Chapter (60-1) - ချစ်သူအတွက် အသက်ကို စွန့်ဖို့ ဝန်မလေးတဲ့ နန်ရှီး

15K 2.5K 46
                                    

Chapter (60-1) –  ချစ်သူအတွက် အသက်ကို စွန့်ဖို့ ဝန်မလေးတဲ့ နန်ရှီး



မနေ့ညကအိပ်ပျော်နေစဉ်တစ်ဝက်နှင့်နိုးတစ်ဝက်ကြားတွင် ရှောင်ချင်းယန့်သည်မိုးဖွဲဖွဲကျနေသော မိုးသံကိုကြားရပုံရသည်။ သူ့ပတ် ၀ န်းကျင်ရှိ စိုစွတ်သောမြေကြီးကိုမြင်လိုက်ရပြီးမှ ယခင်ရက်က ပူပန်နေသည့် လေးလံမှုအားလုံး နှလုံးသားထဲက လျော့ပါးသက်သာသွားခဲ့သည်။
 

"အရှင်မင်းသား မနေ့ညက မိုးရွာခဲ့တာလား"


"အင်း၊ ဒါပေမယ့် အရမ်းသည်းတဲ့ပုံ မပေါ်ဘူး။ တဲထဲကို မိုးတွေ စိမ့်မကျတာကိုပဲ ကြည့်လေ။ မဟုတ်ရင် ငါတို့ နောက်တခါ တောထဲမှာ အိပ်ဖို့ကို စိုးရိမ်နေရဦးမယ်"
 

 သူတို့ကမြို့တော်ကနေ ထွက်ခွာလာပြီးနောက် ပထမဆုံး နွေဦးကြိုမိုး ရွာသွားခဲ့သည်။ သူတို့ ဖုန်းပြည်နယ်ကို ရောက်ဖို့ အနည်းဆုံး လဝက်လောက် လိုသေးသည်။ ရာသီဥတုက ပိုပိုပူနွေးလာပြီး မိုးက ပိုပိုသည်းလာဖို့ပဲ ရှိသည်။ ဒါဆိုရင် သူတို့ နောက်တခါ မိုးရွာတာ ကြုံရင် တောထဲမှာ ရက်အတော်ကြာ စခန်းချဖို့လိုလိမ့်မည်။ မဟုတ်ရင် သူတို့ မိုးရေတောထဲ နစ်သွားလိမ့်မည်။


 ရွှီချန်အန်းက မိုးရွာခဲ့လို့ ရှောင်ချင်းယန့် စိတ်လက်ပေါ့ပါးနေတာကို သိသည်။ ဒါကြောင့် သူတို့ ရွက်ဖျင်တဲကို စစ်ဆေးပြီးနောက် ဘာမှမဖြစ်လောက်ဘူးဆိုတာ သိလိုက်ရပြီးမှ  ဝူညီအစ်ကိုအား တဲကို သိမ်းခိုင်းလိုက်ကာ မနက်စာစားဖို့ ထွက်လာခဲ့သည်။
 

သူတို့၏ပစ္စည်းများကိုထုပ်ပိုးပြီး ရိုးရှင်းသောနံနက်စာစားပြီးနောက်သူတို့ ခရီးလမ်းပေါ်သွားရန် အချိန်ရောက်လာသည်။


" ဝမ်ရယ်...ကျွန်နေတာ်တို့ မကြာခင်ရက်အနည်းငယ်အတွင်းမှာ ချွမ်ပြည်နယ်ကိုရောက်တော့မယ်။ အဲဒီက တောင်ပေါ်မှာ သဘာဝ ရေပူစမ်းတွေရှိတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ ဝမ်ရယ်....အဲဒါကို သွားကြည့်ချင်လား။ "


ဝူညီအစ်ကိုများသည်သူတို့၏ ဝမ်ရယ်နှင့် ဝမ်ဖေး တို့သည် ဝမ်ဖေး၏မိခင်ဘက်က အဘိုးအဘွားများအိမ်သို့သွားနေသည်ကို သိရှိသော်လည်း ညီအစ်ကိုနှစ်ယောက်က သူတို့ သခင်တွေ အလျင်မလိုဘူးဆိုတာကို သိနေသည်။ ဒါကြောင့် ဒီခရီးလမ်းမှာ ဝမ်ရယ်နှင့် ဝမ်ဖေးကြားက ခံစားချက်တွေ ပိုရင့်သန်လာစေဖို့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားပေးနေကြသည်။


