အပိုင်း(8)Unicode+Zawgyi

2K 220 0
                                    

ရိပေါ်..အလုပ်ရတဲ့အနေနဲ့....သူတို့ရဲ့အစီအစဥ်က..ရုပ်ရှင်ကြည့်မယ်၊မြို့အနှံလျှောက်လည်လို့..စားကြသောက်ကြမယ်။

မနေ့ညက..သောက်ထားတဲ့..သူနဲ့ယုချန်ကြောင့်...ညမှာဘားကိုသွားဖို့အစီအစဉ်ကို..ရိပေါ်က..minusပြတယ်။

အချိန်ထက်ဆွဲမနေတော့ပဲ..နေ့လည်တစ်နာရီမှာပြမည့်...သရဲကားကိုပဲ..ဖုန်းနဲ့လက်မှတ်ကြိုဖြတ်ထားလိုက်တယ်။

ရုပ်ရှင်ရုံကိုရောက်သွားတဲ့အခါ..သူတို့သုံးယောက်စာ..မုန့်အလုံအလောက်ဝယ်လို့..ရုံထဲဝင်ခဲ့ကြတယ်။

ခုံကဘေးချင်းကပ်အစဥ်လိုက်ဖြတ်ထားတာမို့..သရဲကားဖြစ်တဲ့အတွက်ပါ...

ရှောင်းကျန့်က..သူ့အစီစဥ်နဲ့သူ..သရဲကြောက်တယ်ဟူသောအကြောင်းပြချက်နဲ့..ယုချန်နဲ့ရိပေါ်ရဲ့ကြားခုံမှာဝင်ထိုင်လိုက်တယ်။

ရှောင်းကျန့်က..တကယ်တော့...သရဲကိုကြောက်မနေဘူး။
အယုံအကြည်မရှိတာမျိုးတော့..မဟုတ်ပေမဲ့လို့..သူမကြောက်မိဘူး။

အရေးကြီးတာက...သူ....ရိပေါ်နဲ့ယုချန်ကို..ကပ်မထိုင်စေချင်..။

သူ့အကြံစည်နဲ့သူမို့...သဘောတကျအပြုံးကြီးကြီးနဲ့...ရှောင်းကျန့်က..ဇာတ်ကားကို..ဖြည်းဖြည်းအေးအေးစလို့ကြည့်တယ်။

ဇာတ်ကား..တစ်ဝက်မကျိုးခင်မှာတော့..အခုနကနဲ့လားလားမှမဆိုင်တဲ့ပုံစံနဲ့ရှောင်းကျန့်က..ချိုချဥ်လုစားခံလိုက်ရတဲ့ကလေးလိုဆူပုတ်ပုတ်မျက်နှာနဲ့... ။

ကြားထဲက..သူ့ကိုကျော်လို့..ယုချန်က..တစ်ဘူးဆီဝယ်လာတဲ့ပေါက်ပေါက်ဘူးကိုမေ့ပစ်လိုက်တဲ့ပုံနဲ့..ရိပေါ်ရဲ့ပေါက်ပေါက်ဘူးကိုလှမ်းလို့နှိုက်ယူတယ်....။

တစ်ခါ...နှစ်ခါ...သုံးခါ.................။

ရိပေါ်ကလည်း..ဘေးမှာရှိနေတဲ့သူ့လက်ကိုမကိုင်ပဲ...သရဲထွက်လာတဲ့အခါ..

ပေါက်ပေါက်နှိုက်ယူနေတဲ့..ယုချန်လက်ကို..ဆွဲယူဆုပ်ကိုင်ထားတယ်။

ရှောင်းကျန့်မျက်နှာ...မဲမှောင်နေပြီ။

သရဲကြောက်တယ်လို့...သူပြောထားတာကို...။

My lovely bad guy!!!(complete)Where stories live. Discover now