အခန်း(၂၈)

Comenzar desde el principio
                                    

တစ်ဖက်ကရီသံခပ်သဲ့သဲ့ထွက်လာသည် ။ နေနွယ်ပြုံးမိပါသည် ။ နေနွယ့်ခံယူချက်ကတော့ဒီလိုမျိုးပါဘဲကိုရယ် ။ ကိုနဲ့ပတ်သတ်ရင် နေနွယ့်အတွေးတွေက ထိုသို့ ရိုးရှင်းသလို ဆန်းကြယ်ပါတယ် ။

"နွယ်က သိပ်စကားတတ်တာဘဲ၊ နွယ်က ဒီလိုပြောတော့ ကိုကျ‌နွယ့်ကိုစိတ်ထဲ အချိန်တိုင်းမရှိသလိုဖြစ်မနေဘူးလား"

"နွယ် အာ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး ၊
ချစ်တယ် ကို ....၊ နွယ်ဟာ တခြားမိန်းကလေးတွေလို ချွဲချွဲနွဲ့နွဲ့တွေမပြောတတ်ပေမယ့် နွယ်ကို့ကိုဘယ်လောက်ထိချစ်လဲ ကိုခံစားမိမှာပါ"

နွယ့်ရဲ့စကားကြောင့် ရင်ထဲမွန်းကျပ်လာရသည်။

"ကျေးဇူးပါနွယ်...."

ကို့ရဲ့စကားကြောင့် နေနွယ် စိတ်ထဲ ဝမ်းနည်းလာရသည် ။

"ကို့ကို ရွေးချယ်ပြီးချစ်ပေးခဲ့လို့"

"ကိုက နွယ့်ရဲ့ကံကောင်းမှုလေးပါ"

"ချစ်တယ် နွယ်၊ "

"နွယ်လဲအတူတူပါဘဲ "

ထို့နောက်ဖုန်းကျသွားသည် ။ ခုနက မိမိခံစားနေရသော စိတ်ခံစားချက်တွေကို ရပ်တန့်ရန် လို‌အပ်ကြောင်း သိလိုက်သည် ။ ဘယ်လိုနည်းနဲ့‌ နေနွယ့်လို မိန်းကလေးကို ထားခဲ့ရက်မှာလဲ ။ နေနွယ်နှင့်သူဟာ ဘယ်လောက်ထိ ခက်ခဲခဲ့ကြရသလဲ ။ မိမိနှင့်ရင်ဖက်ချင်းအနီးဆုံးဟာ ထိုမိန်းကလေးပင်ဖြစ်သည် ။ မိမိရဲ့ စိတ်တို့အား  နားအလည်ဆုံးအမျိုးသမီးလေး ။ မိမိတစ်ယောက်တည်းရှိချင်နေချိန် အနားမှာ ရှိစေလိုသော တစ်ဦးတည်းသောလူသားဟာ နေနွယ်ဆိုတဲ့ မိန်းကလေးပင်ဖြစ်သည် ။ ထိုမိန်းကလေး၏ ပွေ့ဖက်မှု ၊ နှစ်သိမ့်မှု ၊ ဖေးမမှု ၊ နားလည်နိုင်မှုတွေကို ပြန်လည်တွေးမိသည့်အခါ ခုနကမိမိ၏ခဏတာ စိတ်အလိုလိုက်မှုကို ရှက်ရွံလာမိသည် ။

ဇေယျာဟာ နေနွယ်နှင့်တူရုံသာ ဖြစ်သည် ။ နေနွယ့်ဆီကရနေကျ ချယ်ရီနံ့မျိုး ဇေယျာ့ဆီမှာရှိနေ၍ စိတ်လွင့်ရခြင်းဖြစ်သည် ။ မိမိစိတ်ဆိုးသည့်အခါ နေနွယ် ချော့သလို မိမိအား အချိုကျွေးကာချော့တာခြင်းတူညီနေရုံလေး ။ သူတို့အဆောင်ရှေ့က ခရေပင်တန်းတွေ ပန်းပွင့်ချိန်ကျ ကောက်ပြီးသိမ်းထားတာမျိုး၊ ခရေပန်းကိုကြိုက်ပုံကြိုက်နည်း နေနွယ်နှင့်တူရုံလေးမို့ သူစိတ်လွင့်ရခြင်းသာဖြစ်သည် ။

လက်တွေ့တွင် ပတ်ဝန်းကျင် နှင့်သူ့ရဲ့ဘဝလျှောက်ရမယ့် လမ်းမှာ သူနှင့်အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဟာ နေနွယ်ပင်မဟုတ်လား ။
ဒီတော့ သူဇေယျာနှင့်ဝေးဝေးနေရပေမည် ။ ဒီလိုဆို သူဇေယျာ့အပေါာ စိတ်ယိုင်မှာမဟုတ်တော့ပေ ။ လေးပင်သော စိတ်တို့ကိုရှိုက်သွင်း၍ ပြန်မှုတ်ထုတ်မိသည် ။

ထိုအချိန်တွင် တေဇာမောင်အား ကုတင်ထက်မှ လူသားက ကြည့်နေသည်ကိုတော့ တေဇာမောင်မသိခဲ့ပါချေ ။
~အချစ်ဆိုတာက တကယ်နင့်နဲနေအောင် ချစ်မိသူတွေအဖို့ မိမိချစ်မိသလောက် တန်ပြန်ခံစားရပါလေသလား...အချစ်ကိုစတင်သိရှိကြသူ အာဒံနှင့်ဧဝတို့ဖြေကြပါ.....

#အိုင်ရင်းရဲ့ reader nimတို့လဲဖြေပေးကြပါ

Candy CrushDonde viven las historias. Descúbrelo ahora