နောက်တော့ထိုကြာပန်းပွင့်ဖတ်များကိုမိမိကတစ်စဆီချွေနေမှာမို့.....။
'ဆက်သရုက်ဆောင်ထားဇာတ်လိုက်မရေ...´
ထို့နောက်ထိုအခန်းငယ်လေးအတွင်းမှလူနှစ်ဦး၏အတွေးများကိုတော့ထိုသူများမှအပမသိနိုင်ပေ.......။
(လိမ်တာ..ငါသိတာကိုများ..😒....သာသာလေအစကArcကိုများများလေးရေးချင်တယ်..ဒါပေမဲ့အရေးအသားမကောင်းတော့လျှော့ရေးတာပါ..သာသာကိုယ်တိုင်ကစာဖတ်သူပဲမို့..အရေးအသားမကောင်းရင်သာသာလဲမကြိုက်ဘူးလေ..😞)
***************************
Zဇာတ်လိုက်ဆီမှပြန်လာပြီးနောက်ခြေလှမ်းတို့သည်ဒုတိယဇာတ်လိုက်ဆီသို့သာ....။
မှန်ပေသည်..အခုဆိုလျှင်ဒုတိယဇာတ်လိုက်ကပင်ဇာတ်လိုက်မအားသဘောကျနေလေပြီ.....။
သို့ပေသည့်တိုင်သူမအားကယ်ပြီးသည့်နေ့မှစ၍ယနေ့ထိသွားမတွေ့
သေးချေ....။
ဇာတ်လိုက်အရဆိုလျှင်ကယ်ပြီးတစ်ပတ်ကြာတော့ဇာတ်လိုက်မသတိရလာသည့်....။
ထို့နောက်ဇာတ်လိုက်မဆီသို့သွားတွေ့ခဲ့သည်....။
ယခုတွင်တော့သွားတွေ့ဖို့နေနေသာသာအရိပ်အယောင်ပင်ထွက်မလာသေးချေ.....။
ဒါဆိုလျှင်ဇာတ်လိုက်မ၏ထောက်တိုင်ဖြစ်လာနိုင်သည့်ဒုတိယဇာတ်လိုက်အားမိမိ၏ထောက်တိုင်ဖြစ်စေမည်......။
'တီ...တောင်..´
Zခြံရှေ့မှဘဲလ်ကိုတီးလိုက်သည်.....။
ထို့နောက်ထွက်လာသည့်လူသုံးဦး....အနောက်တိုင်းဝတ်စုံတို့အားအပြည့်ဝတ်ထားလေသည်....။
'ဒီလောက်ပူနေတာကိုသူတို့မို့မပူနိုင်..´
' ဘာကိစ္စလဲ.´
ထိုလူသုံးဦးထဲမှခပ်ဝဝလူတစ်ဦးမှဆိုခြင်း.....။
Zထိုလူ၏အမေးတို့အား....
" ကျွန်တော်ဒီကသူဠေးနဲ့တွေ့ချင်လို့ပါ.."
" ဆရာ့ကိုရှာတာလား...ဆရာကလူတိုင်းကိုပေးမတွေ့ဘူး...မင်းဘာလိုချင်လို့လဲ..."
" ဟို...Rim..အဲ...သူကယ်လာဖူးတဲ့ကောင်မလေးရဲ့အသိလို့ပြောပေးပါ.."
ထိုအခါမှတစ်ခုခုကိုသိသွားဟန်လင်းလက်သွားသည့်ထိုလူတစ်စု၏မျက်ဝန်းတို့.......။
မိမိစကားကိုကြားပြီးနောက်ထိုလူတွေထဲမှတစ်ဦးသည်အိမ်ထဲသို့ဝင်သွားလေသည်...ကျန်နှစ်ဦးသည်တော့မိမိအားစောင့်ကြည့်နေဆဲ.....။
" Hey,Black...သူ့ကိုခေါ်ခဲ့လိုက်.."
