part 1.1

30.7K 2.2K 185
                                    

သူမျက်လုံးမှိတ်ပြီး ဇာတ်ကြောင်း ဖတ်လိုက်သည်

ဇာတ်လိုက်နာမည်က မိုးတိမ်ထွဋ်ခေါင်
သူဌေးသားလူ့ဘော်ကြော့ အဲ့အပြင် play boy
တစ်ယောက်ဖြစ်သည်။ဇာတ်လိုက်မက ဝတ်ရည် ဇာတ်လိုက်နဲ့ just friend ပေါ့ ။
သူဝင်ထားတဲ့ကိုယ်က လိုရာပြည့်လို့ခေါ်ပြီး
တောကကောင်လေးတစ်ယောက် ​နောက်ပြီး
မိုးတိမ်နဲ့လက်ထပ်ထားသူဖြစ်သည်။မိုးတိမ် သူ့သူငယ်ချင်းစီသွားလည်တုန်း ရွာကအလှလေး လိုရာပြည့်နဲ့လက်ထပ်ခဲ့ခြင်းဖြစ်သည်၊
မင်္ဂလာဆောင်ပြီး မိုးတိမ်ကအလုပ်ရှိတယ်
ဆိုပြီးပြန်သွားရာကပြန်မလာတော့တာ
ကြောင့်လိုရာပြည့်ကလိုက်သွားခဲ့ပြီး
ဟိုရောက်တော့ အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်
ရတဲ့မြင်ကွင်း​ကြောင့်သူအိမ်ထဲကပြေးအထွက် လမ်းမှာဇာတ်လိုက်မ၏ကားတိုက်ခံရသည်။
ဇာတ်လိုက်မကား ကူညီပေးထားရာက နောက်မှအကြောင်းစုံသိသွားပြီးလိုရာပြည့်အား
အစဖျောက်လိုက်သည်။ ဇာတ်လိုက်
နဲ့ဇာတ်လိုက်မကတော့ နောက်ဆုံးညားပေါ့။

(ငါက လိုရာပြည့်လား)

(ဟုတ်ပါတယ် host)

(ငါကသစ္စာဖောက်တွေနဲ့ကံပါတာဘဲ)

(အဟမ်း missionက ဇာတ်လိုက်အချစ်ကို
အရယူရန် ဇာတ်လိုက်မကို လက်စားချေရန်ပါ)

(ဒါဘဲလား ခုငါကဘယ်အချိန်ရောက်လာတာလဲ)

(Host ခုနယ်ကနေတက်လာတာပါ)

(Aww စောသေးတာဘဲ ဇာတ်လိုက်နှစ်ယောက်ကရော)

(Just friend ပါ နမ်းတဲ့ထိတော့ ရင်းနှီးနေပြီး)

ထိုစဉ်ကားကရပ်ကွက်လေးတစ်ခုမှာရပ်သွား
သည် ကားမောင်းသမားဘေးကအဒေါ်ကြီး
ကဆင်းပြီး ကားသမားကို မျက်စိတစ်ဖက်မှိတ်ပြ
ကာအိမ်ထဲဝင်သွားလိုက်သည် ခနနေတော့ကားပြန်ထွက်ပြီး သူ့လိပ်စာတိုင်း ကားသမားပို့
ပေးသည် ကားပေါ်ကဆင်းပြီး ကားသမားဘက်လှည့်ကာမျက်လုံးမှိတ်ပြလိုက်သည်

"ဘာလဲ ဟ ပိုက်ဆံပေးလေ "

"ပေးပြီးပြီးလေ ကားခ"

"ဘယ်တုန်းကဘဲ "

"ခုလေ ခများကိုမျက်လုံးမှိတ်ပြတယ်လေ "

System ဒေး (Completed)Where stories live. Discover now