Chapter (45-1)- ဝမ်ဖေးကို လာတွေ့သည့် အိမ်တော်ထိန်းကျူး

15.2K 2.7K 17
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)

Chapter (45-1)-  သား၏မင်္ဂလာပွဲအတွက် ဝမ်ဖေးကို လာတွေ့သည့် အိမ်တော်ထိန်းကျူး



ရွှီချန်အန်းက အိမ်တော်ထိန်းကျုးက သူ့သားကျူးချွမ်ကို ချွမ်းယွီနဲ့ လက်ထပ်ပေးဖို့ လာရောက်ကြောင်းလမ်းမယ်ဆိုတာ ကြိုတင်မသိခဲ့ပေ။ အစက သူ့အစီစဉ်ကို အိမ်တော်ထိန်းကျူး မနှစ်သက်မည်ကိုပင် သူ စိုးရိမ်နေခဲ့သည်။ ကျူးချွမ်က ရှောင်ချင်းယန့်၏ အစေခံဖြစ်ပြီး ချွမ်းယွီက သူ့အစေခံမလေးဖြစ်သည်။ ဒီအတိုင်းဆိုရင် သူတို့နှစ်ယောက်ရဲ့ အဆင့်တန်းချင်းက အတူတူလို့ထင်ရပေမယ့် တကယ်တော့ အခြေနေခြင်းက ကွဲပြားလှသည်။

အခုဝမ်အိမ်တော်ထဲမှာ ဝမ်ဖေးအဖြစ်နဲ့ဆိုပေမယ့် သူ့အနေထားက အတော်လေးကို ဆိုးဝါးနေပြီး လူအတော်များများက သူ့အစေခံမလေးတွေကို အထင်သေးကာ နှိမ့်ချပြီးကြည့်နေကြသည်။ ဒီလိုအခြေနေမှာ အိမ်တော်ထိန်းကျူးက လူကိုယ်တိုင် ချွမ်းယွီကို သူ့သားနဲ့လက်ထပ်ပေးပါဆိုသည့် အကြောင်း တောင်းဆိုဖို့ရောက်လာခဲ့တာက.....

 ရှောင်ချင်းယန့်က သူ့ကို ဘာမှ မပြောထားလောက်ဘူး မဟုတ်လား....

"ဝမ်ဖေး... ဒီကျွန်အိုကြီးမှာ သားတစ်ယောက်ပဲရှိပါတယ်။ အခု သူက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်နေပါပြီ။ ဒီကျွန်အိုကြီးက မိန်းကလေးချွမ်းယွီကို အကြိမ်အတော်များများ တွေ့ခဲ့ပြီးနောက် သူမရဲက ရုပ်ရည်နဲ့ စိတ်နေစိတ်ထားက ကျွန်တော်မျိုးရဲ့သားနဲ့ ကိုက်ညီတယ်ဆိုတာ သိခဲ့ပါတယ်။ ဝမ်ဖေးက ကျွန်တော်မျိုးကြီးကို ငဲ့ညှာထောက်ထားပြီး သူတို့နှစ်ယောက်ကို ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်။ ဝမ်ဖေးက မိန်းကလေး ချွမ်းယွီကို အရမ်းတန်ဖိုးထားတယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ်။ ဒါကြောင့် မိန်းကလေးချွမ်းယွီက လက်ထပ်ပြီး ကျွန်တော်မျိုးတို့မိသားစုထဲကို ဝင်လာတဲ့အခါ ကျွန်တော်မျိုးတို့က မိန်းကလေး ချွမ်းယွီကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူးလို့ ကတိပေးပါတယ်။  ဝမ်ဖေး..မိန်းကလေးချွမ်းယွီအတွက် စိတ်ချတော်မူပါ"

"ဘာကြောင့် ဒီလိုတွေပြောနေရတာလဲ။ ချွမ်းယွီက လက်ထပ်ပြီးသွားရင် အိမ်တော်ထိန်းကြီး ကို သူက ရိုသေရမယ်လေ။   အမှန်အတိုင်းပြောရရင် ငါလည်း ချွမ်းယွီ အတွက်အိမ်ထောင်ဖက်ကို ရှာနေတယ်၊ သူမက အိမ်တော်ထိန်းကြီးရဲ့ မိသားစုထဲက ကျူးချွမ်ကို သဘောကျနေတယ်တဲ့။ အိမ်တော်ထိန်းကြီးကို ဒီကိစ္စကိုပြောဖို့ စဉ်းစားနေတုန်း အိမ်တော်ထိန်းကြီးက ခုလို လာတောင်းဆိုတော့ အတော်ဖြစ်သွားတာပေါ့။ ဒီလိုဖြစ်လာမယ်လို့ တကယ် မမျှော်လင့်ခဲ့မိဘူး။ ကောင်းပြီ၊ ဒီလက်ထပ်ထိမ်းမြားမှုက ငါ့တစ်ယောက်တည်း ရဲ့ ဆန္ဒ စိတ်ကူးမဟုတ်ဘူးဘူးပေါ့။ ဒီလိုဆိုလည်း သူတို့ရဲ့ မင်္ဂလာကိစ္စကို စောစောစီးစီး စီမံပေးလိုက် ရအောင်။ နောက်နှစ်မှာ အိမ်တော်ထိန်းကြီးလည်း မြေး ထိန်းနိုင်တာပေါ့။ "