ယခင်ကအိမ်ထဲဝင်သွားသည့်သူဆီမှထွက်လာသည့်အသံ.....။
Zအိမ်ထဲသိုရောက်သည့်အခါတွေ့လိုက်ရသည်ကမိမိအားကျောပေးထားသည့်လူတစ်ဦး....။
ထိုသူသည်လည်းအခြားသူများကဲ့သို့အနောက်တိုင်းဝတ်စုံကိုဝတ်ထားသော်လည်း....တစ်ဦးတည်းတောက်ပနေလေသည်.....။
" မင်းငါ့ကိုတွေ့ချင်ရတဲ့အကြောင်းအရင်းကဘာလဲ..."
ယခုထိတိုင်မိမိရှေ့လှည့်မလာသည့်သူ...။
" ကျွန်တော်...တကယ်တော့ခင်ဗျားခေါ်လာတာကကျွန်တော့်ညီမပါ..အဲ့ဒါသူ့ကိုပြန်လာခေါ်တာ..ဒါပေမဲ့သူကအခုမေ့နေတော့ပြန်လိုက်ဖို့ကိုငြင်းဆန်နေတယ်..ဒါကြောင့်သူသတိရလာတဲ့အချိန်ဖြစ်ဖြစ်ကျွန်တော့်ကိုဒီမှာပေးနေလို့ရမလား...ကျွန်တော်..ကျွန်တော်အလုပ်အကုန်မှန်သမျှလုပ်ပေးပါမယ်...."
" အဲ့လိုလား...ဟုတ်ပြီလေ..နေလို့ရတယ်....Black..သူ့ကိုအခန်းထဲပို့ပေးလိုက်.."
Zထိုနေရာမှထွက်ခွာသွားသည့်အချိန်တစ်ဖက်လှည့်လာသည့်ထိုသူ..။
တစ်စုံတစ်ခုအားမိမိ၏မျက်ဝန်းထဲမှပျောက်သွားမည်ကိုစိုးသည့်နှယ်Zသွားရာဆီသို့ပါသွားသည့်ထိုသူ၏အကြည့်တို့.....။
အညိုရောင်မျက်ဝန်းတို့ကကြည်လင်လှသည်....။ထိုမျက်ဝန်းထဲတွင်တစ်စုံတစ်ခုအားလွမ်းဆွတ်နေလေသည်.....။
ထိုလွမ်းဆွတ်မှု၏အဖြေကိုတော့Rမိမိကိုယ်တိုင်ပင်မသိနေချေ.....။
သို့သော်လည်းတစ်ခုခုကသူ့အားချုပ်နှောင်ထားသည်ကိုခံစားနေရလေသည်......။
*******************************
တစ်ဖက်တွင်တော့မှောင်မိုက်လှသည့်အခန်းထဲတွင်အမှောင်ရိပ်ကိုခိုကာထိုင်နေသူတစ်ဦး.......။
စားပွဲတင်မီးအိမ်မှိန်ပြပြလေးအားထွန်းထားသော်လည်း...ထိုသူ၏အလှတို့ကအမှောင်ယံတွင်တောက်ပနေသည့်ပို့စုန်းကြူးတစ်ကောင်ကဲ့သို့ပင်......။
" အား....!!!!!!!.."
Rimမိမိရှေ့တွင်ရှိသမျှပစ္စည်းစတို့အားရိုက်ခွဲလိုက်သည်.......။
ထို့နောက်ကျကွဲသွားသည့်ပန်းအိုးလေးမှအိုးကွဲအားကောက်၍လက်မှသွေးလွှတ်ကြောဆီသို့......။
" ငါခံစားရတဲ့နာကျင်မှုအတွက်နင်ဒါနဲ့ပဲတန်တယ်Z..."
ထိုအခန်းလေးတွင်တော့လဲကျသွားသည့်မိန်းကလေးတစ်ဦးနှင့်လက်ပျံကြောမှသွေးစတို့.......။
(A/N: ကဲဇာတ်လိုက်မတော့ဘာကြံအုံးမလဲမသိဘူးနော်😗😗)
YOU ARE READING
Devil system (Unicode)
Science FictionဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေးဖို့ဒါပေမဲ့လဲအခုဖတ်နေတဲ့သူတွေကရရောကုန်မှာဆိုးလို့ပါ ဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေ...
Arc4-3
Start from the beginning
