part2.2

22.2K 1.9K 115
                                    

နန်းတော်ရောက်တာနဲ့အိမ်ရှေ့စံစီသွားတော့
အိမ်ရှေ့စံက ဦးရီးတော်နဲ့မြှားပစ်ကွင်းမှာဆိုလို့်
သူတို့မှာ ထိုနေရာရောက်လာသည်။

(ဒေး ဦးရီးတော်ကတော်လိုက်တာ ပစ်တိုင်းအလည်တည့်တည့်ဘဲ)

(ဦးရီးတော်နဲ့ယှဉ်နိုင်တဲ့သူမရှိသေးဘူး host)

(ဇာတ်လိုက်ရောလား)

(ဟုတ်ပါတယ် ဦးရီးတော်နာမည်က
ကျန်မင်ထန် ပါ ဇာတ်လိုက်ကိုနိုင်တဲ့တစ်ဦးတည်းသောလူ ပြီးတော့လူပျိုကြီး)

(ဝိုး..မိုက်တယ် ဇာတ်လိုက်ကိုနိုင်တယ်ပေါ့ )

(ဟုတ်ပါတယ် ဦးရီးတော်ကို လူတိုင်းကြောက်
တယ် လက်ရှိမင်းကြီးရဲ့ ညီအငယ်ဆုံး အာဏာ
ပြင်းတယ်)

(ဒေး မင်းပြောကြည့် ငါသူနဲ့ယှဉ်နိုင်လား)

(System ကသင်ပေးတာတွေကပြိုင်ဘက်ကင်းပါ host)

သူနေရာကထပြီးလေးနဲ့မြှားကိုယူလိုက်သည်။
ချန်ထုက

"ချင်းဟွာ ဘာလုပ်မလို့လဲ ပစ်တတ်တာလဲမဟုတ်ဘဲနဲ့ လူထိကုန်မယ် "

ချန်ထုက စိတ်ပူသလိုလေသံပြောပေမယ့်
အရှက်ကွဲစေချင်တာ သိသာလှသည်။
ဘေးက စစ်သည်တွေကလဲ သူ့ကိုကြည့်လာ
တာကြောင့် ချင်းဟွာ ပြုံးကာ လေးတင်ပြီးသေချာချိန်ပစ်လိုက်တော့သည်။

"ဝိုးး"

အောက်ကဦးရီးတော် မင်ထန် နဲ့ အိမ်ရှေ့စံ
ရှောင်မန်ပါ စင်ပေါ်ကိုမော့ကြည့်လာသည်။
ဘာကြောင့်လဲဆိုရင်တော့ ဦးရီးတော် ပစ်ထား
လို့အလည်တည့်တည့်စိုက်နေတဲ့ မြှားဟာ
ချင်းဟွာ မြှားချက်ကြောင့်ထပ်ပိုင်းကွဲသွားလို့ပင်။
ကျန်မင်ထန် လဲ မြှားချကာ စင်အပေါ်တက်လာ
လိုက်သည်။

"ဦးရီးတော်ကိုဂါရဝပြုပါတယ် ကျတော်က
ပိုင်ချင်းဟွာပါ "

"ပိုင်သခင်လေး ဘဲ အိမ်ရှေ့စံနဲ့ မကြာခင်
စေ့စပ်မယ့်သူမလား "

ထိုချိန် ချန်ထုကမျက်နှာရဲရဲလေးနဲ့ပြောလာ
သည်။

"မင်္ဂလာပါ ဦးရီးတော် ကျတော်က ဆောင်ချန်ထု
ပါ "

System ဒေး (Completed)Where stories live. Discover now