Arc3-9

1.9K 209 0
                                    

" အမေ...နေကောင်းရဲ့လား..အဆင်ပြေလား..."

လောင်ဖူးရန်သတိရရချင်းမြင်လိုက်ရသည့်သားဖြစ်သူ၏မျက်နှာကြောင့်စိတ်ချမ်းသားသော်လည်း...မိမိဘေးတွင်ရပ်နေသည့်အမတ်ချုပ်ကြီး၏မျက်နှာကိုမြင်ရ၍စိတ်မကျေနပ်ဖြစ်မိပြန်၏.........။

သားဖြစ်သူအားငယ်မည်ဆိုး၍ဖခင်မရှိတော့သည့်အကြောင်း...မိမိဘေးမှထိုလူအားရွယ်ယုံကြည်လွန်းသောတောင့်တလွန်းနေသည့်မေတ္တာတို့၏ပိုင်ရှင်သည်လူလိမ်တစ်ဦးဟူ၍သာပြောချင်သော်လည်း....နာကျငိသွားမည်သားဖြစ်သူ၏အမူအရာအားစိုးရိမ်လွန်းလှသောကြောင့်မပြောဖြစ်ခဲ့ချေ.......။

ထို့အတွက်ကြောင့်နာကျင်သောမျက်ရည်စတို့ကပါးထက်တွင်စီးကျလျက်.........။

" အမေ..ဘာဖြစ်လို့လဲ...တစ်နေရာရာနာနေလို့လား..."

" မဟုတ်ပါဘူး...မေမေအဆင်ပြေပါတယ်..သားကိုဘေးမှာတွေ့လိုက်ရလို့.."

ဟန်ရွယ်အစကအကြောင်းအရင်းအစုံအားပြောပြမည်ဟုထင်၍မေးနေသော်လည်းအဆုံးထိငြင်းဆန်နေသည့်မိခင်ဖြစ်သူကြောင့်ရပ်တန့်လိုက်သည်........။

ထို့နောက်မိမိယခုမှသတိထားမိချေသည်.....။

' အဖေကဘာလို့အကြာကြီးအဲ့အတိုင်းရပ်နေတာလဲ....စကားလဲမပြောဘူး..´

" အဖေ..အမေနဲ့စကားပြောလိုက်ပါအုံး.."

ဟန်ရွယ်အတတ်နိုင်ဆုံးထိုလူတွေနားမှထွက်ခွာလာလိုက်သည်...။

" ဒီကမ္ဘာကရှုပ်ယှက်ခတ်နေတာပဲ..ဒီနေ့အပြင်လေးဘာလေးထွက်ပြီးစုံစမ်းကြည့်ရအုံးမယ်.."

***************************

ဟန်ရွယ်ထွက်သွားပြီးနောက်အခန်းထဲတွင်ကျန်ခဲ့သည်ကလောင်ဖူးရန်နှင့်အမတ်ချုပ်ကြီးဟန်.......။

ဟန်ရွယ်ထ၌်သွားသည်နှင့်လောင်ဖုူးရန်မိမိဘေးမှထိုလူအားမျက်နှာချင်းမဆိုင်ချင်၍အကြည့်လွှဲလေ၏.......။

" အားပင်း...စိတ်မဆိုးပါနဲ့တော့....စိတ်ဆိုးနေလို့လဲမင်းတတ်နိုင်တာမရှိဘူး...."

" ရှင်..ရှင်.."

" ကိုယ်ပြောတာစိတ်အေးအေးနဲ့နားထောင်ကြည့်ပါအုံး....အားရွယ်နဲ့ဆိုင်တဲ့ကိစ္စပါ...."

Devil system (Unicode)Where stories live. Discover now