🌸1🌸

7.7K 878 196
                                    

Unicode
 
        //ပုန်းကွယ်နေလေသူ //

(သက္ကရာဇ် -1326ခုနှစ်)
(ကြင်ယာတော်ပတ် ကွယ်လွန်ပြီး ၂နှစ်အကြာ..)

//////////////////////////////////////

မိုးခြိမ်းသံများ ဟိန်းဟိန်းထွက်နေသောကောင်းကင်တစ်ခွင်တွင် လျှပ်ပန်းလျှပ်နွယ်များက တစ်ချက်တစ်ချက် လင်းခနဲလက်ခနဲ..
နန်းဆောင်ပေါ်ကျလာသည့် မိုးရေစက်သံလေးများကိုနားစွင့်မိတော့ မျက်ရည်များကြားမှပြုံးလိုက်မိသား..

သူ့ရဲ့မျက်ရည်စက်လေးတွေတိုင်းမှာ မိုးစက်လေးတွေရှိတယ်ဆိုတာထက်
မိုးစက်လေးတွေတိုင်းမှာ သူ့ရဲ့မျက်ရည်စက်လေးတွေပါဝင်နေခဲ့သည်ပဲ...။

မိုးစက်မိုးပေါက်များမဟုတ်သော
မိုးသီးများ၏ အသံကိုနားထောင်ရင်း
အရှင့်ရင်ခွင်ထဲဝင်အိပ်ရတာ
အကောင်းဆုံးဟုပြောခဲ့သော နှုတ်ခမ်းဖူးလေးနဲ့ လူသားလေးကို လွမ်းမိတော့လည်း ထိုမိုးသံများကိုချစ်မိသွားရပြန်သည်..။

မိုးသည်းညများတွင်
အပြာရင့်ရောင် အချစ်ညကုန်ဆုံးပြီးတိုင်း ရင်ခွင်ထဲသို့တိုးဝင်ကာ အိပ်တတ်သည့် အဝတ်ဗလာနှင့်ကျောပြင်ငယ်လေးကို လွမ်းသည်..
မိုးရေထဲတွင်ပြေးလွှားတတ်သည့် ခြေဖဝါးသေးသေးနုနုလေးများနှင့် လူသားလေးကိုလွမ်းသည်..။

တစ်စက်ချင်းစီသော မိုးပေါက်များနှင့်အတူ သာယာစွာထွက်ပေါ်လာတတ်သည့် စောင်းသံချိုချိုလေးများ တီးခတ်တတ်သည့် အဖြူရောင်လူသားလေးကို လွမ်းသည်..။

အခုလိုမျိုးသေရည်သောက်မိတိုင်း ဆူပုတ်ပုတ်မျက်နှာတော်လေးနှင့် ရှင်ဘုရင်မကြောက် ဘာမကြောက်ပဲ ခွက်ကိုလာလုတတ်သည့် နူးနူးညံ့ညံ့လက်ဖဝါးသေးသေးလေး တစ်စုံကို လွမ်းသည်..။

လွမ်းကြောင်းသာစာဖွဲ့ပြလို့ကတော့ သမိုင်းတွင် လွမ်းချင်းအဖွဲ့ဆုံး ဧကရာဇ်အဖြစ်ထင်ကျန်နေမှာ အသေချာပင်..
ရာသီတစ်ခုချင်းစီတိုင်းမှာ
လွမ်းစရာ အမှတ်တရများစွာ ကျန်နေတော့လည်းအခက်သား..။

ထိုအမှတ်တရများကိုသာ ရင်ဝယ်ပိုက်ရင်း သူနောင်တများစွာနဲ့ ကျော်ဖြတ်လာခဲ့တာ နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုပင်ရောက်နေလေပြီ..

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now