Arc1-1

7K 451 0
                                    

ကူးပြောင်းသောအသံကြားသည်နှင့်မျက်လုံးအစုံကအမှောင်ကျသွားသည်...

ထို့နောက်...ဦးခေါင်းမှစူးခနဲနာကျင်မှုကိုပါခံစားလိုက်ရသည်....
Systemကူးပြောင်းခြင်းကဤကဲ့သို့နာကျင်မှုမျိုးတွေးပင်မကြည့်ခဲ့ဖူးပါ.......

"Royan.....မင်းဒီကိစ္စကိုဘယ်လိုဖြေရှင်းချက်ပေးမှာလဲ..."

မျက်လုံးဖွင့်လိုက်သည်နှင့်မြင်လိုက်ရသောလူတစ်စု...အတိအကျပြောရလျှင်တော့၂၀ကျော်ဝန်းကျင်ပင်..ထိုအထဲမှRoyanဟု၍မေးသောလူတစ်ယောက်ကတော့အားလုံးထဲတွင်အသက်အကြီးဆုံးပုံပေါက်သည်...။

သြဇာအာဏာအရှိဆုံးဖြစ်ပုံရသည်...အခန်းထဲတွင်ရှိသောလူအားလုံး၏အထက်အမြင့်ဆုံးခုံပေါ်တွင်နေရာယူကာ..မေးနေလေသည်...ဟုတ်ပါသည်...မိမိအထင်မှန်လျှင်ဤနေရာသည်တရားစစ်ဆေးရာနေရာဖြစ်သည်..။

စစ်မေးခံနေရသူမှာတစ်ခြားလူမဟုတ်မိမိဝင်ရောက်နေရသောခန္ဓာကိုယ်ပင်ဖြစ်သည်...။

ဒါဆိုထိုလူ၏အမည်မှာRoyanဖြစ်သည်..စစ်မေးခံနေရသည့်အကြောင်းကိုတော့မသိသေးချေ...မူလပိုင်ရှင်သာသိပေမည်..။

အခန်းထဲမှလူမျသံသယဝင်မည်စိုး၍အေးဆေးသာနေလိုက်သည်...မျက်နှာတွင်တော့စိတ်ပျက်ခြင်းအမှုအရာကိုလဲမပြ..။

[De...ဒီနေရာကဘယ်နေရာလဲ...အချက်အလက်တွေပေးတော့လေ..ငါကဘာပြန်ဖြေရမှာလဲ..]

[အခုတော့ပြောလို့မရသေးပါဘူး...host...သူတို့မေးသမျှမဖြေပါနဲ့...အလွဲတွေဖြစ်သွားနိုင်လို့..အခုတော့ငြိမ်နေပေးပါ..hostမဖြေသေးရင်သူတို့ဘာမှလုပ်လို့မရပါဘူး..အားလုံးပြီးရင်အချက်အလက်တွေလွှဲပေးပါမယ်]

De၏ပြောစကားကြောင့်မသိချင်ယောင်သာဆက်ဆောင်ထားလိုက်လေသည်...ထိုအခါမှဘေးတွင်နေရာယူနေကြသောလူအုပ်ကြားထဲမှတစ်ယောက်ဆီကစကားသံကြားလာရလေသည်...။

"Royan မင်းဘယ်အချိန်ထိလိမ်ဖို့စဉ်းစားနေတာလဲ..အခုမင်းရဲ့ဉာဏ်နီဉာဏ်နက်တွေကထွက်မလာတော့တာလား"

" Orchat ငြိမ်ငြိမ်နေပါ..."

ရှေ့မှတရားသူကြီးလို့ထင်ရတဲ့လူတစ်ယောက်ကထပြောလာလေသည်...ထိုအခါမှOrchatဟူသောလူကမကြည်မသာနှင့်ပြန်ထိုင်သွားလေသည်...။

Devil system (Unicode)Where stories live. Discover now