Arc2-8

2.6K 272 1
                                    

Oat Car Showroom ထဲသို့ဝင်သွားသည့်အသက်သုံးဆယ်အရွယ်လူတစ်ယောက်.....အသက်သုံးဆယ်ဆိုသော်လည်း......နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ကဲ့သို့နုနယ်သည့်အသားအရေ......။

အညိုရောင်မျက်ဝန်းတို့နှင့်ထိုလူ........။

ထို့ပြင်အညိုရောင်ဆံပင်တို့ကသုံးဆယ်ဆိုသောအရွယ်အားဖုံးကွယ်ထားပေးနေသယောင်........။

Showroomထဲဝင်လိုက်သည်နှင့်......ဝန်ထမ်းမလေး၏ကြိုဆိုသံ..............။

" ဘာလိုချင်လို့ပါလဲရှင့််"

" ကားတစ်ချက်လောက်ကြည့်ချင်လို့ပါ.....လူငယ်စတိုင်ပုံစံလေးပြပေးပါ.."

" ဟုတ်ကဲ့...ဒီဘက်ကိုကြွပါလူကြီးမင်း.."

ဝန်ထမ်းမလေးနောက်လိုက်သွားသည်နှင့်တွေ့လိုက်ရသည့်ကားတစ်စီး...........။

အနီရောင်ကာလာနှင့်ဘေးနားတွင်ပုံဖော်ထားသည့်အနက်ရောင်ကနုတ်တို့ကလူငယ်ဆန်လွန်းလှသည့်ပုံ.........။

" ဒီကားလေးလိုချင်တယ်.."

" ဟုတ်ကဲ့....ဒါဆိုဒီဘက်ကိုကြွပါရှင့်.."

အရောင်းစင်တာရှေ့ရောက်သည်နှင့်.......ထိုဝန်ထမ်းမလေးအား...Black card တစ်ခုအားထုတ်ပေးလိုက်သည်.......။

ဒီကားကိုအိမ်ကိုပဲပို့ပေးပါ....ဒါပေမဲ့ဒီနေ့မဟုတ်ဘူး...မနက်ဖြန်မနက်စောစောလိုချင်တယ်....

" ဟုတ်ကဲ့လူကြီးမင်း..."

အနက်ရောင်suitနှင့်မိုးပြာရောင်နက်ခ်ကတိုင်တို့ကသူ၏တည်ကြည်မှုကိုပေါ်လွှင်အောင်.....ဖန်တီးပေးနေသည်.......။

ရှေ့မှစမတ်ကျလွန်းလှသည့်ထိုလူကြီးအား......ဝန်ထမ်းမလေးအားလုံး၏စိတ်ထဲတွင်ပိုင်ဆိုင်ချင်လိုစိတ်အပြည့်ရှိနေကြ၏်.......။

ထိုအကြည့်တို့အားသိသော်လည်း.......မသိချင်ယောင်ဆောင်ကာထွက်လာလိုက်၏.........။

*****************************************

' တီ..တီ..တီ.´

ခြံရှေ့မှကြားရသည့်ကားသံကြောင့်အပေါ်ထပ်မှပြေးဆင်းလာသည့်...

ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်.......။

အနက်ရောင်ဘောင်းဘီကိုမိုးပြာရောင်..hoddieလေးနှင့်တွဲဝတ်ထားလေသည်.......။

Devil system (Unicode)Where stories live. Discover now