အပိုင်း - (၁)

Start from the beginning
                                    

သူက ထိပ်တန်းစီးပွားရေးအုပ်စုတစ်ခုရဲ့ အတွင်းရေးမှူးတစ်ယောက်။ ရုပ်အဆင်းက အပြစ်ပြောစရာမရှိအောင် လှပသလို ပညာအရည်အချင်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိတာကြောင့် သူ့ကိုလက်ခံချင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အများအပြားပင်။ ထိုအထဲကမှ သူက လက်ရှိအလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကို ရွေးချယ်ခဲ့သည်မှာ လုပ်သက်နှစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။ သူ့ရဲ့သူဌေးဖြစ်တဲ့ ဥက္ကဌကြီးက သူ့ကို ဝန်ထမ်းတစ်ယောက်လို သဘောမထားပဲ သားတစ်ယောက်လို ဆက်ဆံပေးတာကြောင့် သူ ဒီလုပ်ငန်းစုမှာ အချိန်အကြာကြီး လုပ်ဖို့ရည်ရွယ်ထားသည်။

အခုလည်း သူ့ကို ဒီနေရာကိုလွှတ်လိုက်တဲ့သူက ဥက္ကဌကြီးပင်ဖြစ်သည်။ တကယ်တော့ " Dating with LOVE " ဆိုတာက နာမည်ကြီး ကားလေလံတင်ပွဲတစ်ပွဲဖြစ်သည်။ luxury car brand တွေရဲ့ limited edition တွေကို ပိုက်ဆံရှိလူတန်းစားတွေက အပြိုင်အဆိုင်ကြိုက်ဈေးပေးပြီး ဝယ်ကြတဲ့အခမ်းအနားတစ်ခု။ တစ်နည်းပြောရရင် ငွေရှင်ကြေးရှင်တို့ရဲ့ ပိုင်ဆိုင်မှု ဥစ္စာတွေကို အပျော်တမ်းချပြကြတဲ့နေရာဆိုလည်း မမှားဘူးလို့ ပြောရသည်။

အစကတော့ ဥက္ကဌကြီးက သူ့ကို ဒီနေ့လေဆိပ်မှာ လူတစ်ယောက်ကို သွားကြိုပေးဖို့ အကူအညီတောင်းထားသည်။ သူ လေဆိပ်ကိုသွားခါနီးမှာပဲ ဥက္ကဌကြီးက ဖုန်းဆက်လာပြီး လေဆိပ်ကိုမသွားပဲ ဒီကိုသွားပေးဖို့ ပြောလာပြန်တာကြောင့် သူ ဒီကိုရောက်လာခြင်းဖြစ်သည်။ အကြောင်းအရင်းကတော့ ဒီပွဲရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Lamborghini ရဲ့ နောက်ဆုံးထွက်ပြိုင်ကားကို လေလံရအောင် ယူခိုင်းခြင်းပင်။

hotel ရဲ့ အပေါ်ဆုံးထပ်က hall ထဲမှာ အခမ်းအနားကျင်းပတာဖြစ်လို့ သူရောက်လာတော့ အစီအစဉ်က စ,နေပြီဖြစ်သည်။ ခန်းမရဲ့အဝင်မှာ ရပ်စောင့်နေတဲ့ လုံခြုံရေးဝန်ထမ်းကို သူ ဖိတ်ကြားလွှာပြလိုက်တော့ ခန်းမတံခါးကို ဖွင့်ပေးလာသည်။ ခန်းမတံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ခန်းမထဲမှာရှိနေတဲ့ လူတွေရဲ့အကြည့်က သူ့ဆီကို စုပြုံပြီးရောက်လို့လာသည်။

တစ်ချို့အမျိုးသားတွေကတော့ မြတ်နိုးတဲ့အကြည့်နဲ့ ကြည့်သလို တစ်ချို့ကတော့ မျက်စိအရသာခံပြီး ကြည့်ကြသည်။ အမျိုးသမီးများကလည်း ထိုနည်းလည်းကောင်းပင်။ တစ်ချို့က အားကျတဲ့အကြည့်နဲ့ ကြည့်ကြပြီး တစ်ချို့ကတော့ မလိုမုန်းတီးစိတ်နဲ့ ကြည့်ကြသည်။ သူကတော့ ဘယ်သူ့ရဲ့အကြည့်ကိုမှ ခံစားမနေပဲ သူ့အတွက် သတ်မှတ်ပေးထားတဲ့ နေရာကိုသာ ဉီးတည်လျှောက်လာသည်။

My Beautiful SPOUSEWhere stories live. Discover now