အပိုင်း(17)Unicode+Zawgyi

1.8K 196 6
                                    

"ဆိုတော့..ကိုယ်က.ဝမ်နဲ့အတူတူ..ကျန့်ကောတို့ဆီလိုက်နေရမယ်ပေါ့.."

"          "

"လိုက်နေပါကွာ..ယုချန်ကို.ကောက.အကူညီတောင်းတာပါ..
ကောရဲ့မေမေကလည်း..ရိပေါ်ကိုကိုယ့်ကောင်လေးအနေနဲ့သင့်တော်၊မတော်ဆိုတာကို.လေ့လာယုံပဲမို့..တစ်လတောင်မကြာပါဘူး..

ရိပေါ်က.တစ်ယောက်ထဲဆိုအဆင်မပြေမှာစိုးလို့..ယုချန်ကို..ရိပေါ်ရဲ့ဝမ်းကွဲအကိုဆိုပီး.မေ့မေ့ကိုပေးသိရမှာမို့ပါ.."

ယုချန်ရဲ့အမေးကို..မျက်လွှာလေးချလို့အဖြေစကားပြန်မပြောတဲ့ရိပေါ်ကြောင့်..ရှောင်းကျန့်ကပဲကြားကနေထပ်လို့ရှင်းပြရတယ်။

ဘယ်လိုပဲဆိုစေဦးတော့အခုဖြစ်နေတဲ့ကိစ္စတွေက..ရှောင်းကျန့်ကပဲစခဲ့တာမဟုတ်ပါလား။

"ဟင်း..ကျွန်တော်ကူညီပါ့မယ်..ကျန့်ကော"

ကူညီမယ်ဆိုရပေမဲ့..ယုချန်.စိတ်ထဲတော့နေလို့မကောင်း။

ဟန်ဆောင်ရည်းစားဆိုပေမဲ့..ပွေ့တာ၊ဖက်တာတော့လုပ်ရမှာကျိန်းသေဆိုတာ..သိနေပြီးသား။

သို့ပေမဲ့လည်း..ကိုယ်ကကြားထဲကရှိနေသ၍တော့..အများကြီးဖြစ်လာနိုင်တဲ့အခြေအနေကို..နဲနဲပဲလျော့လျော့ဆိုတဲ့စိတ်နဲ့သာ။

ဝမ့်ကို..သူ..မထိရက်ပါလေ။

မိန်းကလေးတစ်ယောက်လိုမျိုး..မထိရက်တာမျိုးမဟုတ်တဲ့..မြတ်နိုးခြင်းအပြည့်နဲ့..ပဲ့ကြွေသွားမလားဆိုတဲ့စိတ်နဲ့..မထိရက်တာမျိူး။

"ကဲ..ဝမ်..ဒါဆိုလည်းထ..ကိုယ်.အဝတ်အစားတွေလိုတာလိုက်ထည့်ပေးမယ်"

.

အပေါ်ထပ်ကို..တက်သွားကြတဲ့.ယုချန်နဲ့..ရိပေါ်ကို...ရှောင်းကျန့်ကြည့်နေမိတယ်။

သူက.ယုချန်လိုမျိူးမထိရက်၊မကိုင်ရက်ဖြစ်နေမှာတော့..မဟုတ်ပါလေ။

ချစ်လွန်းလို့ရင်တွင်းကမမြိုသိပ်နိုင်တဲ့အခါ..အပြင်ကိုဖွင့်ဟပြုလုပ်တဲ့..အပြုအမူတွေမို့။

ချစ်လွန်းလို့သာ..ပွေ့ဖက်လို့ထားချင်တယ်၊ထွေးပွေ့လို့နမ်းရှိုက်ခွင့်တွေအထိရချင်ပါတယ်။

My lovely bad guy!!!(complete)Where stories live. Discover now