ေတာ္ဝင္ႀကင္ယာေတာ္ ခ်န္အန္း (Z+U)

72.1K 3.7K 53
                                    

မိခင္ျဖစ္သူက အဆိပ္ခတ္ခံရျပီး အသက္ဆံုးခဲ့ျပီးေနာက္ ရႊီခ်န္အန္းသည္ က်င့္ေက်ာင္းေဒသ ကြ်မ္းက်စ္ ရြာငယ္ဇနပုဒ္တြင္ 3 နွစ္တိတိ ေနျပီး ဝမ္းနည္းျခင္းကာလကို ျဖတ္သန္းဖို႕ ဖခင္၏ နွင္ထုတ္ျခင္းကို ခံခဲ့ရသည္။  ထိုရြာတြင္ ေနထိုင္စဥ္ ရႊီခ်န္အန္းကို ထုိျခံထဲမွ အေစခံမ်ားက ေန႕စဥ္နွိပ္စက္ကာ အခက္ေတြ႕ေအာင္ လုပ္ခဲ့သည္။

ရႊီခ်န္အန္းသည့္ ထိုရြာတြင္ စိတ္ဓါတ္က်စြာ ေနထိုင္ေနရစဥ္ ဧကရာဇ္မင္းႀကီးက သူ႕ကို ပထမမင္းသားနွင့္ လက္ထပ္ေပးရန္ အမိန္႕ခ်လိုက္မည္ဟု မထင္ထားခဲ့ေပ။ သူက ပထမမင္းသား ေရွာင္ခ်င္းယန္၏ အမ်ိုးသားႀကင္ယာေတာ္ ဝမ္ေဖး ျဖစ္လာခဲ့သည္။

  ဒီကိစၥဟာ သူ႔ဘဝကို ဆင္းရဲတြင္းမွ ကယ္တင္ျခင္းဆိုတာ သူသိသည္။   ေရွာင္ခ်င္းယန္နဲ႕လက္ထပ္တယ္ဆုိတာ သူ႕အတြက္   အႏၲရာယ္ႀကီးေပမယ့္ မဂၤလာပြဲျပီးေနာက္ ရႊီခ်န္အန္းက သူ႕မိခင္ကို ေသေစတဲ့လူေတြကို ကလဲစားေခ်ရန္ ဒီအခြင့္ေရးကို အသံုးခ်ကာ စနစ္တက် လုပ္ကိုင္ခဲ့သည္။  

ရႊီခ်န္အန္းသည့္ ဧကရာဇ္မင္းႀကီးက ဘာႀကာင့္ သူ႕ကို ပထမမင္းသားနွင့္ လက္ထပ္ေပးခဲ့သလဲ ဆိုသည့္ ရည္႐ြယ္ခ်က္ကို ူသတိျပဳမိျပီးေနာက္ ေယာက္က်ာ္းတစ္ေယာက္ကို လက္ထပ္လိုက္ရျပီး ဘဝတက္လမ္းပိတ္ဆို႕ျခင္း ခံလိုက္ရသည့္ ပထမမင္းသား ေရွာင္ခ်င္းယန္ကို ေထာက္ပံ့ရန္ အစြမ္းကုန္ႀကိဳးစားခဲ့သည္။

ဧကရာဇ္မင္းႀကီးက သူ႕ကိုလိုရာဆုေတာင္းေစဆိုသည့္ ဆုလာဘ္ကို ေပးနုိင္သည္အထိ ကံေကာင္းေစမည့္ အခ်က္ကို သူ လုပ္ေဆာင္ေပးနိုင္ခဲ့သည္။ ရႊီခ်န္အန္း ဘယ္ဆုကိုပဲ ေတာင္းေတာင္း ျဖည့္ဆည္းေပးမည္ဆိုသည့္ ကတိကို ရရွိခဲ့သည္။

