဒဏ်ကို တော်ရုံမခံစားခဲ့ရပေ။  ကူးစက်ရောဂါသည် အခြားရောဂါများနှင့်မတူပါ၊ ကျန်းမာရေးချို့တဲ့သူများသည် ကူးစက်ခံရရန် ပိုများသည်ဟု သူ ယုံကြည်သည်။



ရွှီချန်အန်းက ရှောင်ချင်းယန့် သူ့ကိုငြင်းဖို့ မျှော်လင့်မထားပေ၊ ဒါပေမယ့်သူ့အကြောင်းပြချက်တွေကို နားထောင်ပြီးနောက် သူ့နှလုံးသားက နွေးထွေးသွားပြီး သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်သည်။  



"မင်းက ဒီရောဂါအကြောင်း ရေးထားတဲ့ စာအုပ်ကို တွေ့ဖူးတာလား။ ဒီကုသမှုနည်းလမ်းကိုလည်း မှတ်တမ်းတင်ထားတာလား။ "



" အင်း.... ဒါကို ဝမ်အိမ်တော်ထဲက စာအုပ်ထဲမှာ တွေ့ခဲ့တယ်။ လွန်ခဲ့သောနှစ်တွေက တာ့ရှောင်ပြည်ရဲ့ တော်ဝင်သမားတော်က ရေးသားမှတ်တမ်းတင်ခဲ့တာ ထင်တယ်။ ဘာကြောင့် ဒီစာအုပ်ကို လူတွေ မေ့လျော့နေသလဲဆိုတာတော့ မသိဘူး။ တာ့ရှောင်ပြည်ကြီးက  နှစ်အတော်ကြာ ကောင်းမွန်တဲ့ ရာသီဥတုကြောင့် ကောင်းကျိုးတွေကို ခံစားခဲ့ရပြီး သူတို့၏ဘိုးဘေးတွေက မှတ်တမ်းတင်ခဲ့တဲ့ အရာတွေကို လူတွေ တဖြည်းဖြည်းမေ့လျော့ခဲ့ကြတယ်"



ရွှီချန်အန်က ရှောင်ချင်းယန့်ကို ပြန်ပြောပြပေးခဲ့သည်။ ရှောင်ချင်းယန့်က ဝမ်အိမ်တော်ထဲက စာအုပ်တွေကို ဌားပေးမည်ဟု ပြောခဲ့စဉ်က ဒီစာအုပ်ထဲက အကြောင်းရာက ဒီလောက် အကျိုးကျေးဇူးများလိမ့်မည်ဟု သူလည်း မထင်ခဲ့မိပေ။



  အဲဒီတုန်းကသူအလေးအနက် မထားခဲ့ဘူး။ သူက ဒီလောက်အများကြီးကူညီနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး!



" မှန်တယ်! မင်းလေးကလေ တခုခုတော့ တခုခုပဲ။ ဘယ်လို ထူးဆန်းလိုက်သလဲ။ ကဲ....ပြောစမ်းပါဦး..... မင်းကလေးဘ ၀ ကတည်းက စာအုပ်ဘယ်နှစ်အုပ် ဖတ်ပြီးပြီလဲ။ ဘာအကြေင်းပဲဖြစ်ဖြစ် မင်း ဘာပဲပြောပြော မင်း ပါးစပ်ထဲကနေ " ကျွန်တော် အဲ့ဒါကို စာအုပ်ထဲကနေ ဖတ်ဖူးတယ်။ စာအုပ်ထဲမှာ မြင်ဖူးတယ်" ဆိုတဲ့စကားလုံးတွေကို ငါ အမြဲကြားရတယ်။ နောက်ထပ် ဘာရှိသေးလဲ၊ မင်းဖတ်ပြီးတဲ့ အကြောင်းရာတိုင်းကို မင်းမှတ်မိနိုင်လား။ အဲ့ဒါက အရမ်းကြာခဲ့ပြီ၊ အဲဒီအချိန်တုန်းက မင်းအဲဒါကို သေချာမှတ်ထားဖို့ မရည်ရွယ်ဘူး မဟုတ်လား။ ဆေးနည်းက တခုခုမှားသွားရင် ဘာတွေဖြစ်ကုန်မလဲ "



