Arc4-5

1.6K 168 1
                                    

Zဤအိမ်သို့ရောက်သည်မှာတစ်လပင်ရှိချေပြီ.....။
သို့သော်လည်းဇာတ်လိုက်မ၏အကြောင်းအားမဖေါ်နိုင်သေးချေ....။
ထိုအရာသည်မိမိ၏ missionထဲတွင်မပါသော်လည်း....
မိမိခန္ဓာကိုယ်ပိုင်ရှင်အားလိမ်ညာကားမိခင်ဖြစ်သူကိုပင်သေစေခဲ့သောသူမအား နာကျင်စေချင်မိသည်.....။

ဇာတ်လိုက်မသည်ဇာတ်လမ်းထဲတွင်မည်မျှပင်တော်တတ်နေစေကာမူ...သူမဘဝအတွက်အရေးကြီးသည်မှာငွေသာ....။
ငွေနှင့်ပတ်သက်၍သူမအားအရူးကဲ့သို့ဖြစ်စေသွားသည်....။
ဇာတ်လိုက်နှင့်လက်ထပ်ပြီးနောက်မကြာမီပင်...
ဇာတ်လိုက်၏ဘဝသည်လုံးဝဆုတ်ပျက်ခဲ့ရသည်....။

ဆေးရုံးတွင်ချောက်ချခံရကာရာထူးကထုတ်ပယ်ခံရသူမို့...
ဇာတ်လိုက်မသည်ဇာတ်လိုက်ဆီမှဖယ်ခွာခဲ့သည်....။
သို့သော်လည်းဇာတ်လိုက်ပြန်အောင်မြင်လာချိန်တွင်တော့..
ဇာတ်လိုက်မသည်သေဆုံးခါနီးဖြစ်နေချေပြီ.....။
သို့သော်လည်းဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့သည်ဇာတ်သိမ်းတွင်ပေါင်းရစမြဲပေမို့....ဇာတ်လိုက်မ၏ဘဝနောက်ဆုံးချိန်ထိသူမ၏ဘေးတွင်စောင့်ရှောက်နေခဲ့လေသည်......။

မူလဇာတ်ကြောင်းတွင်...သူမသည်မည်မျှပင်ဇာတ်လိုက်ကိုရွေးချယ်စေခဲ့ကာမူ...
ဤအချိန်တွင်သူမသည်
ဒုတယဇာတ်လိုက်၏အိမ်တွင်သာရှိနေရပေမည်ဖြစ်သော်လည်း...
ဇာတ်လိုက်အိမ်သို့ရောက်နေခြင်း......။

ဒုတယဇာတ်လိုက်၏အချစ်ကိုသူ၏အိမ်၌ထိုသူ၏အလုပ်ကိစ္စများလုပ်၍သူမအားသနားစေကာ...
ချစ်ကြိုက်စေခြင်း....။

ဤဇာတ်ကြောင်းသည်မူလဇာတ်ကြောငိးနှင့်အတော်ကြီးသွေဖယ်လွန်းလှနေသည်......။

" ခင်ဗျား..သွားစရာရှိလို့လား..."

အနောက်တိုင်းဝတ်စုံအားအပြည့်ဝတ်ထားကာကားပေါ်က်ရန်ပြည်နေသည်မို့Zမေးလိုက်သည်....။

ဟုတ်သည်မိမိယနေ့တွေ့ရသည့်ဒုတယဇာတ်လိုက်သည်အနည်းငယ်ထူးခြားနေသည်.....။

အကြောင်းအရာအားမဖော်နိုင်သော်လည်းစိမ်းသက်လှသည်...။
ထို့ကြောင့်ထိုသူအပြင်သွားမည်ဆိုပါကမိမိသိလိုသည်ကိုရှာဖွေနိုင်သည်......။

Devil system (Unicode)Dove le storie prendono vita. Scoprilo ora