ရွှီချန်အန်းက ရှောင်ချင်းယန့်ကို ပြောထားသည့်အပြင် ကျူးချွမ်ကလည်း သူက ချွမ်းယွီကို သဘောကျကြောင်း သူ့အဖေနဲ့လည်း ပြောခဲ့ဖူးသည်။ အိမ်တော်ထိန်းကြီးက ချွမ်းယွီရဲ့ ဂုဏ်သိက္ခာအတွက် သူ့သားကို ဂုဏ်တင် မပြောတော့ပေ။ လူငယ်နှစ်ယောက်လည်း အပြန်လှန် သဘောကျနေသည်ဆို တော့လည်း ချွမ်းယွီကို မကောင်း ပြောစရာ တစ်ခုမှ မရှိတော့ပေ။  ဒါကြောင့် သူက ချွမ်းယွီကို  မိန်းမကောင်းလေးဟု မြင်ထားပြီးဖြစ်လို့ သူမကို သူ့ချွေးမဖြစ်စေချင်ခဲ့သည်။

 
အိမ်တော်ထိန်းကြီး၏သဘောထားကို သိပြီးဖြစ်လို့ ရွှီချန်အန်းက သူ့အစေခံမလေးအတွက် ဈေးမကိုင်တော့ပဲ အေးဆေးစွာပြန်ပြောခဲ့သည်။ ဝမ်ဖေး၏ ရိုးရှင်းသော စကားကိုကြားပြီးနောက် အိမ်တော်ထိန်းကြီးက အရမ်းကို ပျော်ရွှင်ပြီး ပြုံးကာ ထွက်လာခဲ့သည်။


 

အခုက အောက်တိုဘာလဖြစ်နေလေပြီ။ ဒါကြောင့် ချွမ်းယွီ၏လက်ထပ်ပွဲကို  လာမည့်နှစ်အစောပိုင်းတွင် ကျင်းပပေးမည် ဖြစ်သည်။ ဒီအတွက် ရွှီချန်အန်းမှာ  လုပ်စရာများစွာ ရှိလာခဲ့သည်။

သိပ်မကြာခင်တစ်ရက်က သူနေထိုင်ရာ ခြံဝင်းက လူတွေ အတွက် ဆောင်းရာသီအ ၀ တ်အစားတွေ ချုပ်ဖို့ ပြောခဲ့ပေမယ့် ရှောင်ချင်းယန့်က သူ့ကို အပြစ်ပေးခဲ့သည့် အတွက် သူ ဘာမှ မလုပ်လိုက်ရပေ။  ဒါကြောင့် ရွှီချန်အန်းက အိမ်တော်ထိန်းကြီးကို အိမ်တော်တစ်ခုလုံးက အစေခံတွေအတွက်  ဆောင်းရာသီအ ဝတ်စားတွေကို ပြင်ဆင်ပေးဖို့ ခိုင်းလိုက်သည်။

ရှောင်ချင်းယန့်၏တော်ဝင်ကိုယ်လုပ်တော်တွေနှင့် အစေခံကိုယ်လုပ်တော်တွေကို သူတို့ သဘောကျသည့် အဝတ်စကို ရွေးချယ်ရန်   ဂိုဒေါင်သို့ သွားခွင့်ပြုခဲ့သည်။

"ဝမ်ဖေး...ထုံရှင်း ဥယျာဉ်က လူတွေအတွက် ဘာ စီစဉ်လိုက်ရမလဲ"

နန်ရှီးသည် ဝမ်အိမ်တော်၏ဧည့်သည်တစ် ဦး အဖြစ် နေထိုင်နေခဲ့တယ် မဟုတ်လား။ ဒါကြောင့် ဧည့်သည်ဖြစ်သော သူမတို့၏ နေထိုင်စားသောက်၊ ဝတ်ဆင်မှုအတွက် သခင်လေးကိုယ်တိုင် လိုက်လံ စီမံဖို့ မလိုအပ်ပေ။

