part10.2

16.1K 1.5K 25
                                    

(ဒေး....ဇာတ်လိုက်ကဇာတ်လိုက်မကိုကြိုက်
နေပြီးလား)

(မကြိုက်သေးပါဘူး သတိထားမိရုံလေးတင်)

(Aww ဒါနဲ့ ငါ့ရင်ထဲတစ်ခုခုကိုသတိရနေသလိုဘဲ)

(ဟုတ်လား...အဟမ်း ဇာတ်လိုက်မတိုက်တဲ့
ဆေးကြောင့်ဖြစ်မယ်)

(အင်းဖြစ်နိုင်တယ်)

(😆)

မီးပွိုင့်မိလို့ ဒေးနဲ့စကားပြောနေစဉ်
တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့်ဘေးကိုကြည့်တော့ ဘာမှမရှိဘဲ ကားတွေကြီးသာတွေ့လိုက်ရသည်။ သူမသိတာကတစ်ဖက်ကားမှန်အမဲနောက်က
လူတစ်ယောက်ဟာ သူ့ကိုစူးစိုက်ကြည့်နေတာ
ကိုပင်။ ပွိုင့်စိမ်းတာနဲ့သူမောင်းထွက်သွား
လိုက်သည်။ တစ်ဖက်ကားထဲကလူက...

"ရှေ့က ကားနောက်ကိုလိုက် "

"ဟုတ်ကဲ့ boss "

ထိုလူက ဇာတ်လိုက် ထွန်းတောက်ကြယ်
ဖြစ်ပြီး မဟေသီဆိုတဲ့အမျိုးသမီးနဲ့ တွေ့ရန်
သွားနေစဉ် မီးပွိုင့်မိတာကြောင့် ဘေးဘီကိုစူး
စမ်းကြည့်မိချိန် ဘေးက ကားပေါ်ကဆံပင်အဖြူနဲ့ကောင်လေးအားတွေ့လိုက်သည်။ သူစစချင်
လူမှားတာများလားလို့ထင်မိသည်။သူသိတာက ကောင်လေးကကျပ်မပြည့်ဘဲ အ နေတယ်ဆိုပြီး ခုကလူကောင်းတစ်ယောက်လိုမြင်လိုက်ရ
သည်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က
သူဒီကောင်လေးကိုစတွေ့ပြီး အဲ့တုန်းကအမ
ဖြစ်သူကို ရိုက်နေတာကြောင့် သူတောင်ဝင်ဆွဲလိုက်ရသေးသည်။

မူပိုင် သူ ဒေး စုံစမ်းပေးတဲ့လိပ်စာအတိုင်းလာ
တော့ တိတ်ဆိပ်လွန်းတဲ့ရပ်ကွက်လေးတစ်ခု
ဖြစ်နေပြီး သူလဲကားရပ်ကာ ခြံထဲကိုလှမ်း
ကြည့်မိသည်။ ခြံထဲတွင် အပင် စိုက်နေတဲ့
လူတစ်ယောက်အားမြင်သည်နှင့်ကားပေါ်က
ဆင်းကာ ခေါင်းလောင်းလေး ကိုလှုပ်လိုက်
ချိန် ထိုလူကလှည့်ကြည့်လာပြီး အံ့သြ သွား
သည်။

"သ..သခင်လေး သခင်လေးမလား"

ထိုလူက တံခါးပြေးဖွင့်ပေးပြီး အထဲခေါ်သည်။

"သခင်လေး မတွေ့တာတောင်ကြာပြီး နော်
လွန်ခဲ့တဲ့နှစ်ထဲက "

မူပိုင်က ဖုန်းထဲမှာဟာရိုက်လိုက်ပြီးပြလိုက်
သည်။

System ဒေး (Completed)Where stories live. Discover now