part3.2

21.3K 1.8K 95
                                    

အချိန်ပိုင်းအလုပ်ပြန်တော့ ညနေ၆နာရီထိုးနေ
ပြီးဖြစ်သည်။

"ညောင်...ညောင်.."

သူလဲအသံကြားလို့ကြည့်လိုက်တော့ လမ်းဘေး
ကအထုတ်ကလေးတစ်ထုတ် သွားလဲဖွင့်ကြည့်
ရောကြောင်ကလေး လေးကောင် ဖြစ်နေသည်။

"အို..နင်တို့ကငါ့လိုအပယ်ခံလေးတွေလား "

"ညောင် "

"ဟုတ်လား အော် ငါနဲ့နေမလား မင်းတို့ကို
နာမည်ပေးမယ် ဆန် ကုန် မြေ လေး
ကြိုက်လား"

"ညောင် ညောင် "

"ကြိုက်တယ်ပေါ့ ခုပြန်ကြမယ် နော် "

ကြောင်လေးတွေကိုအိတ်ထဲကထုတ်ပြီး
ပွေ့ကာခေါ်သွားလိုက်သည်။သူမသိတာကသူ့အား ကားပေါ်ကထိုင်ကြည့်နေတဲ့သူ
တစ်ယောက်ရှိ တယ်ဆိုတာကိုပင်။

"ခုနကကောင်လေးအကြောင်းသိချင်တယ် "

"ဟုတ် Boss"

ချာဝန် အလုပ်ကိစ္စနဲ့ အပြင်ရောက်စဉ် ကား
ပေါ်ထိုင်နေရင်း တစ်ဖက်လမ်းက ဖြူဖြူသေးသေးလေးတစ်ယောက်ကို အာရုံစိုက်မိသည်။

*ကြောင်လေးတွေနဲ့စကားပြောနေတာအရမ်း
ချစ်စရာကောင်းတယ် မင်း ကိုယ့်လက်ကပြေး
မလွတ်စေရဘူး *

သူလဲအလုပ်ပြီးတာနဲ့အိမ်ပြန်ရေချိုးပြီး စာဖတ်
ခန်းထဲဝင်ကာ သူ့တပည့်ရှာထားပေးတဲ့
ကောင်လေးအကြောင်းအားဖတ်လိုက်သည်။

"နာမည်က လီဟီဂျင်း တက္ကသိုလ်ကျောင်းသား
အချိန်ပိုင်းလုပ်တယ် ပြီးတော့ကင်ဟီယောင်း
နဲ့မနက်ကလမ်းခွဲထားတယ် ပေါ့"

"ဟုတ်ပါတယ် Boss ပြီးတော့လေ "

"ဆက်ပြော"

"ဟို ကျောင်းမှာအနိုင်ကျင့်ခံနေရပါတယ် "

"ဘယ်လို... ဆရာတွေမသိဘူးလား "

"သူကအပယ်ခံပါBoss "

"တောက်...အဲ့ထဲမှာ ကင်ဟီယောင်းပါလား"

"မပါပါဘူး အစ်ကိုလေးက ချိုဟာအွန်း ဆိုတဲ့
မိန်းကလေးကိုကြိုက်လို့ သူခိုင်းတဲ့တိုင်း
ဒီကောင်လေးပေါ်လုပ်နေပါတယ် "

"ချိုမိသားစုကလား"

"ဟုတ် "

"စောင့်ကြည့်ထား အဲ့မိသားစုကမြေခွေးလို
ကောက်ကျစ်တယ် မင်းသွားတော့ "

System ဒေး (Completed)Where stories live. Discover now