 " အရွင္မင္းႀကီး.... ကြ်န္ေတာ္မ်ိုးကို ေအးခ်မ္းစြာ ေနထိုင္နို္င္ေစဖို႕ ပထမမင္းသားရဲ႕ အိ္မ္ေတာ္ကေန ထြက္ခြာခြင့္ျပဳေပးေတာ္မူပါ ဘုရား... အရွင္မင္းႀကီး သက္ေတာ္ ရာေက်ာ္ရွည္ပါေစ.....  "

 ********************



မိခင်ဖြစ်သူက အဆိပ်ခတ်ခံရပြီး အသက်ဆုံးခဲ့ပြီးနောက် ရွှီချန်အန်းသည် ကျင့်ကျောင်းဒေသ ကျွမ်းကျစ် ရွာငယ်ဇနပုဒ်တွင် 3 နှစ်တိတိ နေပြီး ဝမ်းနည်းခြင်းကာလကို ဖြတ်သန်းဖို့ ဖခင်၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။  ထိုရွာတွင် နေထိုင်စဉ် ရွှီချန်အန်းကို ထိုခြံထဲမှ အစေခံများက နေ့စဉ်နှိပ်စက်ကာ အခက်တွေ့အောင် လုပ်ခဲ့သည်။

ရွှီချန်အန်းသည့် ထိုရွာတွင် စိတ်ဓါတ်ကျစွာ နေထိုင်နေရစဉ် ဧကရာဇ်မင်းကြီးက သူ့ကို ပထမမင်းသားနှင့် လက်ထပ်ပေးရန် အမိန့်ချလိုက်မည်ဟု မထင်ထားခဲ့ပေ။ သူက ပထမမင်းသား ရှောင်ချင်းယန်၏ အမျိုးသားကြင်ယာတော် ဝမ်ဖေး ဖြစ်လာခဲ့သည်။

  ဒီကိစ္စဟာ သူ့ဘဝကို ဆင်းရဲတွင်းမှ ကယ်တင်ခြင်းဆိုတာ သူသိသည်။   ရှောင်ချင်းယန်နဲ့လက်ထပ်တယ်ဆိုတာ သူ့အတွက်   အန္တရာယ်ကြီးပေမယ့် မင်္ဂလာပွဲပြီးနောက် ရွှီချန်အန်းက သူ့မိခင်ကို သေစေတဲ့လူတွေကို ကလဲစားချေရန် ဒီအခွင့်ရေးကို အသုံးချကာ စနစ်တကျ လုပ်ကိုင်ခဲ့သည်။  

ရွှီချန်အန်းသည့် ဧကရာဇ်မင်းကြီးက ဘာကြာင့် သူ့ကို ပထမမင်းသားနှင့် လက်ထပ်ပေးခဲ့သလဲ ဆိုသည့် ရည်ရွယ်ချက်ကို ူသတိပြုမိပြီးနောက် ယောက်ကျာ်းတစ်ယောက်ကို လက်ထပ်လိုက်ရပြီး ဘဝတက်လမ်းပိတ်ဆို့ခြင်း ခံလိုက်ရသည့် ပထမမင်းသား ရှောင်ချင်းယန်ကို ထောက်ပံ့ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

ဧကရာဇ်မင်းကြီးက သူ့ကိုလိုရာဆုတောင်းစေဆိုသည့် ဆုလာဘ်ကို ပေးနိုင်သည်အထိ ကံကောင်းစေမည့် အချက်ကို သူ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ရွှီချန်အန်း ဘယ်ဆုကိုပဲ တောင်းတောင်း ဖြည့်ဆည်းပေးမည်ဆိုသည့် ကတိကို ရရှိခဲ့သည်။

 " အရှင်မင်းကြီး.... ကျွန်တော်မျိုးကို အေးချမ်းစွာ နေထိုင်နိုင်စေဖို့ ပထမမင်းသားရဲ့ အိမ်တော်ကနေ ထွက်ခွာခွင့်ပြုပေးတော်မူပါ ဘုရား... အရှင်မင်းကြီး သက်တော် ရာကျော်ရှည်ပါစေ.....  "

 ********************




တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now