 ဝူရိ ကိုယ်တိုင် သာယာသော တောင်ပေါ်က ရေပူစမ်းကို သွားချင်နေပြီး ဝမ်ရယ်နှင့် ဝမ်ဖေးကြားက ခံစားချက်ကို ဒီနေရာကို အသုံးချပြီး တိုးမြှင့်ပေးချင်နေကြသည်။ သူတို့ထင်မြင်ချက်အရ လူနှစ်ယောက်က အချင်းချင်း အရေပြားချင်း ထိတွေ့မှုလောက် ပိုနီးစပ်အောင် လုပ်နိုင်တဲ့ နည်းမရှိတော့ဘူးဟု ယုံကြည်သည်။


 ဝူရိသည် ဝမ်ရယ်ကို ဒုက္ခပေးနေသည့် နန်ရှီးကို သဘောမကျပဲ ရွှီချန်အန်း ကိုသာ အထင်ကြီးသည်။  သူတို့သည် ရွှီချန်အန်း အတွက် ရှောင်ချင်းယန့်ကိုယ်တိုင် ခန့်အပ်လိုက်သော တော်ဝင်ကိုယ်ရံတော်များဖြစ်ကြသောကြောင့် ယခု သူတို့က ရွှီချန်အန်း ၏လူများဖြစ်သင့်တယ် မဟုတ်လား။ သူတို့ သခင် ရွှီချန်အန်း ကို ဝမ်ရယ်  ပို ရင်းနှီးလာခဲ့ရင် ပိုပြိး တန်ဖိုးထားလိမ့်မယ်လို့မျှော်လင့်နေကြသည်။


ရှောင်ချင်းယန့်လည်း ဝူရိ၏အဆိုပြုချက်ကို ချက်ချင်းသဘောတူလိုက်သည်၊ သူလည်း ထိုနည်းတူ တွေးထားသည်။ ယခု ဝူရိက ခရီးကို ရှေ့ဆက်သွားသောအခါ သူက ရွှီချန်အန်းကို ဘယ်လို ပြောရမလဲဆိုတာ မစဉ်းစားရသေးပေ။
 

"ဝမ်ရယ်...ကျွန်တော်တို့က ဒီလမ်းခရီးမှာ အချိန်အများကြီးနောက်ကျနေခဲ့တယ်။ ကျွန်တော်တို့ နောက်ကျရင် ကောင်းပါ့မလား။ ကျွန်တော်တို့ အယောင်ဆောင်ပြီး သွားနေတဲ့ အဖွဲ့က ရောက်နှင့်နေလောက်မလား။   "


သူတို့အဖြစ် အယောင်ဆောင်ပြီး ထွက်သွားတဲ့အဖွဲကမှာ လူအတော်များများ လိုက်ပါလာကြတယ်။ လောလောဆယ်တော့ သူတို့ရဲ့ ပေါ့ပါးတဲ့ရထားကို ပြောင်းလဲပြီး အခြားလမ်းကနေ ခရီးထွက်လာခဲ့ပေမယ့် သူတို့အယောင်ဆောင်ထားတဲ့အဖွဲ့က  သူတို့သည် မူလစီစဉ်ထားသောလမ်းအတိုင်း ဖုန်း ပြည်နယ်သို့သွားခဲ့ကြသည်။ သူတို့က အရမ်းနောက်ကျနေလို့ ရွှီချန်အန်းက ထိုအဖွဲ့ စောရောက်နေမည်ကို စိုးရိမ်နေသည်။
 

"သူတို့က ငါတို့ထက် နောက်ကျမှပဲ ရောက်မှာပါ။ ဘယ်လိုမှ ကြိုမရောက်ဘူးဆိုတာ သေချာတယ်။ ဒါကြောင့် မင်း ရေပူစမ်းကိုသွားလည်တာ စိတ်ချလက်ချ လည်လို့ရတယ်  "


"ဘာလဲ?"


