ဘေးဘီကိုကြည့်မိတော့....ထိုကောင်လေးအား...မျက်ရည်များနဲ့စောင့်ကြည့်နေသောမိန်းမချောတစ်ဦးလဲရှိနေသည်....

နှုတ်မှတော့..'သား´ဟူသောတစ်ခွန်းသာ....။

ထိုကောင်လေးသည်မည်သူတစ်ဦးတစ်ယောက်၏စကားကိုမှနားမထောင်ပဲအိမ်ပေါ်ကဆင်းသွားလေသည်....နောက်မှလူတစ်ယောက်၏......ဒေါသထွက်ပြိံီးအော်နေသံနှင့်မိန်းမတစ်ယောက်၏နာကျင်စွာ'သား´ဟုခေါ်နေသံ........။

ထိုအချိန်မျက်ဝန်းထဲမှပုံရိပ်တို့ပျောက်ကွယ်သွားလေသည်.......။

[ဒါကhostအတွက်လူ့ဘဝကမှတ်ဉာဏ်တစ်ချို့ပါ....]

De၏အသံကြောင့်သာသူသည်Systemထဲတွင်သာရှိနေသေးကြောင်းဝန်ခံစေသည်.....။

ထိုနာကျည်းစရာမှတ်ဉာဏ်သည်မိမိ၏မှတ်ဉာဏ်ပေလား.......။

***************************************

[Host....နောက်ကမ္ဘာကိုကူးပြောင်းဖို့အတွက်စွမ်းအင်ရွေးချယ်ပါ..]

ခနအကြာမိမိအရှေ့ပေါ်လာသောနံပါတ်လေးသုံးခု....

၁.Hacking....
၂.အချက်အပြုတ်စွမ်းရည်...
၃.ဟန်ဆောင်ခြင်း....

အရှေ့ကလူ့ဘဝကမှတ်ဉာဏ်အားမေ့ထားလိုက်သည်....နောက်အပိုင်းတွေသေချာအောင်မြင်အောင်လုပ်နိုင်လျှင်မိမိအတိတ်အားပိုမိုသိုလာစေနိုင်သောကြောင့်တစ်စိတ်တစ်ဒေသမှတ်ဉာဏ်လေးအားတွေဝေမနေတော့......။

ထို့နောက်စွမ်းအားတစ်ခုအားရွေးချယ်လိုက်လေသည်.....

[2!!]

လွှဲပြောင်းမှုပြီးစီး......

[ နောက်ကမ္ဘာကကိုသွားဖို့အဆင့်ဖြစ်ဖြစ်ပါပြီလား ]

[Ready]

နောက်ကမ္ဘာသို့ကူးပြောင်းနေပါသည်......

နောက်ကမ္ဘာကိုကူးပြောင်းခြင်းသည်ဤမျှနာကျင်ပေသည်လား....
စူး၍အောင့်လာသောရင်ဘတ်အားဖိနှိပ်ကာမျက်လုံးကိုပိတ်လိုက်သည်.....နာကျင်နေပါသော်လည်း....Jackဆိုသောကောင်လေးကပို၍နာကျင်နေမည်လား........။

အတွေးတို့မဆုံးခင်....ဆူညံသံတစ်ချို့တို့ကနားထဲဝင်လာသည်.....။
'ကလေးအသံတွေလား....´

မျက်လုံးကိုဖွင့်လိုက်သောအခါ.....မိမိရှေ့တွင်ရပ်နေသောမိန်းမတစ်ယောက်နှင့်ယောကျာၤးကြီးတစ်ယောက်.....။

အတိအတိပြောလျှင်တော့....ခရစ်ယာန်ဆရာနှင့်ဆရာမ......ဒါဆိုမိမိရောက်နေသည်ခရစ်ယာန်ကောင်လေး၏ကိုယ်ခန္ဓာလား...။

ထို့ပြင်ဘေးသို့ကြည့်လိုက်တော့တွေ့လိုက်ရသောကောင်လေးတစ်ယောက်.....သေလျာသည်က ကလေးတစ်ယောက်ပင်....မိမိအားမျက်လုံးဝိုင်းလေးဖြင့်စောင့်ကြည့်နေလေသည်......မျက်မှန်ဝိုင်းလေဖြင့်ထိုကောင်လေးကချစ်ရာအလွန်ကောင်းနေသည်......။

ထို့ပြင်ထိုကလေးကဘေးမှလူကြီးများအားကြည့်ကာဆိုလာသည်...။

"မာသာ...ဖာသာ....Sinသတိရလာပြီ...ငါ့ကိုမြင်ရလား"

ထိုကောင်လေးခေါ်လိုက်သည်က Sin...ဒါဆိုမိမိသည်Sinဆိုသောကောင်လေး၏ကိုယ်တွင်ဖြစ်သည်......အသက်၅နှစ်အရွယ်ကောင်လေးကSinဟုခေါ်သောမိမိသည်လည်းသူနှင့်ရွယ်တူပင်ဖြစ်ပေလိမ့်မည်..........။

မည်သူမှမရိပ်မိခင်...ခေါင်းငြိမ့်ပြလိုက်တော့မှ...စိတ်အေးသွားသည့်ပုံရသောသူများ.......။.

သေချာသည်ကတော့မိမိရောက်နေသည့်နေရာသည်ဆေးရုံးပင်ဖြစ်ပေလိမ့်မည်.......။

(A/N._နောက်Arcအတွက်အစပျိုးပေးထားတာပါ....သာသာဘယ်လိုပုံစံရေးမယ်ထင်ကြလဲဟင်...😁😁...မှန်းကြည့်ကြနော်😛)

Devil system (Unicode)Where stories live. Discover now