part 6.2

18.3K 1.6K 22
                                    

လုဟန်တစ်ယောက် အတန်းထဲဝင်လာတဲ့ ဆရာအသေးလေး ကိုကြည်မိသည်။
ခနနေတော့ နောက်ကဟိုကောင်က အရင်လူတွေလို ဂေါ့ သီး နဲ့ ပစ်တော့ သူလန့်သွားပေမယ့် ဆရာ ကနောက်တောင်လှည့်မကြည့်ဘဲဖမ်း
လိုက်တော့သူပြုံးမိသွားသည်။ ဆရာစာသင်ပြီးထွက်သွားတဲ့နောက်သူလိုက်ထွက်လာတော့ ကျောင်းနောက်ကအပင်အောက်မှာ ထိုင်ပြီး ပွစိပွစိရွတ်နေတာကြောင့်အနားသွားလိုက်သည်။

"ဆရာ"

"မင်းကဘယ်သူလဲ "

"ကျတော်က ထျန်လုဟန်ပါ "

"အော် ဘာကိစ္စလဲ "

"ဟို...အဲ့ဒါက "

*ကျစ် ငါဘယ်လိုပြောရမလဲ*

လင်းမော့ အတွေးများနေတဲ့ ကောင်လေးကို
ပြုံးလိုက်ပြီး...

"စာမေးမလို့လား"

"ဟုတ်တယ် ဟုတ်တယ် "

"ကျောင်းဆင်းရင် ဒီနားကကော်ဖီဆိုင်မှာတွေ့မယ် အဲ့မှာစာရှင်းပြမယ် 1နာရီဘဲအချိန်ရ
မယ် နော်"

"ဟုတ်ဆရာ ဒါဆို ကျောင်းဆင်းရင်စောင့်နေ
မယ်​နော် "

"အင်း"

လုဟန်ပြေးထွက်သွားမှ သူခေါင်းခါလိုက်သည်။

*ဟက် ဖြူစင်ချင်ယောင်ဆောင်နေတယ် မောင်
က*

ဒေး  ပြောပြလာတာက ထျန်လုဟန်က
ထျန်လုပ်ငန်းစုပိုင်ရှင် အသက်ငယ်သေးတာ
ကြောင့်လူလုံးထွက်မပြဘဲ နောက်ကနေ ညွှန်
ကြားပြီး ကျောင်းကို စကောလားရှစ်နဲ့ ဝင်
သလိုလုပ်ပြီးဝင်ထားကာဇာတ်လိုက်ရဲ့အနိုင်
ကျင့်ခြင်းကိုလဲ ငြိမ်ခံပြီး ပြန်တော့မလုပ်ပေ။
ဇာတ်လိုက်ကို ကျောင်းပြီးတာနဲ့လုပ်ငန်းတွေ
တိုက်ခိုက်ပေမယ့်ဟိုက ဇာတ်လိုက်လေ
လုဟန်ဘဲပျက်စီးရတာပေါ့...

ညနေကျောင်းဆင်းတော့ လုဟန် ကျောင်းရှေ့
ရပ်စောင့်နေသည်။

"လုဟန် "

"ဆရာအသေးလေး "

"စောင့်ရတာကြာပြီးလား ငါအတန်းဝင်နေလို့"

"မကြာသေးဘူး "

ထိုချိန်သူတို့နားကို ဟော့ရန်နဲ့အန်းချီရောက်
လာပြီး ဟော့ရန်က ...

System ဒေး (Completed)Where stories live. Discover now