ယုချန်..ဒီအတောအတွင်းမှာအလုပ်လုပ်ရအဆင်ပြေမနေဘူး။
ဝမ့်ကိုပြေးတွေ့လို့ရှင်းပြလိုက်ချင်သေးပေမဲ့..ကိုယ်ကလည်းကိုယ့်ဒုက္ခနဲ့ကိုယ်..။
"ကိုကို..ကိုကို့!!"
"အင်..ဟင်..ဘာလဲ..ဘာလဲ"
"ဘာတွေတွေးနေတာလဲ..နေ့လည်စာသွားစားမယ်လို့ပြောနေတယ်လေ.."
အံကိုကြိတ်နေတဲ့အသံနဲ့မေးလာတဲ့သူ..။
ဟင့်အင်း..။ပြောနေတာဆို..ပိုမှန်မယ်။
နေ့လည်စာသွားစားမယ်...တဲ့။သွားစားကြမယ်တောင်မဟုနေဘူး။
ဖြစ်နိုင်ရင်..ယုချန်..သူ့အရှေ့ကလူကိုကုတ်ဆွဲပစ်ချင်နေတယ်။
"အဟွန်း..မဖြစ်နိုင်တာတွေစဥ်းစားမနေနဲ့ကိုကို..လာ..ထ.သွားမယ်"
သူ့အတွေးတွေအထိပါ..သိနေတဲ့ပုံမျိုးနဲ့။
တကယ်ကြီး..မုန်းစရာ။
သူ့လက်ကိုလာဆွဲလို့ထိုင်နေရာကထစေတယ်။
လာမဆွဲထူရင်တောင်..မထလို့မရဘူးဆိုတာ..ယုချန်..တပ်အပ်သိတယ်။
"ဟင်း..."
ယုချန်ကိုအရှေ့ကလျှောက်စေပီး..ထိုသူက..ယုချန့်ပုခုံးပေါ်အနောက်ကနေလက်နှစ်ဖက်ကိုတင်ရင်းလိုက်လာတယ်။
သူ..သူ့.နာမည်က..မုယွင်။
ကျိုးမုယွင်..။
"အင့်..ဘာလုပ်..ဖယ်လွှတ်.."
တင်ပါးကိုဆုပ်ညှစ်လာတာ..ကြမ်းကြမ်းတမ်းတမ်း။
တော်သေးတယ်..သူ့ရုံးခန်းထဲမှာပဲမို့လို့။
"အဟက်..သက်ပျင်းတွေချမနေနဲ့ကိုကို..မဟုရင်ဒီထက်ဆိုးမယ်..ပြွစ်.."
အဆုံးသတ်စကားမှာ..နှုတ်ခမ်းကိုငုံ့ကိုင်းလို့စွဲဆုပ်လာတယ်။
ဟူး...။
ရုံးရဲ့ကန်တင်းကိုသွားနေတဲ့လမ်းမှာ..ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့အစကိုပြန်တွေးမိတယ်။
...
.
"သား..ဒါက..ဒယ်ဒီ့မိတ်ဆွေရဲ့သား..မုယွင်..ကျိုးမုယွင်တဲ့..ဒီမှာလုပ်ငန်းသဘောကိုလေ့လာတဲ့အနေနဲ့..သားလက်ထောက်အနေနဲ့ဝင်ခိုင်းလာတာ..သားအဆင်ပြေတဲ့မဟုတ်လား"