ဆောင်းရာသီရဲ့ ညလယ်ပိုင်းကြီးမှာ ဟေးချန်ဒီကတော့ သူ့ လက်အောက်ငယ်သားတွေနဲ့ အတူ လျန်ကျိုး မြို့စွန်က တပ်စခန်းဆီကို အပြေးနှင်နေတယ်။

အေးချမ်းလှတဲ့ ဆောင်းမနက်အစောပိုင်းမှာတော့ တပ်မှုးရှိရာတဲထဲမှာ မီးအိမ်တွေ လင်းချင်းနေအောင် ထွန်းထားတယ် ။

မြောက်ပိုင်းစစ်တပ်ရဲ့ အကြီးဆူံး တပ်မှူးကတော့ စားပွဲထိပ်မှာ ထိုင်နေတဲ့ စစ်သူကြီး ချီအန်းဖြစ်တယ်၊ သူ့ အောက်ဘက်နေရာတွေမှာတော့ ခေါင်းဆောင်ကောင်း အပါအဝင် ရာထူးမြင့် အရာရှိတွေ ထိုင်နေကြတယ်။

တချိန်တည်းမှာဘဲ တဲအပြင်ကနေ မြင်းခွာသံတွေ ထွက်ပေါ်လာပြီး ပရမ်းပတာ ခြေသံတွေကိုပါ ကြားလိုက်ရတယ်၊ ခဏကြာတော့ တဲရဲ့ တံခါးစက ပင့်မခံလိုက်ရပြီး မုတ်ဆိတ်တွေနဲ့ ဟေးချန်ဒီက တဲထဲကို ဝင်ရောက်လာတယ်။

ဟေးချန်ဒီ တဲထဲ ဝင်ဝင်လာချင်းဘဲ စစ်သူကြီးချီအန်းက ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းတော့တာဘဲ၊ "ဟေးစန်းလန် မင်းအတော်သတ္တိရှိနေတယ်ပေါ့လေ၊ မင်းကို ငါက နည်းဗျူဟာတွေတောင် သင်ကြားလို့မပီးသေးဘူး၊ မင်းက ငါ့ရဲ့ ခေါင်းမာတတ်တဲ့ အကျင့်အတိုင်း လိုက်တူနေပြီ၊ သူ့ကို မစစ်ဆေးခင် အချက်သုံးဆယ်ရိုက်ပြီး အပြစ်ပေးလိုက်ကြ "

အနောက်ကနေ လိုက်လာတဲ့ ရှောင်ဟုန်ယုမှာ တကိုယ်လုံးဖျော့တော့သွားတယ်၊ သူက ခေါင်းဆောင်ကောင်းကို အသနားခံတဲ့ အကြည့်လေးနဲ့ ကြည့်လာတယ်။

ခေါင်းဆောင်ကောင်းကလည်း ခေါင်းယမ်းပြီး တိတ်တိတ်နေဖို့ ပြောလာတယ်။

ရှောင်ဟုန်ယုကတော့ ဒီလို အခြေနေကြီးမှာ ဘယ်လိုလုပ် ပါးစပ်ပိတ်နေနိုင်ပါ့မလဲ၊ သူ့ ညီအစ်ကိုရဲ့ ကိုယ်ထဲက အဆိပ်က အခုထိ ပြယ်သေးတာမဟုတ်ဘူး၊ ဒီအချက်သုံးဆယ်သာအရိုက်ခံလိုက်ရရင် သေမင်းတံခါးဝဆီ ရောက်သွားလိမ့်မယ်၊ သူတိူ့က စစ်ပွဲကို ဆက်တိုက်ဖို့ကလည်း ရှိသေးတော့ ညီအစ်ကိုဟေးကို ဒီလို အခြေအနေကြီးနဲ့ ဘယ်လိုလုပ်နေခိုင်းနိုင်ပါ့မလဲ။

" စစ်သူကြီး ခဏလောက်စောင့်ပါအုံး၊ ဒီငယ်သားက တင်ပြစရာလေး ရှိလို့ပါ "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now