ယုချန်ရဲ့အိမ်ကိုေရာက်တော့..ထမင်းစားခန်းမေးလို့.ရေသွားသောက်တဲ့ဝမ်က..သူ့အတွက်.ရေတစ်ခွက်.ယူလာပေးတယ်။
တစ်ယောက်တည်းနေတဲ့သူ့အတွက်...အိမ်ပြန်လာရင်တောင်..လူမှန်းသူမှန်းမသိချိန်မှပြန်လာတာများတာမို့..
ကြိုမဲ့သူမရှိသလို၊အခုလို..ရေခပ်လာပေးဖို့ဆိုတာ..ပိုလို့တောင်မဖြစ်နိုင်ပါဘူး။
အခု..သူ့အတွက်ဆိုပြီး..ရေတစ်ခွက်ယူလာပေးရုံနဲ့တင်..နွေးထွေးမှုဆိုတာကို..ခံစားမိလာစေတယ်။
ရေကို..သောက်ကြည့်တယ်။
ရေက..သူနေ့တိုင်း.သောက်ဖူးတာထက်ပိုလို့အေးမြနေတယ်။
ရေယူလာပေးသူက..ဝမ်ဖြစ်နေတာတစ်ကြောင်းပေါ့..။
"ဟင်..မျက်ရည်တွေ..ချန်.ချန်ကော..ဘာဖြစ်လို့လဲဟင်..
ရေက.ဘာဖြစ်လို့လဲ..ခုနက.ကျွန်တော်သောက်တာ.ကောင်း.ကောင်းပါတယ်.."
"အဟက်.."
သူ့ရဲ့ရယ်သံက.ခြောက်ကပ်ကပ်ထွက်လာတယ်။
ဟုတ်ပါရဲ့..မျက်ရည်.ကျမိနေတယ်။အရင်က..ဝမ်းနည်းစရာတွေဆက်တိုက်ကြုံခဲ့ရတာတောင်..
မျက်ရည်.တစ်စက်မှမကျခဲ့ဘူးတဲ့သူက...ရေတစ်ခွက်ကြောင့်..မျက်ရည်ကျတယ်တဲ့လား...။"ရေက.ကောင်းပါတယ်..ကိုယ်ပျော်လို့ပါ.."
"ဟင်..ပျော်လို့.."
"အင်း.ထားပါ..ဝမ်.သွားနားတော့လေ
ပင်ပန်းလာမှာပေါ့..""ဟုတ်ကဲ့.."
......
စိတ်ပြေလက်ပျောက်ဆိုတဲ့.စကားတစ်ခွန်းနဲ့..သူနဲချန်ကော..ဘားတစ်ခုမှာရောက်နေတယ်။
ပျိုးပင်လေးတွေကြားမှာ..ကြီးပြင်းလာလာတဲ့သူ့အတွက်..ဘားဆိုတဲ့နေရာက..တွေ့သမျှ၊ မြင်သမျှထူးဆန်းနေတယ်။
ပြိုးပြိုးပျက်ပျက်.အလင်းရောင်တွေနဲ့..သီချင်းသံတွေကြား..ထိကပ်၊ပူးကပ်လို့ကခုန်နေကြတဲ့လူတွေ။
ကောက်ကြောင်းလှလှပေါ်အောင်..လှစ်ဟဝစ်ဆင်ထားတဲ့.အဝတ်အစားတွေ။
မိန်းကလေးတွေထက်တောင်..လှတယ်လို့ပြောလို့ရတဲ့.ဖြူဖြူဉဉရင်ခွင်မှီအရပ်ရှိတဲ့.ကောင်ငယ်လေးတွေ။