Arc1-6

2.8K 310 4
                                    

သတိမေ့နေသောထိုလူသားကောင်လေးအား...ပွေ့ချီလာ၍ကုတင်ပေါ်သို့ဖြေးညှည်းစွာတင်ပေးလိုက်သည်.........။

ယခုမှသတိထားမိသောထိုလူသားကောင်လေးအား......စိုက်ကြည့်မိတော့......အပြစ်ကင်းလွန်းလှသောမျက်နှာကိုပိုင်ဆိုင်ထားသည်........။

တစ်ခါတစ်လေ အိပ်မက်မက်နေသယောင်တွန့်ချိုးသွားတတ်သောမျက်ခုံးလေးနှစ်တန်းကလဲလှပလွန်းသည်..........။တည်ကြည်လွန်းလှသည့်မျက်နှာလေးကသူ၏ခန့်ညားမှုကိုဖော်ပြနေသယောင်..........။

မည်သူမည်ဝါမှန်းမသိရသေးသော်ထိုကောင်လေးအားအတန်ကြာငေးမောစိုက်ကြည့်ပြီးမှDeကိုမေးရန်သတိရလာသည်......။

[De.....သူကဘယ်သူလဲသိလား...]

[အခုရှာပေးပါမယ်host..]

Deကိုထိုကောင်လေးအကြောင်းရှာခိုင်းနေတုန်း.....ညီမဖြစ်သူ၏ခေါ်သံကြောင့်.......

" ကိုကို "

" Sani...လာလေ.."

အနားကိုရောက်သည်နှင့်မိမိကုတင်ပေါ်တွင်တွေ့လိုက်ရောသတိမေ့မျောနေသောထိုကောင်လေးအားကြည့်ကာ.....

" သူကဘယ်သူလဲကိုကို.....?"

"ကိုကိုလဲသေချာတော့မသိဘူးညီမလေးရဲ့......ကိုကိုသားကောင်ရှာရင်းတောကောင်တစ်ကောင်ရဲ့တိုက်ခိုက်ခံရတာတွေ့လို့ခေါ်လာတာ.."

မိမိစကားကိုခေါင်းလေးငြိမ့်ကာနားထောင်နေသောသူမ......ပုံပြင်ကိုနားထောင်နေသောကလေးမသဖွယ်......။

" သူလဲနားပါစေအုံး.....သတိရမှပဲလာကြည့်တော့မယ်......ဒါနဲ့ဒီနေ့ကိုကိုဘာစားပြီးပြီလဲ.."

" မစားရသေးဘူး...ဒီနေ့အသားလေးနဲ့စားချင်တာ...လူကယ်ရတာနဲ့တိုးသွားလို့..."

" ဟာ...အတော်ပဲ...ညီမလေးလဲဒီနေ့ဂျီမိထားလို့....ကိုကို့အတွက်လုပ်ပေးမယ်.."

" omm...ဒါဆိုသွားရအောင်လေသူလဲနားပါစေ."

Royanတို့အခန်းမှထွက်သွားသည်နှင့်မျက်လုံးဖွင့်ကာပြုံးလာသောထိုလူသား........။

" ရိုးလိုက်တာ.."

ထို့နောက်ပြန်မှိတ်ကျသွားသောမျက်ဝန်းတို့ကြောင့်သတိထားမိသူမည်သူမှရှိမနေချေ..............။

Devil system (Unicode)Where stories live. Discover now