" တီ..တီ"
ခြံရှေ့မှကားဟွန်းသံနှင့်အတူ....ဝင်လာသောကားတစ်စီး........။
Rio....။
ကလေးမွေးစားရန်ဟုဆိုကာထွက်သွားသောRio....ကလေးတစ်ဦးတစ်လေမှမပါပဲ....တစ်ဦးတည်းသာပြန်လာလေသည်....မိမိစိတ်ထင်တော့....ဟိုရောက်မှကလေးတွေကိုတွေ့၍စိတ်ပြောင်းသွားပုံရသည်........။
" ကလေးမွေးစားဖို့ဆို...မခေါ်လာဘူးလားကွဲ့..."
Rioအားအပေါက်ဝမှဆီးကြိုးမေးလာသည့်Uncle Pol.......။
" နောက်နေ့ထပ်သွားမှာအန်ကယ်လေး"
" ဟေ.!!!"
မမွေးစားပဲလက်လျော့လာသည်ဟုထင်ကာမေးမိသော်လည်း....ထပ်သွားမည်ဟုူသောRioကြောင့်မိမိနားပင်မယုံနိုင်ဖြစ်ခဲ့ရသည်....။
" မနက်အလုပ်မသွားဘူးလားRio"
" အလုပ်ထက်စိတ်ဝင်စားစရာတွေ့ထားလို့....ဟီး..."
ဘုရားရေ!မိမိနားကြားမိသည်လား....ဆွေမျိုးတို့၏အကျင့်ယုတ်မှုကြောင့်အလုပ်နှင့်ငွေဆိုဦးစားပေးလာသည့်.....Rio၏စိတ်ဝင်စားမှုအားမည်သည့်အရာကစိတ်ဝင်စားလာစေသနည်း......သို့သော်လည်းထိုအရာအားမိမိမြင်ဖူးချင်မိသည်.....။
ထို့နောက်မိမိအတွေးထဲဝင်လာသည်က.......
' Rioကောင်မလေးများတွေ့နေလား..´
ဒါလည်းမဖြစ်နိုင်......ရင်ခုန်တတ်စဆယ်ကျော်သက်အရွယ်လေးတည်းကမိန်းကလေးများကိုအရေးမစိုက်တတ်သောသူက...မိန်းကလေးကိစ္စတော့မဖြစ်နိုင်သည်မှာအသေအချာ......။
Rio၏အတွေးတို့အားမလိုက်နိုင်သည့်အဆုံးPolတစ်ယောက်သက်ပြင်းချ၍သာအလုပ်လုပ်နေလိုက်တော့သည်.......။
Rioတို့မိဘများရှိစဉ်တည်းကဒီအိမ်ကြီးအပေါ်သစ္စာရှိကာအလုပ်လုပ်ပေးနေသောမိမိအဖို့Rioကအလုပ်မလုပ်ခိုင်းချင်၍အလုပ်သမားများခေါ်ပေးထားသော်လည်း.....Rioနှင့်ဆိုင်သောကိစ္စများအားမိမိကိုယ်တိုင်ပဲလုပ်ပေးချင်သည်.....။
*****************************************
Rio ...Uncleအားနှုတ်ဆက်ပြီးသည်နှင့်အခန်းထဲဝင်လာလိုက်သည်.....။
YOU ARE READING
Devil system (Unicode)
Science FictionဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေးဖို့ဒါပေမဲ့လဲအခုဖတ်နေတဲ့သူတွေကရရောကုန်မှာဆိုးလို့ပါ ဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေ...
