"အိမ်တော်ထိန်း! သူကဘာလို့ ကျွန်တော့်ကုတင်ပေါ်ရောက်နေတာလဲ! "
အပေါ်ထပ်မှ ထွက်ပေါ်လာသည့် ဗီလာစံအိမ်ရှင်၏ဒေါသသံက ခပ်မှိန်မှိန်လင်းနေသောဧည့်ခန်းတွင် သိသိသာသာပဲ့တင်ထပ်လာသည်။
"ဦးလေး၊ ပြန်မဖြေဘူးလား" အသစ်ရောက်လာသူမိန်းကလေးက အနည်းငယ်စိတ်မသက်မသာဖြင့် အိမ်တော်ထိန်းကိုမေးလိုက်သည်။
"ဒီတစ်ခါတော့ ငါနားလေးချင်ယောင်ဆောင်လိုက်တော့မယ်၊ ငါ့အသက်ကအိုနေပြီလေ၊ ဘာမှမကြားရဘူး"
အိမ်တော်ထိန်းက ရယ်ပြီး လှည့်ထွက်သွားသည်။ လူငယ်စုံတွဲ၏ ပျော်ရွှင်စရာကစားနည်းကို မစွက်ဖက်သင့်ပေ။အတန်ကြာပြီးသည့်တိုင်အောင် အိမ်တော်ထိန်းဆီမှ ပြန်ဖြေသံမလာပေ။ ဥက္ကဌလူကြီးမင်းမှာ ကုတင်ဆီသို့ ကြည့်လိုက်သည်။သူ၏သားကောင်မှာ အကျပ်အတည်းခံစားနေရပုံမပေါ်။ သူ နှာရှုံ့ပြီး ရေရွတ်လိုက်သည်။
"ကောင်းပြီလေ၊ မင်းအဲဒါကိုတောင်းဆိုမှတော့..."
ထို့နောက် သူ့အဝတ်အစားများကိုချွတ်လိုက်သည်။"ကျွီ..."
ရုတ်တရက် လူကောင်ကြီးတစ်ယောက်က ထွက်ပြေးလာသည့်လိပ်ပမာ ချည်းကပ်လာပြီး လူသားပိရမစ်ကဲ့သို့ ကျောင်းချီကိုတွန်းဖိချလိုက်သည်။ ဒီလုပ်ဆောင်ချက်ကြောင့် ရော်ဘာအရုပ်ကိုညှစ်နေသည့်အသံနှင့် ခပ်ဆင်ဆင်အသံထွက်လာလေသည်။သုံးရက်တာ ရင်းနှီးသောလုပ်ဆောင်မှုက ကျောင်းချီကို အင်မတန်ပင်ပန်းစေခဲ့ပြီး လွန်လွန်ကြူးကြူး အလုပ်လုပ်ခဲ့ရသောခါးမှာ တက်ကြွလှသည့်လှုပ်ရှားမှုများနှင့် နောက်ထပ်တစ်ညကို ခံနိုင်ရည်မရှိတော့သောကြောင့် လျင်မြန်စွာတစ်ဖက်သို့လှိမ့်သွားလိုက်သည်။
"ခဏ၊ ခဏစောင့်ဦး"
ကျောင်းချီက ထလိုက်ကာ သူ့လက်တစ်ဖက်ဖြင့် ကျန်းတာ့တျောင်း ကို တားပြီး ရှေ့ဘက်ဆက်တိုးမလာစေရန် တားဆီးလိုက်သည်။ "မင်းချစ်တဲ့လူက ငါမဟုတ်မှတော့ ငါ့ကိုထိရင် မင်းအပြစ်ရှိသလို မခံစားရဘူးလား "
![](https://img.wattpad.com/cover/270014457-288-k942134.jpg)
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...
၉ ။ အစားထိုးခ်စ္သူ(၂)
Start from the beginning