 "ဒါကို ဝမ်ရယ်ပဲ စီစဉ်လိမ့်မယ်။ ငါတို့ ဝင်စီစဉ်စရာ...... ထားလိုက်တော့... မင်းပဲ ဂိုဒေါင်ကိုသွားလိုက်ပြီး နန်ရှီးမိန်းကလေးအတွက် ပိုကောင်းတဲ့ ပိုးထည် နှစ်အုပ်ကို ရွေးယူလာပေးခဲ့လိုက်။"

ရွှီချန်အန်းက သူ့အမှားကြောင့် သူများထောက်ကွက်ဖြစ်မှာကို မလိုလားပေ။ ဒီအကြောင်းရာလေးအတွက် နန်ရှီးနှင့်လည်း သွားမတွေ့ချင်ပေ။ ဒါကြောင့် သူမ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူ ဂရုမစိုက်ပဲ သူများကိုသာ ရွေးယူစေခဲ့သည်။

   " ဝမ်ဖေး....ဖန်းမော့မော့ကို ဝမ်ရယ်ကို နန်းတော်ကိုပြန်ပို့လိုက်တယ်၊ သူပြန်လာမယ့်အချိန်ကိုလည်း မသိသေးဘူး။ မော့မော့အတွက် ကျွန်မတို့ ပြင်ဆင်ထားလိုက်ရမလား...   "

ဒီအကြောင်းကိုပြောရင်း ချွမ်းယွီ ရဲ့နှလုံးသားလေးက  ဒေါသထွက်သွားခဲ့သည်။ ထိုအချိန်တွင် ဖန်းမော့မော့က သခင်လေးအတွက် ဝင်ပြောပေးခဲ့လို့ ဝမ်ရယ်က ဖန်းမော့မော့ကို ပြန်ပို့လိုက်တာ မဟုတ်လား။ ဖန်းမော့မော့ပြောတာ ဘာမှားနေလို့လဲ။ အကုန်အမှန်တရားချည်းပဲ မဟုတ်လား။

   "ဖန်းမော့မော့ ပြန်လာနိုင်တယ်။ ဒါကြောင့် သူ့အတွက်ကိုပါ ပြင်ဆင်ထားလိုက်ပါ။ "

သူက အိမ်တော်ထိန်းနဲ့ ဖန်းမော့မော့ကို သူ့နားမှာ နေစေချင်ခဲ့ပြီး သူ့လုပ်ကိုင် ဆောင်ရွက်၊ ပြောဆိုမှုကို အမှားမရှိအောင် လုပ်ချင်ခဲ့သည်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သူ သိလိုက်ရတဲ့အချက်က ဒီ ရှန်ဝမ်အိမ်တော်၏ အကြီးကဲက ရှောင်ချင်းယန့်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းအားလုံးကို သူ့သဘောအတိုင်း ပြောင်းပစ်နိုင် သည်။ ရှောင်ချင်းယန့် စိတ်ပျော်နေရင် သူနေရ၊ ထိုင်ရတာ အဆင်ပြေလွယ်ကူမည်ဖြစ်သည်။ ရှောင်ချင်းယန့်သာ စိတ်မပျော်ဘူးဆိုရင်စည်းမျဉ်းတွေကိုလိုက်နာပြီး သူ့တာဝန်ကိုသူ ထမ်းဆောင်ရင်လည်း ဘာ အကျိုးမှ မရှိပေ။

ချွမ်းယွီနှင့် ကျူးချွမ်တို့၏မင်္ဂလာနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချပြီးနောက် နှစ်ရက်အတွင် ဝမ်အိမ်တော် တစ်ခုလုံးက ဒီသတင်းကို သိသွားခဲ့သည်။   

ချင်းရှင်းက ထပ်မံ အလည်အပတ်ရောက်လာသောအခါ ရွှီချန်အန်းက သူမ ဘာလို့ပြန်လာခဲ့တာလဲလို့ တွေးနေမိသည်။ ချင်ရှင်းက သူမရဲ့ နို့ထိန်းရဲ့မိသားစုအကြောင်း ထပ်ပြောလာတဲ့အခါ ရွှီချန်အန်းက အရင်က သူမကို သူ ကတိပေးထားတာကို သတိရလိုက်ကာ ပြောလိုက်သည်။

" သူတို့ကို ဒီကိုခေါ်လိုက်ပါ၊ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေကို အပြင်ဘက် ခြံဝင်းတွေမှာ လုပ်ခိုင်းလိုက်ပြီး အမျိုးသမီးတွေကိုတော့ မင်းရဲ့ ခြံဝင်းထဲမှာပဲ နေခိုင်းလိုက်။ ခဏနေရင် အိမ်တော်ထိန်းကို ဒါတွေ စီစဉ်ပေးဖို့ ငါ ပြောလိုက်မယ်။   မင်းရဲ့အိမ်ဝင်းထဲမှာ  အစေခံနှစ်ယောက်ပဲရှိတယ် မဟုတ်လား၊  မင်းဆီမှာ လူ ထပ်ရောက်လာတော့ အတော်ပဲပေါ့။"
 
