"မနက်စောစောစီးစီး ဘာတွေ အရူးထနေပြန်ပြီလဲ"
ကျောင်းချီမှာ သူ့လက်ငါးချောင်းကို ဆန့်ထုတ်ပြီး ကျန်းတာ့တျောင်းမျက်နှာကို အုပ်လိုက်ကာ သူ့ခေါင်းကြီးကိုတွန်းထုတ်လိုက်သည်။
မနေ့ညက သူ အင်မတန် စိမ်ပြေနပြေအိပ်ခဲ့မိ၍ ကျောင်းချီ၏ ပိုးသား ညအိပ်အင်္ကျီမှာ ဖရိုဖရဲဖြစ်နေကာ ကြယ်သီးတစ်ချို့ပြုတ်နေသည်။ သူလက်မြှောက်လိုက်ချိန် ထိုညဝတ်အင်္ကျီမှာ မတော်တဆလျှောကျသွားခဲ့တော့သည်။
"သေစမ်း!"
ကျန်းချန်ဖေး အော်ဟစ်မိသွားလုနီးပါးဖြစ်ပြီး အိပ်ရာပေါ်ကနေခုန်ထွက်လိုက်သည်။ လှောင်အိမ်ထဲက ခွေးတစ်ကောင်ပမာ သူက ထပ်တလဲလဲ ဝိုင်းကြီးပတ်ပတ်လျှောက်နေလေသည်။
"တစ်ခြားတစ်ယောက်ရဲ့အိပ်ရာထဲ တက်လာတာမျိုးက မင်းတကယ်အရှက်တရားမသိတာပဲ!""ငါ့ကိုယ်ပိုင်အိပ်ရာထက် တခြားအိပ်ရာမှာအိပ်ရတာ အခက်လေးနည်းနည်းရှိသွားရုံကို"
အစားထိုးလေး၏ မျက်နှာမှာ အပြစ်ကင်းစင်သည့်ပုံဖြစ်နေသည်။"ဟာ...ဟာ့၊ မင်းပြောတာ ငါယုံမယ်ထင်နေလား! အရမ်းကောင်းတယ်၊ ဒါမင်းတောင်းဆိုတာနော်!"
ကျောင်းချီသည် စာအုပ်ထဲမှာဇာတ်ညွှန်းဖြစ်သော ပေါက်တတ်ကရ စကားများကို တုံ့ပြန်လိုစိတ်မရှိတော့ပေ။ ထို့ကြောင့် သူ့ ရှုပ်ပွနေသော ဆံပင်များကို ဖွာကာ မျက်နှာသစ်သွားတိုက်ရန် အိပ်ရာကထရန် ပြင်လိုက်သည်။ သို့သော်ငြား သူခြေတစ်လှမ်းတောင် မရွရေ့သေး ခေါင်းအုံးပျော့ပုံကြီးထဲ သူ့လောင်ကုန်း၏ ပြန်ပစ်တင်ခြင်းခံလိုက်ရတော့သည်။
လဲကျသွားပြီးနောက် သူသည် စောင်ပုံထဲသို့ သားရဲတစ်ကောင်၏ ဆွဲယူခြင်းခံလိုက်ရရှာတော့သည်။
"ခင်ဗျား ကျောင်းယန်အတွက် စင်စင်ကြယ်ကြယ် မနေချင်တော့ဘူးလား"
"မင်း သူ့နာမည်ကိုပြောခွင့်မရှိဘူးလို့ ငါမင်းကိုဘယ်နှစ်ကြိမ်ပြောရမလဲ! မင်း အခေါင်းမမြင်ခင်ထိ မျက်ရည်တကယ်ကျမှာမဟုတ်ဘူးပဲ! ဒီနေ့တော့ ငါမင်းကိုသင်ခန်းစာပေးမှ ဖြစ်တော့မယ်!"
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...
၁၀ ။ အစားထိုးခ်စ္သူ(၂)
Start from the beginning