အပိုင်း(13)Unicode+Zawgyi

1.8K 208 2
                                    

ရေခဲမုန့်စားအပြီးမှာ..တစ်နေရာကို.သွားကြတဲ့ရိပေါ်နဲ့.ယုချန်​ကြောင့်...ရှောင်းကျန့်ပါ..အနောက်ကလိုက်သွားမိတယ်။

ရှောင်းကျန့်..သူ့ကိုယ်သူလည်း..စဥ်းစားမရဘူး။

အခုချိန်..ရိပေါ်တို့ဆီချက်ချင်းသွားရင်ရပါရက်နဲ့..ဘာလို့များ..အနောက်က.အသိမပေးဘဲလိုက်နေမိလဲဆိုတာ..။

"အား.စိတ်တိုလာပြီ..ယူလို့ရခါနီးမှ.."

အရုပ်ကောက်လို့မရလို့..စိတ်တိုနေတဲ့ဝမ်က..အကြည့်မလွှဲရက်အောင်ပါပဲ...။

သိပ်လှတယ်လို့..သူသာဆိုလိုက်မိရင်..ဝမ့်ရဲ့.လက်သီးစာမိနိုင်မလားပါပဲ။

အရုပ်ကောက်နေတဲ့အခါ..ရုပ်တည်တည်လေးနဲ့. မျက်ခုံးလေးတွေစုကျုံ့ထားပုံက..လက်နဲ့ဖြေဖြန်ပေးချင်မိစရာ။

အဝေးကနေတောင်..ရိပေါ်..အပေါ်..ယုချန်ရဲ့အကြည့်တွေကို..ရှောင်းကျန့်ရိပ်စားမိပါတယ်။

ကြည့်နေရင်းကနေ..စက်ခလုတ်ပေါ်က..ရိပေါ်ရဲ့လက်ပေါ်..ယုချန်ရဲ့လက်ရောက်သွားတဲ့အခါ...ရှောင်းကျန့်.ဒီအတိုင်းကြည့်မနေနိုင်တော့..။

"ယု ချန်..."

"အော..ကျန့်ကော..အခုနက..ကျန့်ကောကမေးလို့..နေရာကိုသာmessageပို့လိုက်တာ..
ကောမလာတော့ဘူးတောင်ထင်နေတာ..."

သူ့ကို..စကားသာပြောနေတဲ့..ယုချန်က..ရိပေါ်ရဲ့လက်ပေါ်က..မဖယ်သေး။

"ဟုတ်တယ်..ကိုယ်လည်းပျင်းလာတာနဲ့..

ဟိုတယောက်ကိုလည်း..တခါတည်းဖြတ်ခဲ့ပြီး..လာခဲ့လိုက်တာ."

တကယ်ဆို..ကောင်မလေးကိုဖြတ်ခဲ့တဲ့ကိစ္စကိုပြောပြစရာ.မလိုပေမဲ့..ရိပေါ်ဆီက..အာရုံကိုလိုချင်တာမို့...။

ရိပေါ်ကတော့..အရုပ်ကိုပဲ..ဆက်ကောက်လို့...သူပြောတာကို..ကြားမဲ့ပုံတောင်မပေါ်..။

"အား...ကောက်လို့မရဘူး..တွေ့မယ်..လာခဲ့."

ဝတ်ထားတဲ့..အပေါ်ထပ်လက်ရှည်အပွလေးကို..တံတောင်ဆစ်နားအထိ..ဆွဲတင်ရင်း..ရိပေါ်အရုပ်ဆက်ကောက်နေတယ်။

ဘေးက..ချန်ကောက..သူ့ကိုကြည့်လိုရယ်နေပြီမှန်း..လှည့်မကြည့်လည်း..ရိပေါ်သိတယ်။

My lovely bad guy!!!(complete)Where stories live. Discover now