part3.4

20.3K 1.8K 76
                                    

နောက်တစ်မေ့မနက်တွင်...

"ဦးစောင့်ရတာကြာသွားလား"

"မကြာပါဘူး တက်လေ သွားကြမယ် "

သူတို့ ကျောင်းကိုထွက်လာလိုက်ပြီး
ကျောင်းရှေ့ရောက်တော့ချာဝန်က...

"အသေးလေး morning kiss ပေးအုံး"

"ပြွတ်..ရပြီးလား "

"ဟားဟား အားတွေပြည့်သွားတာဘဲ ညနေ
ကို လာကြိုမယ် "

"မလာနဲ့တော့ ကျတော် အချိန်ပိုင်းအလုပ်ရှိ
တယ် "

"မလုပ်နဲ့တော့လေ မင်းလေးရဲ့ချစ်သူက ဘောစိ
ပါကွ"

"မနေ့ကမှချစ်သူဖြစ်တာလေ ဦးရဲ့ ကျတော်
တို့က ဆိုင်ဘဲဆိုင်ကြသေးတာ မပိုင်သေးဘူး"

"ဒါဆိုအမြန်ဆုံး ပိုင်အောင်လုပ်ရမယ် "

"လူဆိုးကြီး....ကျတော်သွားပြီးနော် "

"အင်း..ဂရုစိုက်နော် "

"ဟုတ် "

ဟီဂျင်း ကျောင်းထဲဝင်တော့ ဇာတ်လိုက်မက
ကြည့်နေတာကြောင့် သူလဲဂရုမစိုက်ဘဲ
ဇာတ်လိုက်မကိုကျော်ပြီး အခန်းဘက်ကို
ထွက်လာလိုက်သည်။

ဟာအွန်းတစ်ယောက် သူကျောင်းရှေ့မှာ တစ်နိုင်ငံလုံးမှ ၂စီးထဲရှိတဲ့ကားပေါ်ကဆင်းလာတဲ့
ဟီဂျင်းကြောင့်မျက်မှောင်ကုတ်သွားသည်။

*သူကဘာလို့ဒီကားစီးလာတာလဲ မဟုတ်မှ အဲ့ကားပိုင်ရှင်နဲ့က...*

"ဟာအွန်း"

"အော် ဟီယောင်း ရောက်လာပြီးလား"

"အင်း ဘာကြည့်နေတာလဲ"

"အော် ခုနကလေ ဟီဂျင်း ဈေးကြီးကားပေါ်
ကဆင်းလာတာတွေ့လို့ "

"စပွန်ဆာနေမှာပေါ့ "

"ဟုတ်မယ် ဒါနဲ့ပိုက်ဆံဘယ်တော့ရမှာလဲ "

"ညနေအဖေ့စီသွားမယ်လေ ဒါနဲ့ ဘာလို့
အဲ့လောက်လိုတာလဲ"

"လုပ်ငန်းထဲထည့်ဖို့ပါ အဆင်ပြေတာနဲ့ပေး
မယ်လေ နော် "

"ကောင်းပါပြီးဗျာ "

*လွယ်လိုက်တာ ဟက် *

နေ့လည်ကန်တင်းတွင်ဟီဂျင်းတစ်ယောက်ထဲ
ထိုင်နေတဲ့စားပွဲကို ဟီယောင်းနဲ့ဟာအွန်း
ရောက်လာသည်။

System ဒေး (Completed)Where stories live. Discover now