Arc3-final

2.1K 214 0
                                    

နေမင်းကြီးသည်အနောက်ယွန်းယွန်းသို့တိမ်းစောင်းနေလေပြီ......။

တောင်တန်းလေးများသည်လည်းနေမင်း၏အလင်းေရောင်အားဖုန်းကွယ်ပေး၍အိပ်မောချတော့မည့်အလား..အိပ်တန်းပြန်မည့်ငှက်ကလေးများဟာဆိုရင်လည်းတေးသီချင်းသံသာဆိုညီးနေကြသည်.........။

ကောင်ကင်ယံတွင်လည်းတွိနီတောက်နေ၍အလွန့်ကိုလှပနေသည်.....။
သို့သော်လည်း..ထိုသဘာဝ၏အလှကိုဆန့်ကျင့်ကာအပြိုင်လှပနေသည်သူတစ်ဦးသည်လည်း...ကြေးမုံလေး၏ရှေ့တွင်ထိုင်နေလေသည်......။

အားမရှိတော့၍နွမ်းလျနေသော်လည်း.....ထိုသူ၏အလှအပတို့သည်ပျက်ယွင်းသွားခြင်းအလျင်းမရှိချေ......။

နူးညံ့လွန်းလှ၍လေတိုက်သည်ကိုတောင်မခံနိုင်တော့သည့်ပန်းတစ်ပွင့်နှယ်.........။

ဟန်ရွယ်မှန်ထဲမှမိမိကိုယ်ကိုကြည့်၍အားမရတော့ချေ......။

တကယ်ဆိုလျင်မိမိ၏တကယ့်ဘဝမှန်သည်မည်သည့်ပုံစံဟူ၍မသိရသေးပါသော်လည်း....မိမိအတွေးမမှားလျင်အရာရာကိုလျင်မြန်စွာလုပ်ကိုင်တတ်သူတစ်ဦးသာဖြစ်ပေမည်........။

ဝန်ရွယ်မျက်လုံးကိုသာမှိတ်ထားလိုက်သည်....။မဟုတ်လျှင်ယခုကဲ့သို့အားပျော့လွန်းသည့်မိမိကိုယ်ကိုုကြည့်၍အဆုံးစီရင်လိုက်နိုင်သည်........။

ထို့နောက်လေထဲတွင်မြောက်သွားသည့်မိမိကိုယ်လေး......။
သို့သော်လည်းမျက်လုံးကိုတော့မဖွင့်သေးချေ.....။မိမိခံစားမိသည်ကတစ်စုံတစ်ဦး၏ရင်ခွင်နွေးနွေးလေးထဲတွင်ပင်......။

ထို့နောက်မိမိ၏မျက်ဝန်းလေးပေါ်သို့ကျရောက်လာသည့်ထိုလူ၏နှုတခမ်းပါးလေး.....။

..ယခုအချိန်ဆိုမိမိသိပါသည်....ထိုသူမှာဤဇာတ်လမ်း၏ဇာတ်လိုက်ဤကမ္ဘာ၏သားတော်မင်ဝမ်သာ......။

" ကိုယ် မင်း ကိုလာခေါ်တာ.."

" ကျွန်တော်လျှောက်နိုင်ပါတယ်.."

" ဟင့်အင်း.. ..အခုကစပြီး.မင်းကကိုယ့်အပိုင်မို့မြေကြီးကိုတောင်မင်းရဲ့အသားအရေကိုထိခွင့်မပေးဘူး........."

' ဒါတော့ခင်ဗျားပိုသွားပြီး.ဇာတ်လိုက်ကောင်...မြေကြီးပေါ်မှာမလျှောက်လို့ခင်ဗျားပထွေးကိုယ်ပေါ်တက်လျှောက်ရမှာလား..´

Devil system (Unicode)Waar verhalen tot leven komen. Ontdek het nu