သူတို့ မူလ လမ်းကြောင်းက မသွားဖြစ်တော့ဘူးဆိုပေမယ့် ဘာကြောင့် အယောင်ဆောင် အဖွဲ့က ထိုလမ်းကနေ သွားပြရတာလဲ.... ။


ရွှီချန်အန်း တကယ်စိတ်ရှုပ်သွားသည်။ ရှောင်ချင်းယန့်က ဘာကို ဆိုလိုတာလဲ။ ဒါဟာ ဧကရာဇ်ရဲ့ အစီအစဉ်လား။ ပြည်သူလူထုကို လမ်းလွဲသည့်အနေဖြင့် တမင်စီစဉ်ထားတာလား။ ရှောင်ချင်းယန့်ကို ကျန်းနန်က လူသတ်သမားက လာလုပ်ကြံခဲ့လို့ အခု မြို့တော်က ထွက်တော့ လုပ်ကြံခံရမည်ကို မင်းကြီး စိုးရိမ်လို့ ခုလို စီစဉ်ပေးခဲ့တာလား။
 

" ဘာပဲဖြစ်ဖြစ် မင်း အဲဒါကို စိတ်ပူစရာမလိုပါဘူး။ ဒီခရီးကို ငါတို့ရဲ့ အပန်းခြေခရီးစဉ်အဖြစ် သဘောထားလိုက်။ "


ရှောင်ချင်းယန့်က ရွှီချန်အန်း ကို  ဖုံးကွယ်လိုခြင်းမရှိသော်လည်း ဤအရာများကို စကားလုံးနှစ်လုံး သို့မဟုတ် သုံးလုံးဖြင့်ရှင်းပြနိုင်ခြင်းမရှိပေ။ ဒါကြောင့် သူက နည်းနည်းပိုကြာကြာလေး စောင့်နေချင်သေးသည်။ အခုချိန်မှာ ရွှီချန်အန်း ကို မရှင်းပြချင်သေးပေ။


ဘယ်သူကမှ ရှောင်ချင်းယန်တို့ အုပ်စု ဟိုဟိုသည်သည် သွားလာနေသည်ကို သတိမထားမိကြပေ။
 

တကယ်တော့  ရှန်ဝမ်အိမ်တော်က ပိုင်သည့်ခမ်းနားသည့် ရထားလုံးကြီး နောက်ကို လိုက်ပါစုံစမ်းနေသည့်လူတွေက အခုတော့ သူတို့ လိုက်နေသည့်လူတွေ မပါရှိဘူးဆိုတာ သိလိုက်ရတော့ ဒေါသထွက်ကုန်ကြသည်။ ဒါပေမယ့် တကယ့် ရှန်ဝမ်ဝမ်တို့ ထွက်ခွာသွားသည့်ဘက်ကိုလည်း မျက်ခြေပြတ်ကာ လိုက်မမှီကြတော့ပေ။
 

"ကူပိုးက သေချာတယ်လို့ မင်း မပြောခဲ့ဘူးလား။ ဟမ်! မြို့တော်ကနေ ထွက်ခွာသွားပြီးတဲ့နောက် သူတို့က အသစ်စက်စက် လက်ထပ်ပြီးစ စုံတွဲတွေလို ရင်းနှီးနေကြတယ်။ သူက မြို့တော်ကို ပြန်လာဖို့ ဘာမှ အလျင်လိုနေတဲ့ပုံလည်း မပေါ်ဘူး။ နန်ရှီး... မင်းက အဲ့ဒီမင်းသားကို သတ်နိုင်မယ်လို့ မင်းဖာသာ အာမခံနိုင်သေးရဲ့လား   "


အစပိုင်းက လူအများကြီးပါသည့် အဖွဲ့နောက်ကို လိုက်ခဲ့တဲ့အုပ်စုက အရမ်းသတိကြီးပြီး သေချာ ပုန်းကွယ်ကာ စုံစမ်းကြပေမယ့် နောက်ပိုင်း သူတို့ သတိမထားကြတော့ပေ။ ထိုလူများသည့် အဖွဲ့ကြီးက ခရီးကို လုံးဝ မလျင်စလို မသွားပဲ ရောက်သည့် မြို့တိုင်းမှာ အေးဆေးစွာ ရပ်နားကာ အနားယူကြသည်။ လမ်းခရီးမှာ အရေးမပါသည့် တစုံတခုကို တွေ့ခဲ့ရင်တောင် နေ့တဝက်လောက် နားနေပြီးမှ ဆက်လက်ထွက်ခွာကြသည်။

 
"မဖြစ်နိုင်တာ! ဒီ 'အချစ်ပိုးကောင်' က ကျွန်မတို့ ကျန်းနန်မှာ ရှားပါးတဲ့အကောင်လည်း မဟုတ်ဘူး။ ဒီပိုးကောင်ရဲ့ အာနိသင်ကို ကျွန်မ အကြိမ်ထောင်ချီမြင်ဖူးပြီးသားဖြစ်လို့ မှားနိုင်စရာမရှိဘူး။ ဖြစ်နိုင်တာတစ်ခုကတော့ မြို့တော်ကနေ ထွက်သွားတာ အရမ်းဝေးလို့ ရှောင်ချင်းယန့်ရဲ့ကိုယ်ထဲက ကူပိုးကောင်အထီးက ကျွန်မကိုယ်ထဲက ကူပိုးကောင် အမရဲ့လွှမ်းမိုးမှု အာနိသင်လျော့နည်းသွားတာ ဖြစ်နိုင်တယ်။"


