part6.7(end)

17.6K 1.6K 44
                                    

တစ်လအကြာ

ကားလေးပေါ်တွင်ဖွင့်ထားသောရေဒီယိုကလာနေတဲ့သီချင်းသံဟာ ဝမ်းနည်းစရာကောင်း
နေသည်။ဟော့ရန်တစ်ယောက် အုပ်ဂူဖြူ
လေးရှေ့တွင်ရပ်ပြီး...

"နောက်ဘဝကျရင် ချစ်တဲ့သူနဲ့ပေါင်းနိုင်ပါစေ
အနားမှာနေပြီးချစ်ပေးခဲ့ပေမယ့် သတိမထား
မိခဲ့လို့တောင်းပန်ပါတယ် "
.
.
.
.
"Baby အေးတယ်လေ အနွေးထည်ယူမသွားဘူး"

"အင်း daddy ခုဘဲ ပြန်လာတော့မလို့ "

"ဒါဆိုသွားကြမယ် လင်းမော့တို့မင်္ဂလာပွဲမမှီ
ဘဲနေမယ် "

အုပ်ဂူဖြူလေးတွင် မိုအန်းချီ အသက် ၁၉...

——

လွန်ခဲ့တဲ့တစ်လက

ဟော့ရန်တို့ဆေးရုံရောက်တော့ daddyက
ခွဲခဲခန်းတန်းဝင်ရသည်

"အီးဟီး...daddy မသေရဘူး"

လင်းမော့ကဘေးကနေထိုင်ကာ

"သူမသေပါဘူး သူကမင်းစီပြန်လာမှာ"

"အင့်..တောင်းပန်ပါတယ် အရုပ်လေး"

"ငါခွင့်လွတ်တာမို့ မတောင်းပန်နဲ့ တစ်ခါတစ်လေအချစ်ကဝေးဝေးရှာစရာမလိုဘူးလေး
သူကမင်းကိုအရမ်းချစ်တာ ငါ့ကိုလာတွေ့ပြီး
မင်းနားမှာနေပေးဖို့တောင်းဆိုတယ် ငါကမေးလိုက်တယ်ခများကရောလို့လေ သူဘာပြောလဲသိလား"

"....."

"မင်းပျော်ရင်သူရင်ကွဲခံရလဲ ကျေနပ်ပါတယ်တဲ့"

ဟော့ရန် မျက်ရည်ဟာအိခနဲကျလာခဲ့သည်
လင်းမော့က ဟော့ရန် ကိုဖက်ပြီးနှစ်သိမ့်ပေး
လိုက်သည်

"အဟမ်း..အသေးလေး ဆေးထည့်ရမယ်လာ"

"အင်း..ဟော့ရန် လာမင်းပါ ဆေးထည့်ရမယ် "

ချိုဝမ်အားခွဲစိတ်ပြီးလို့လူနာခန်းပြောင်းတော့
ဟော့ရန်ကဘေးမှာထိုင်ကာ ငိုနေသည်။

*မေ့နေခဲ့တာခများကို ကျတော့ဘေးမှာတစ်ချိန်
လုံးရှိနေပေးတာ*

တစ်ပတ်ကြာမှ daddyကသတိရလာခဲ့သည်

"D. .Daddy သတိရပြီး daddy သတိရပြီး"

ဟော့ရန်ဖိနပ်တောင်မပါဘဲ အပြင်ကိုပြေး
ထွက်သွားသည်။ခေါင်းရင်းက လူခေါ်ခလုပ်လေးကိုမေ့လျက်ပေါ့...

System ဒေး (Completed)Unde poveștirile trăiesc. Descoperă acum