အပိုင်း(24)unicode+zawgyi

2.4K 190 4
                                    

အပြင်းအထန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခဲ့ပေမဲ့..နိုးထလာတဲ့ရှောင်းကျန့်ရဲ့မနက်ခင်းဟာ..အားမန်အပြည့်။

ညကအကြောင်းကိုတွေးမိတော့..မျက်နှာမှာကျေနပ်နေတဲ့အပြုံးတစ်ခုနဲ့။

" "!!!!!

"ရိပေါ်!!!ဝမ်ရိပေါ်!!"

လွတ်လပ်နေတဲ့အိပ်ယာခင်းနေရာကြောင့်..မျက်ဝန်းအကြည့်တို့ကစူးရဲသွားရတယ်။

နာမည်ကိုအသံခပ်ဆတ်ဆတ်နဲ့အော်ခေါ်တယ်။

ပြန်မထူး..။မကြားတာလား..။လူကိုယ်တိုင်ရှိမနေတာလား။

"ဒုန်း!!"

ရေချိုးခန်းတံခါးကိုဆွဲဖွင့်လို့ကြည့်တယ်။

"ဝမ်..."

နာမည်ကိုမခေါ်ရသေးခင်မှာပဲ
မြင်လိုက်ရတဲ့ရေချိုးခန်းကမှန်မျက်နှာပြင်မှာ..marger penနဲ့ရေးထားတဲ့စာလုံးအချို့...။

/လူ လိမ်ကြီး။

မနေ့ညကအရက်မသောက်ထားမှန်းသိတယ်။

လူညာ။

ကျွန်တော်..ခင်ဗျားကို..မချစ်တော့ဘူး။

ထွက်သွားပြီမို့ဘယ်ကိုမှလိုက်မရှာပါနဲ့။

ပုံ/ဝမ်ရိပေါ်///

"အဟက်...ချစ်စရာကောင်းလိုက်တာကွာ.."

ဟုတယ်။
ရှောင်းကျန့်အရက်သောက်မထားဘူး။
တစ်ကိုယ်လုံးကိုအရက်နဲ့စွတ်ဖြန်းရုံကလွဲသောက်ထားခြင်းမရှိ။

ဝမ်ရိပေါ်ကလေးရဲ့အရသာကိုသိရမှာမို့..သူ..အရက်သောက်စရာမလိုပါလေ။

နှုတ်ခမ်းချင်းဂဟေဆက်ကြတဲ့အချိန်..သူအရက်မသောက်ထားတာ..သိသွားတယ်ထင်ရဲ့။

တကယ်သာဆို...ရိပေါ်..သိသိ၊မသိသိ..ကိစ္စတော့မရှိ။

ဘယ်လိုဖြစ်စေ..ရှောင်းကျန့်က..လိုချင်တာကိုကအောင်ယူမှာမို့ပဲ။
..
.
.

စာကိုဖတ်လိုက်ပီးမှ..သက်မကိုအေးအေးချနိုင်တော့တယ်။

မနက်စောစောလူကိုချွေးပြန်အောင်လုပ်တယ်..ဝမ်ရိပေါ်က..။

ုစိတ်ကျေနပ်အောင်ခနတာတော့...လွှတ်ထားပေးလိုက်မယ်။

အစကတည်းက..ကိုယ့်အပိုင်ဖြစ်နေပီးသားမို့..။

My lovely bad guy!!!(complete)Where stories live. Discover now