၁၄ ။ အစားထိုးချစ်သူ

Start from the beginning
                                    

"ခင်ဗျားတို့က ခုနှစ်နှစ်တိတိ လက်ထပ်ခဲ့ပြီး အခုမှ ကျွန်တော်တို့ ပထမဆုံးအကြိမ်တွေ့ခဲ့မိတာပဲ"

"လာ၊ နောက်တစ်ခေါက် ထပ်သောက်ကြရအောင်"

"ကျွန်တော်က အရက်မသောက်နိုင်ဘူးဗျ၊ Truth or Dare ဂိမ်းကစားရင်ရော"
ကြည်လင် တောက်ပသောအသံက ဒီလိုနေရာမျိုးတွင် အပုံတစ်သောင်းပုံလျှင်တစ်ပုံတောင် ဘယ်တော့မှ ပေါ်လာနိုင်ချေမရှိသည့် သူ့အဖိုးတန်ဇနီးလေးဆီမှ ထွက်လာခဲ့သည်။ 

ဤအခိုက်တွင် ကျောင်းချီမှာ သူ့စီနီယာအထက်တန်းညီအစ်ကိုများနှင့် စကားပြောနေသည်။ လုံခြုံရေးဝန်ထမ်း၊ ရဲတစ်ယောက်နှင့် ထောင်မှလွတ်ကာစ လူဆိုးဂိုဏ်းဝင်တဈ်ယာက်။ သူတို့တွေက အချင်းချင်း ပျော်ရွှင်စွာ စကားစမြည်ပြောနေကျသည်။

ကျန်းချန်ဖေးအတွက်တော့ ဒီမြင်ကွင်းက ပုံရိပ်ယောင်နှင့်ပိုတူသည်။

"အင်း ကောင်းသားပဲ! ဒီကိုလာ..."

ဘန်း! ကျန်းချန်ဖေး တံခါးကိုတွန်းဖွင့်လိုက်သည်။ သူ ကျောင်းချီလက်ကောက်ဝတ်ကိုဖမ်းဆုတ်ပြီး သူ့ကိုဆွဲထူလိုက်သည်။

"အစ်ကိုဖေး၊ ဘာဖြစ်တာလဲ"

မောင့်မောင် သူ့မျက်နှာပေါ်က အကြည့်မှာ တစ်ခုခုလွဲနေမှန်း မြင်လိုက်ရ၍ သူတို့နောက်လိုက်ရန် မတ်တပ်ရပ်လိုက်သည်။

ကျန်းချန်ဖေးမှာ ပုံမှန်အမူအရာ က္က‌န္ဒြေပြန်ဆယ်ပြီးနောက် အရှိန်လျှော့ကာ ကိုးရိုးကားရား ပြုံးလိုက်သည်။

"အရေးကြီးကိစ္စနည်းနည်းရှိလို့ ငါအရင်သွားရတော့မယ်၊ စားပြီးပြီမို့ နောက်တစ်ခေါက်မှ အတူတူထပ်ဆုံတာပေါ့"
ထိုသို့ပြောပြီး သူ့ချစ်ဇနီးလေးကို ဆွဲခေါ်ကာ ထွက်လာခဲ့သည်။

အနောက်တွင်ကျန်ခဲ့သည့် ညီအစ်ကိုသုံးယောက်မှာ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျမှုကိုယ်စီနှင့်။


"အဲ... အစ်ကိုဖေးက... ဘာဖြစ်သွားတာလဲ"
မောင့်မောင်က သူတို့ထဲ အခြေအနေကိုသုံးသပ်နိုင်စွမ်းရှိသူ တစ်ဦးတည်းဖြစ်သော ရဲသားကိုမေးလိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now