part 10.1

17.9K 1.5K 73
                                    

(ဒေး...မင်း!)

(Host ဇာတ်ကြောင်းပို့ပါပြီး)

ဇာတ်လိုက်နာမည်က ထွန်းတောက်ကြယ်
ဖြစ်ပြီးစီးပွားရေးလောကရဲ့နတ်ဘုရား
သွေးအေးပြီးရက်စက်သည်။ဒါပေမယ့် သူ့နှလုံးသားကိုကိုင်လှုပ်သွားတာက ထက်မြတ်ပြီး ရဲရင့်တဲ့ဇာတ်လိုက်မ မဟေသီဖြစ်သည်။
တွေ့ဆုံပုံက မဟေသီတစ်ယောက် မောင်ဖြစ်
သူကို လိုက်ရှာချိန် မောင်ဖြစ်သူက သူမအား
စိတ်ဖောက်ကာ ရိုက်နှက်နေတုန်း
ဇာတ်လိုက်က ဝင်ကယ်ရင်း အမကြီးရဲ့သဘောထားကြီးမှူ ​မောင်လေးအပော်အပြစ်မမြင်မှူ
ွှူတွေကြောင့်ဇာတ်လိုက်ကချစ်သွားကာ
နောက်တော့ မောင်ဖြစ်သူကစိတ်ဖောက်ပြီး
ထွက်ပြေးရင်းကားတိုက်​သေချိန် မစားနိုင်
မသောက်နိုင် အမကြီးကို ဇာတ်လိုက်က
ဂရုစိုက်ရင်း မဖြစ်သင့်တာဖြစ်ပြီး ယူလိုက်ကြရ
ပြီးကလေးမွေးကာပျော်ရွှင်စွာနေသွားကြသည်။

(ဇောက်ဘုတ်ဘဲ )

(Host မှာရှိလား)

(သာသာ စီကငှါးဆဲတာ)

သာသာ-😱

ဇာတ်ကြောင်းအမှန်က မဟေသီဟာ
သူဌေးရဲ့မယားငယ်လုပ်ပြီး သူဌေး
ကိုသတ်ကာ စည်းစိမ်တွေအပိုင်သိမ်းထားခြင်း
ဖြစ်သည်။ သူဝင်ထားတဲ့ကိုယ်က
မောင့်မူပိုင်လို့ခေါ်တဲ့ကောင်လေးဖြစ်ပြီး
အဖေရဲ့နောက်မိန်းမကြောင့်ကျပ်မပြည့်ခဲ့ရသူလဲဖြစ်သည်။ သူဟာမတော်တစမှုကြောင့်
စကားမပြောနိုင်ပေ။ တစ်နေ့အဖေက
မိန်းမငယ်ငယ်လေးကိုအိမ်ပေါ်ခေါ်လာပြီး
ထိုမိန်းမက အဖေ့ရှေ့ဆိုကောင်းပေမယ့်
နောက်ကွယ်ဆို ရိုက်နှက်တတ်သည်။

တစ်နေ့ အဖေ့ခန်းကအော်သံကြားလို့ပြေး
ကြည့်ချိန် အဖေ့ကိုဓားနဲ့ထိုးသတ်နေတဲ့
မိန်းမအားတွေ့လိုက်ရပြီး သူလဲအဲ့နေရာမှာ ဘဲ အရိုက်ခံရကာ သတိလစ်သွားသည်။
ပြန်သတိရလာတော့ကျပ်မပြည့်သလိုဖြစ်နေပြီး အဲ့ချိန်ကစကာ မဟေသီက ကုမ္ပဏီသူဌေးမလို
နေခဲ့ပြီး သူ့ကိုကျ မောင်လေးအဖြစ်ကြေညာထားသည်။
ပုံမှန်ဆိုစိတ်မဖောက်ပေမယ့် အဖေသေတဲ့ညကအဖြစ်ပျက်ကိုပြန်သတိရ ရင်စိတ်ဖောက်
တတ်ပြီး ဇာတ်လိုက်နဲ့​တွေ့တဲ့နေ့ကလဲ
မဟေသီက တမင်စိတ်ဖောက်အောင်လုပ်ခဲ့
ခြင်းဖြစ်သည်။ သေတာကလဲ မဟေသီကြောင့်
သာသေဆုံးခဲ့ရခြင်းဖြစ်သည်။

System ဒေး (Completed)Where stories live. Discover now