Arc3-10

1.8K 206 0
                                    

ဟန်ရွယ်အိပ်ရာမှနိုးလာခဲ့သည်....။
သို့သော်လည်း..အမြင်တို့ကဝေဝါးနေဆဲဖြစ်ကာ...မိမိမမြင်ဖူးသောနေရာတစ်ခု.....။

မိမိစိတ်ထဲတွင်တော့ဇာတ်လမ်းပြီး၍spaceသို့ပြန်ရောက်နေပြီဟုထင်နေသော်လည်း....

လှပသည့်အခန်းတွင်းအပြင်အဆင်နှင့်မိမိယခုအိပ်နေသောနေရာသည်လည်း...spaceထဲမှမြက်ခင်းပြင်ကြီးဟုတ်မနေချေ......။

" ငါ ဘယ်ရောက်နေတာလဲ.."

ဟန်ရွယ်ဌိုင်ရန်ပြင်လိုက်ချိန်ကြားလိုက်ရသည့်ခြေသံတစ်စုံကြောင့်အိပ်ပျော်ချင်ယောင်ပြန်ဆောင်လိုက်၏.........။

မျက်လုံးအစုံမှိတ်ထား၍မည်သူမည်ဝါမှန်းမသိသော်လည်း....ခုံပေါ်သို့တစ်စုံတစ်ခုတင်ခဲ့ကာပြန်ထွက်သာသည့်သူကြောင့်မျက်လုံးကိုဖွင့်လိုက်သည်......။

တွေ့လိုက်ရသည့်ကဆေးခွက်ပင်ဖြစ်သည်.....။

ဟန်ရွယ်မိမိဤနေရာသို့ရောက်နေရသည့်အကြောင်းအရင်းကိုတော့မသိချေ.....။မိမိမှတ်မိသည်က...( ) ဆောင်ကြာမြိုင်ကိုသွားသည်....။
အပြန်တွင်မိမိအားလုံးကိုမေ့သွားခဲ့ပြီ.....။

' ဘာဖြစ်ခဲ့တာလဲ´

ထို့နောက်ပြန်ဝင်လာသည့်လူတစ်ဦး......။

" သတိရလာပြီလား."

" ခင်ဗျား ဘယ်သူလဲ"

ဟန်ရွယ်အသံမာမာဖြင့်သာမေးလိုက်သည်.....။ကြောက်ရွံနေပါလျင်ထိုလူအတွက်နိုင်ကွက်ပေးသလို့ဖစ်နိုင်သည်မဟုတ်ပါလား.....။
ထိုလူ၏အပြင်အဆင်သည်ခန့်ညားလှသည်...အသက်အရွယ်ရဆိုလျင်သုံးဆယ်ကျော်ဝန်းကျင်တွင်ရှိနေသည်.....။
ထို့ပြင်....မျက်ဝန်း....ဟုတ်သည်...ဤမျက်ဝန်းတို့သည်....။
ဘာကြောင့်မသိ...ရင်းနှီးနေသောထိုမျက်ဝန်းတို.။
မိမိနှင့်တုူလွန်းလှသည့်ထိုလူ၏မျက်ဝန်းပြာတို့....။

" လျန့်ရှန်း."
တိုတိုတုတ်တုတ်သာနှုတ်ဆက်လာသည့်ထိုလူ......။
" ခင်ဗျား...ကျုပ်ကိုဘာလို့ဖမ်းထားတာလဲ.."

" ဟား..ဟား..ဟား..ဖမ်းတယ်..ဟူတ်လား..ငါသာအခုလိုခေါ်မလာရင်မင်းသေတာကြာပြီ..."

" ကျုပ်ကဘာဖြစ်လို့.."

နောက်မှဟန်ရွယ်၏ဦးခေါင်းထဲဝင်လာသည်က....
'သခင်လေး ..သုံးဆောင်ပါအုံး..´

Devil system (Unicode)Where stories live. Discover now