"ဟင်....စာအုပ်သည်ကိုယ်ပိုင်အလှတရားရှိသည်။ စာအုပ်ထဲမှာ ကိုယ်ပိုင်တိုင်းပြည်တစ်ခုစီ ရှိတယ်ဆိုတဲ့ စကားကို အရှင်မင်းသားကြားဖူးတယ် မဟုတ်လား။ ကျွန်တော်က  ငယ်စဉ်ကတည်းက ကိုယ့် ဆန္ဒအရ အပြင်ထွက်ခွင့်မရခဲ့ဘူး။ အဲဒီနောက်မှာတော့ ကျွန်တော်က ရွာငယ်လေးမှာ သုံးနှစ်နေခဲ့ရတယ်လေ။ ကျွန်တော် ဖတ်ဖူးတဲ့စာအုပ် ဘယ်နှစ်ယောက်ရှိမှန်း မသိတော့ဘူး၊ ဒါကြောင့် အများကြီး သိနေတာ မထူးဆန်းပါဘူး။ ဒါကြောင့် ကျွန်တော်က စာအုပ်ထဲက ဆေးညွန်းကို သေချာမှတ်မိပါတယ်။ မှားဖို့ မဖြစ်နိုင်ဘူး "



ရွှီချန်အန်းက ရှောင်ချင်းယန့် သတိပေးလိုက်မှ သူ ကလေးဘဝကတည်း စာဖတ်၊ စာသင်ခဲ့သည်ကို ပြန်တွေးလိုက်သည်။ သူက တစ်ခါဖတ်ထားသည်နှင့် အလွတ်မှတ်မိနေပြီး တလုံးမကျန်အောင် ပြန်ရွတ်နိုင်သည်။   သူက ကလေးဘဝတုန်းက အဖေက သူ့ကိုစာတွေရွတ်ခိုင်းခဲ့သည်။ သူက အဲဒါကို တစ်ခါကြည့်ပြီးမှတ်မိသွားခဲ့သည်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ သူက အဖေ့ရှေ့မှာ စိတ်လှုပ်ရှားစွာရွတ်ဆိုတဲ့အခါတိုင်း သူ့အဖေရဲ့အထင်ကြီးတဲ့ အကြည့်ကို မရခဲ့ဘူး။



"ခဏနေဦး!"



ရှောင်ချင်းယန့်က လူတချို့ဆီမှာ အံ့သြဖွယ်ကောင်းသောမှတ်ဉာဏ်များကို ဘုရားဆီကနေ လက်ဆောင်ရသည်ကို ကြားဖူးသည်။ စာများကိုတစ်ကြိမ်ကြည့်ပြီးနောက် သူတို့က ရှင်းရှင်းလင်းလင်း မှတ်မိနိုင်သည်။ သူ့ဝမ်ဖေးလေးကို အသေအချာကိုကြည့်လိုက်ပြီး သူက စာအုပ်တစ်အုပ်ကို ယူကာ ရွှီချန်အန်းကို ပေးလိုက်ပြီး ပြောလိုက်သည်။



 "ဒါကို ဖတ်လိုက်၊ ပြီးရင် မင်း ငါ့ကို ပြောပြပါ"



ရှောင်ချင်းယန့်က  ဘာကို စစ်ဆေးချင်မှန်းမသိလို့ ရွှီချန်အန်း ကဘာမှ မပြေတော့ပေ။ ရှောင်ချင်းယန့် သူ့ကိုပေးခဲ့သည့် စာအုပ်က   ရောဂါမျိုးစုံ၏မှတ်တမ်းများအကြောင်း ရေးသားထားသည့် ဆေးစာအုပ်ဖြစ်လို့ ရွှီချန်အန်က   ယူ၍ နှစ်သက်စွာ ဖတ်လိုက်သည်။


***************-***********




















တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now