 နန်ရှီး ကိုယ်တိုင်က အခုဖြစ်နေသည့် ဖြစ်ရပ်ကြောင့် အံ့သြသွားသည်။ ရှောင်ချင်းယန့်က သူ ထွက်သွားပြီး မကြာခင် သေချာပေါက် ပြန်လာပါ့မယ်လို့ ကတိပေးသွားခဲ့တာပဲလေ။ ဒီခရီးကို သူက တမင်သက်သက် ဘယ်လိုဖြစ်ပြီး နှောင့်နှေးစေမှာလဲ။  ဒါက မဖြစ်နိုင်ဘူးလား၊ မဟုတ်ဘူး၊ အရှင်မင်းသားက သူမကို ဒီလို လှည့်စားဖို့ လုပ်မှာ မဟုတ်ဘူး။
 

"အရှင်မင်းသား ... အရင် ဒေါသ မထွက်ပါနဲ့ဦး။ နန်ရှီးက အခု ဘာမှ မမှားနိုင်ဘူးဆိုတာ အာမခံပါတယ်။ အရင်တခါ ဝမ်အိမ်တော်ထဲကို လုပ်ကြံသူ ဝင်လာတာ မှတ်မိတယ် မဟုတ်လား။ နန်ရှီး သံသယရှိလို့ လျှို့ရန်ကို တမင်သက်သက် ဒီထဲဝင်လာဖို့ စီစဉ်ခဲ့တာ။  ရှောင်ချင်းယန့်က လူသတ်သမားလက်ထဲ ကျွန်မ ရောက်သွားတဲ့အချိန် သူ့ကိုယ်သူ အစားထိုးပေးဖို့ ဝန်မလေးခဲ့ဘူး။ နောက်ပိုင်း ဝမ်ဖေးက သူ့ကိုယ်စား လိုက်သွားမယ်လုပ်ခဲ့တဲ့အချိန် ကျွန်မက ရှောင်ချင်းယန့် မျက်နှာကို သေချာအကဲခတ်နေခဲ့တယ်။ သူက ဝမ်ဖေးအတွက် စိုးရိမ်တာလုံးဝ မရှိခဲ့ဘူး။ ကျွန်မ လွတ်မြောက်သွားတဲ့အတွက်ပဲ ဝမ်းသာနေခဲ့တယ်။ သူက ကျွန်မပေးခဲ့တဲ့ ကူပိုးကောင်ပါတဲ့ ဆေးကို မသောက်ခဲ့ဘူးဆိုရင် ကျွန်မကို သူ့ကိုယ်ထက်၊ သူ့ဝမ်ဖေးထက်ပိုပြီး ဘယ်လိုလုပ် အရေးပေးနိုင်ပါ့မလဲ။ ဝမ်ဖေးက လူသတ်သမားလက်က ပြန်လွတ်လာတော့ သူက နှစ်သိမ့်ပေးဖို့ သွားတောင်မသွားခဲ့ဘူး။ ကျွန်မ အခန်းထဲမှာပဲ တချိန်လုံးနေပေးခဲ့တယ်။ ဒါပေမယ့် ကျွန်မက သူ့ကို ကျွန်မနဲ့ အရမ်းနီးစပ်ဖို့၊ ကျွန်မကိုယ်ကို ထိတွေ့ဖို့ သူ့ကို လုံးဝခွင့်မပြုခဲ့ပါဘူး။ အရှင်မင်းသား..စိတ်ချတော်မူပါ။ နန်ရှီးက အရှင်မင်းသားကလွဲပြီး ဘယ်သူ့ကိုမှ အနီးကပ်မခံခဲ့ပါဘူး   "


"အဲဒါကောင်းတယ်။ အစီစဉ်တိုင်း ဆက်လုပ်လိုက်... "


သူမ အသည်းနင့်အောင် ချစ်ရသူ၏မျက်နှာကိုအသေအချာကြည့်ပြီး နန်ရှီးသည် သူ တကယ်ဒေါသ မထွက်ကြောင်းတွေ့လိုက်ရတော့မှ စိတ်ချစွာ ဆက်ပြောလိုက်သည်။


