Arc3-6

2.3K 201 0
                                    

ဟန်ရွယ်လက်ထဲမှကျောက်စိမ်းပြားလေးအားတစ်လှည့်ရှေ့မှဇာတ်လိုက်အားတစ်လှည့်ကြည့်၍.......

" ဒါက..."

" မှတ်မိလားအားရွယ်..ဒါကိုယ်ငယ်ငယ်ကမင်းကိုပေးခဲ့တာလေ..."

" ဟင်.......ဘယ်တုန်းက"

ဟန်ရွယ်မည်သည်မျှမမှတ်မိချေ.......။မိမိ၏မူလမှတ်ဉာဏ်ထဲတွင်ရှိမနေသည့်မှတ်ဉာဏ်တစ်ခု.......။

' ဘာတွေလာပြောနေတာလဲမသိဘူး...သူပေးခဲ့တာမှန်ရင်ဒီခန္ဓာကိုယ်ထဲမှာအဲ့မှတ်ဉာဏ်ရှိမနေရတာလဲ..'

" အရှင်မင်းကြီးတစ်ခုခုအထင်မှားနေတယ်ထင်ပါတယ်...ကျွန်တော်မျိုးက...မင်းကြီးကိုအခုမှမြင်ဖူးရုံပါ..."

ဟန်ရွယ်၏စကားအားနားထောင်ပြီးနောက်မင်ဝမ်၏စိတ်ထဲတွင်တော့မရေရာမှုများစွာ............။

" အချိန်လဲလင့်နေပြီဖြစ်လို့...သွားရအောင်ပါ.."

ဟန်ရွယ်မိမိအသက်လဲအသေမခံနိုင်၍စကားတို့အားဖြတ်ချလိုက်လေသည်.......။

တော်ကြာစိတ်ဆိုး၍မင်းမိန့်ဆိုပြီးသတ်လိုက်မှဖြင့်.....။

**********************

လရောင်ဆမ်းနေသည့်ဇီးပင်ကြီး၏အောက်တွင်ထိုင်နေသည့်သူတစ်ယောက်..........။

ထိုသူမှာဤဇာတ်လမ်း၏ဇာတ်လိုက်မင်ဝမ်ပင်.......။

မင်ဝမ်ယနေ့ဟန်ရွယ်ပြောသည့်စကားများကိုတွေးရင်းအလိုမကျမှုတို့ကကြီးစိုးလျက်.......။

' လိုတာထက်ပိုဆိုးလာတာပဲ....ဒီအတိုင်းလွှတ်မထားသင့်တော့ဘူး....ငါတန်ဖိုးထားရတဲ့အရာတွေကိုပဲအပိုင်ယူချင်နေတာဘာသဘောလဲ'

*********************

( )ဆောင်ကြာမြိုင်..........

" လျန့်ပိုင်ရှင်းရဲ့သတင်းကိုရပါပြီ.....သူဒီတလောအမတ်ချုပ်ကြီးရဲ့အိမ်တော်ဘက်မှာခြေရှုပ်နေတယ်ကြားတယ်..."

" အင်း....မင်းလဲဒီကိစ္စတွေပြီးရင်အေးဆေးနေလို့ရပါပြီဟွာယောင်း....မဆိုင်တဲ့ကိစ္စကြောင့်မင်းကိုစိတ်အနှောက်အယှက်ပေးမိတယ်.."

" ဟွာယောင်းအဲ့လိုမထင်ရပါဘူး....ဒီတစ်သက်မင်းကြီးရဲ့ကျေးဇူးတွေကဟွာယောင်းရဲ့အသက်နဲ့ဆပ်တောင်မကုန်နိုင်ပါဘူး....ဒီအသက်ဆိုတာလည်းမင်းကြီးပေးထားတဲ့အသက်ပါ..."

Devil system (Unicode)Where stories live. Discover now