အခန်း(၂၂)

Start from the beginning
                                    

"နွယ် တို့မနက်ဖြန်ခရီးမလား"

" ဟုတ်တယ် ၊ နွယ့်ကို လိုက်ပို့ပေးလို့ရလား"

"လူစုမှာက နွယ်တို့ကျောင်းထဲဘဲမဟုတ်ဘူးလား"

"ဟုတ်တယ် ၊အဆောင်ကနေ ကျောင်းထိ ကိုလိုက်မပို့တော့ဘူးလား ၊ သုံးရက်ကြီးများတောင်မတွေ့ရမှာကို"

"ဒေါာနေနွယ်"

"ရှင့်"

လိုချင်လျှင် စိတ်လိုလက်ရ ထူးတတ်သော အသံဖြစ်တာကြောင့် ကျွန်တော့်မှာ နွယ့်ကို ဆူဖို့ စိတ်လျှော့ရတော့သည်။ ကိုယ့်ချစ်သူမပါဘဲ ခရီးထွက်မည်ကို လိုက်ပို့ခိုင်းနေသော ချစ်သူကို မိမိမှာဆူရခက် ရယ်ပါ။

"နွယ်တို့က ည၇နာရီ သွားကြမှာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ ကိုရဲ့"

"အဆောင်ပိတ်ပြီလေ"

"ကိုလိုက်ပို့ချင်ရင် ဘယ်လိုနည်းဘဲဖြစ်ဖြစ်ရပါတယ်"

ဒါဘဲလေ။ နွယ်တို့က ချုပ်ပြီလေ။ နွယ်ပြောသည်ကလဲ မှန်သည်။ အရင်က နွယ့်ကို မုန့်သွားပို့ချင်ရင် အဆောင်ပိတ်ခါနီးလဲ သွားပို့တာပင်ဖြစ်သည်။

"နွယ် ၊ အခုတခေါက် ကိစ္စမှာ ကို နည်းနည်းမှာကြည်ဖြူတာမဟုတ်ဘူးနော်"

"အာ့တော့ ကိုက လိုက်မပို့ဘူးပေါ့"

"ဒီနေ့ကို့ ကို စိတ်ကောက်တဲ့သူတွေများတာဘဲ ဟူး...."

သဝန်တိုမလားဆိုပြီး ပြောလိုက်မိပေမယ့် နွယ့်စကားကြောင့် နင်သွားရသည်။

"ဇေယျာမလား"

"နွယ်... ဘယ်လိုသိလဲ"

"ကို့မှာ နွယ့်အပြင်ရင်းနှီးတဲ့ သူ ဘယ်နှစ်ယောက်ရှိလို့လဲ"

"ကို့မှာ ရှိပါတယ်နော်"

"ဟုတ်လား အာ့လူတွေက ကို့ကိုစိတ်ဆိုးရလောက်ထိ ကိုနဲ့ရင်နှီးလို့လား"

ဒါတော့မှန်သည်။

"ထားပါ၊ အခုဇေယျာနဲ့ကောအဆင်ပြေသွားပြီလား"

"ပြေပြီ၊ ကို လုပ်လိုက်တာ သူခါးနာသွားတယ်"

"ကိုက ဘာလုပ်လိုက်လို့ သူခါးနာသွားတာလဲ"

"ကို သူ့ကို တွန်းလိုက်တာ ခုံစောင်းနဲ့ထိသွားတာ ၊ နွယ်နော် ဘာတွေတွေးနေလဲ"

နွယ်ဟာ အခုနောက်ပိုင်း အရင်ကနဲ့မတူလာတော့ပေ။ အတွေးတွေမှောင်မိုက်လာသည်။ နွယ်တစ်ယောက် ဘာကားတွေများကြည့်နေသလဲ။

"နွယ်မတွေးပါဘူး ကိုရဲ့"

"ကို သိတယ်နော်"

"အခု ဆေးလိမ်းပေးပြီးပြီလား"

"ပြီးပြီ"

"စကားကောင်းနေတာနဲ့ နောက်ကျနေပြီ ၊အိပ်တော့ကို၊ မနက်ဖြန် လိုက်ပို့ရမယ် ဒါဘဲ"

"မသိဘူးကွာ"

"မသိလို့မရဘူး၊ ချစ်တယ် အာဘွား ဒါဘဲ ကို
နွယ်အိပ်တော့မယ်"

"အင်းကိုလဲ ချစ်တယ်"

ဟုဆိုကာ ဖုန်းချလိုက်တော့သည်။သက်ပြင်းရှည် တစ်ချက်ကို ချကာ မနက်ဖြန် ကျရင် အဆောင်မှူကို ကလီကမာ လာရပေးအုံးမည်။

#အားလုံးဘဲဂရုစိုက်ကြပါနော် D dayကြေငြာလိုက်ပြီမို့ ပန်းတိုင်ကနီးလာပါပြီ
Fighting 💪👊💪 အဆက်အသွယ်မပြတ်ခင်ထိ အိုင်ရင်းတင်ပေးပါမယ်

Candy CrushWhere stories live. Discover now