ချူးလျန် မျက်လုံးကို ပင့်ကြည့်လိုက်တယ် ၊ဘာတွေ များ မှားသွားတာတုန်း? စာအုပ်ထဲမှာ ဟေးစန်းလန်က တည်ကြည်ခန့်ညားပြီး ဂရုစိုက်တတ်တဲ့ ယောက်ျားကောင်းပါ၊ အခုတော့ ဘယ်လိုဖြစ်လို့ စိတ်ပျက်စရာကောင်းတဲ့ အေးစက်စက်လူကြီး ဖြစ်လာရတာလဲ? သူက တကယ်ကို ရေခဲ ကျောက်ဆောင်ကြီးလိုဘဲ!

ကောင်းကင်ဘူံက သူမကို အရူးလုပ်ဖို့ ကြိုးစားနေကြတာလား?

ချူးလျန် ဒီအကြောင်းတွေကို ဆက်ပြောချင်စိတ် မရှိနေတော့ဘူး။

ဒါပေမယ့် သူ ဂူထဲမှာတုန်းက အဆိပ်မိပြီး အဖျားတက်ခဲ့တဲ့ ညကို ပြန်တွေးမိတော့ သူမ သူ့အတွက် စိတ်မပူဘဲ မနေနိုင်ပြန်ဘူး။

သူမ ခြေထောက်တွေက မသက်သာသေးတော့ မတ်တပ် ထမရပ်နိုင်ဘူး၊ဒီတော့ ခေါင်းလေးကို စောင်းပြီး သူ့ကို လှမ်းမေးလိုက်တယ် " ရှင့်ကိုယ်ထဲက အဆိပ်ကို ကုန်စင်အောင်ဖယ်ပြီးပြီလား၊ ကျွန်မ ရှင့်ကို စစ်ဆေးကြည့်တော့ လည်ပင်းနားမှာ ဒဏ်ရာလေး တစ်ခုတွေ့တယ်၊ ဒါက ဟိူတုဟွန်းတွေရဲ့ မြားကြောင့် ရသွားတာ ဖြစ်မယ် "

ဟေးချန်ဒီက ငြိမ်နေရာကနေ နှူတ်ခမ်းလှုပ်ရုံလေး ပြန်ဖြေလာတယ်၊ " အခု အဆင်ပြေသွားပါပြီ၊ ဒါက တွေ့နေကျ အဆိပ်မျိုးပါဘဲ၊ ဒါက ဘာဆိုးကျိုးမှ မကျန်တော့ဘူး "

သူ ရှင်းပြတာကို ကြားတော့မှဘဲ ချူးလျန်စိတ်ထဲက အလုံးကြီး လျှောကျသွားတော့တယ် ။

ဘယ်လိုဘဲ ဖြစ်ဖြစ် ဟေးချန်ဒီက သူမ ကိုကယ်ရင်း ဒဏ်ရာရသွားခဲ့တာဆိုတော့၊ သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူမ ဘဝတလျှောက်လုံး အပြစ်မကင်းစိတ်နဲ့ နေရလိမ့်မယ် ။

" အခု အရမ်းနောင်ကျနေပြီ ၊ရှင့်ညီအကိုတွေကို ဒီမှာနေပြီး ကျွန်မတို့နဲ့ ညစာစားဖို့ ခေါ်လိုက်ပါ့လား?"

ဟေးချန်ဒီက သူ့ကိုယ်သူ ဟေးအိမ်တော် သခင်မလို ပြုမူနေတဲ့ အမျိုးသမီးကို ငေးကြည့်နေမိတယ်၊ ဒါကို ကြားရတော့ သူ့ရင်ထဲ နွေးထွေးသွားတယ်၊ ဒါပေမယ့် သူ့မျက်နှာရဲ့ အေးစက်စက် သွင်ပြင်ကတော့ တစက်လေးမှ မပြောင်းလဲသွားဘူး။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now