  " ငါကကြောက်ရွံ့သွားရုံလေးပဲ ဆိုပေမယ့် သူက တချိန်လုံး ကျွန်မ အခန်းထဲမှာပဲ ရှိနေပြီး နှစ်သိမ့်ပေးခဲ့တယ် ။ ဝမ်ဖေးက ခေါ်ဆောင်သွားခံခဲ့ရတာတောင် တချက် သွားမကြည့်ခဲ့လို့ ကျွန်မမှာ အံ့သြခဲ့ရသေးတယ်။ ဒါကြောင့် သူက ကျွန်မ လက်ခုပ်ထဲမှာပဲ ရှိတယ်ဆိုတာ သေချာပါတယ်။ စိတ်မပူပါနဲ့ အရှင်မင်းသား။ အဲ့နေ့က သူဆေးသောက်တာကို ကျွန်မကိုယ်တိုင် ကြည့်နေခဲ့တာပါ။    ဘာအမှားမှ ရှိမှာမဟုတ်ဘူး။ အဲဒီနောက်မှာတော့ သူ့ဆီကနေ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ဆက်တိုက်လုပ်လာတာက သက်သေပြဖို့လုံလောက်ပါပြီ။ "


"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း တကယ်ဖြစ်နိုင်ပါတယ်"
အပြင်လောကမှ ရှန်ဝမ်က ရှန်ဝမ်ဖေးကို မနှစ်သက်ဘူးလို့ ကောလဟာလတွေ ပြန့်နေပေမယ့် ရှန်ဝမ်ရဲ့လုပ်ဆောင်ချက်တွေက ကွာခြားနေခဲ့သည်။ ရှန်ဝမ်က ရွှီၤမိသားစုကို ထိုက်သင့်သည့် အပြစ်ပေးခံရအောင် လုပ်ဆောင်ပေးခဲ့သည့်အပြင် တော်ဝင်သမားတော်ကိုပင် ပင့်ဆောင်ကာ ရှန်ဝမ်ဖေးရဲ့ကျန်းမာရေးကို စိုးရိမ်ကာ နေကောင်းအောင် ကုသစေခဲ့သည်။


 နန်ရှီးအတွက် ဝမ်ဖေးကို အပြစ်ပေးပေမယ့် အခန်းထဲ ချုပ်နှောင်ထားသည့် ပေါ့ပါးသော အပြစ်ကိုသာပေးခဲ့ပြီး ဝမ်ဖေး ထိခိုက်စေမည့် ကြီးမားသော အပြစ်ကို လုံးဝမပေးခဲ့ပေ။ ဒါကြောင့် စောင့်ကြည့်နေသူတွေက ဒီအကြောင်းကို စိတ်ပူလာကြသည်။


 "အရှင်မင်းသား...ရှောင်ချင်းယန့်က အရှင်မင်းသား ထီးနန်ရယူမယ့်လမ်းကို ဘယ်တော့မှ ထပ်ပြီး မတားဆီးနိုင်တော့သလို အရှင်မင်းသားကို စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်နိုင်တော့ဘူးဆိုတာ စိတ်ချထားလို့ရပါတယ်...   "


နန်ရှီ၏ခန္ဓာကိုယ်၌ "အချစ်ပိုး ကူကောင် အမ" ရှိနေခဲ့လို့ ရှောင်ချင်းယန့်သာ အရှင်မင်းသားကို ထပ်မံ ဟန့်တားခဲ့ရင် ......


သူမ သေဆုံးသွားခဲ့ရင် ရှောင်ချင်းယန့်လည်း ဘယ်လိုမှ အသက်မရှင်နိုင်တော့ပေ။
 

" လူတိုင်းက ကိုယ့်အတွက်ပဲ ဦးစားပေးတတ်တဲ့ မကောင်းဆိုးဝါးတွေပဲ။ ပြီးတော့ တော်ဝင်မိသားစုမှ မွေးဖွားလာခဲ့ရင် ညီအစ်ကိုဆိုတာ ဘယ်မှာ ရှိနိုင်တော့မလဲ...   "


"အရှင်မင်းသားရဲ့ စကားအရ နန်ရှီး ဘာလုပ်ရမယ်ဆိုတာ သိပါပြီ "


နန်ရှီးက ရင်ထဲမှာ ပူပန်နေပေမယ့် သူမချစ်သော သူ၏လက်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်ကာ ပိုနီးအောင် သူ့ဆီကို သူမရဲ့ ကိုယ်ကို မှီလိုက်သည်။

****-******
 

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now