ရွှီချန်အန်းက ချင်ရှင်းကို လုံးဝ မကြိုက်တာတော့ မဟုတ်ဘူးဘူး၊ ချင်ရှင်းရဲ့စိတ်က ပိုနက်ရှိုင်းတာကို သူ သိသည်။ သူမက သူ့ကို အကောက်မကြံခဲ့တာ ကြာခဲ့လေပြီ။ ဒီ ရှန်ဝမ်အိမ်တော်ကြီးထဲမှာ ရေရှည်နေထိုင်သွားချင်တယ်ရင် ဘယ်လိုနေထိုင်ရမည်ကို သူမ သိနေပုံရသည်။ သူမ လုပ်သမျှ အရာတိုင်းက  သူမဖာသာ ကာကွယ်ခြင်းသာ ဖြစ်သည်။

 "ကျေးဇူးတင်ပါတယ် ဝမ်ဖေး"

ချင်ရှင်းက ရွှီချန်အန်းကို တကယ်ကို ကျေးဇူးအများကြီးတင်မိသည်။  သူမ၏ခြံဝင်းထဲ၌ သူမရဲ့ အနီးကပ် အစေခံနှစ်ယောက်သာရှိလေသည်။ သာမန်အချိန်တွေမှာ လုပ်ကိုင်ရတာ တကယ်ကို အဆင်မပြေခဲ့ပေ။ နို့ထိန်း မိသားစုရောက်လာမယ်ဆိုရင် သူမက သက်တောင့်သက်သာရှိသောဘဝဖြင့် နေနိုင်လိမ့်မည်။ အနည်းဆုံးတော့ သူမကိုယ်တိုင် ဆောင်းရာသီအ ၀ တ်အစားကို ချုပ်လုပ်စရာ လိုတော့မည် မဟုတ်ပေ။
 
ချင်ရှင်း ရောက်လာပြီးနောက် ရွှီချန်အန်းက  ဆောင်းရာသီအ ၀ တ်တွေ အကြောင်းပြောပြပြီး နို့ထိန်း  မိသားစုကို အမြန်ခေါ်ခဲ့ဖို့ပြောလိုက်သည်။  ရက်ကြာပြီးမှ ရောက်လာရင် ဆောင်းဝတ် အနွေးထည်ချုပ်ရာမှာ အထောက်ကူ ပြုမည် မဟုတ်ပေ။

 ချင်ရှင်းသည် ရွှီချန်အန်းက သူ့ရဲ့ နို့ထိန်းအကြောင်းကိုပင် ထည့်မစဉ်းစားအားပဲ သူကို ကူညီပေးသည့်အတွက် ရင်ထဲကနေ တကယ့်ကို  ကျေးဇူးတင်မိသည်။ ဝမ်အိမ်တော်၏ ဝမ်ဖေးသည် ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် သူမ အမြဲပျော်ရွှင်ခဲ့ရပြီး ရွှီချန်အန်းကို သူမ မမုန်းခဲ့ပေ။ ယခု သူမသည်သူနှင့်ကောင်းကောင်းမွန်မွန် ပေါင်းသင်း ဆက်ဆံသွားရန်  ဆန္ဒရှိသော်လည်း နန်ရှီးနှင့်မင်ယွိတို့နှင့် ဘာမှ မလုပ်ချင်ခဲ့ပေ။
 
ဘယ်လိုပဲဖြစ်ဖြစ် သူမက အခြားတစ်ယောက်၏တရားဝင်ဇနီးသည်ဖြစ်လာစေဖို့ အခွင့်အရေး မရှိတော့ပေ။ တရားဝင်ဇနီးရာထူးက ရုပ်ရည်ချောမောသူတစ် ဦး အတွက်သာလျှင် ရနိုင်သည့် ရာထူးဖြစ်သည်။

ချင်ရှင်း  ထွက်သွားပြီးနောက် ရွှီချန်အန်းက သူ့အိမ်ဝင်းထဲမှာ ရှိသည့် အစေခံအားလုံးကို ခေါ်လိုက်သည်။ သူက တော်ဝင်ကိုယ်လုပ်တော်များ၏ ခြံဝင်းများကို ဂရုစိုက်ခဲ့တဲ့အတွက် သူ့ ပင်မခြံဝင်းထဲက အစေခံတွေကငြိုငင်မှု လုံးဝမရှိပေ။ ဘာကြောင့်လဲ ဆိုတော့ ဝမ်ဖေးက သူ့ခြံဝင်းထဲက လူအားလုံးအတွက် သီးသန့် အဝတ်တစ်စုံစီကို ပိုပေးခဲ့သည်။
 
********-************

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now